D2 visa လျှောက်ဖို့ ဘာတွေပြင်ဆင်ထားသင့်လဲ ?

D2 visa နဲ့ join မယ်ဆိုရင်တော့ Korea နိုင်ငံရဲ့ ဘာသာစကား အရည်အချင်း အသိအမှတ်ပြုလက်မှတ် Topik 3 နဲ့ အထက် ရရှိပြီးသားသူဖြစ်ရပါမယ်။ Topik 3 ကနေစပြီး Topik Level အလိုက် Scholarships တွေလဲ ပေးတာတွေရှိပါတယ်။ အဓိကက Level 5, 6 ရှိရင် ပိုကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ Korea မှာ Major တက်ဖို့တန်း join တာဖြစ်တဲ့အတွက် ကိုယ်က ကိုရီးယား ဘာသာစကားမှာ အားနည်းနေရင် စာမလိုက်နိုင်တာ ဖြစ်နိုင်တဲ့အတွက် Level မြင့်ရင် ကိုယ့်အတွက် ပိုကောင်းပါတယ်။
D2 visa နဲ့ ဘယ်လောက်ထိ နေနိုင်လဲဆိုရင်တော့ မိမိ တက်တဲ့ မေဂျာပေါ်မူတည်ပြီး ၂နှစ်သင်ကျောင်းဆို ၂နှစ်၊ ရမှာဖြစ်ပြီး ၃နှစ်သင်မေဂျာဆို ၃နှစ်၊ ၄နှစ်သင်မေဂျာဆို ၄နှစ်ရမှာ ဖြစ်ပါတယ်။ ဗီဇာ သက်တမ်းအနေနဲ့ကတော့ ၁နှစ်စီ ရမှာဖြစ်ပြီး အလွယ်ပြောရရင် Semester ၂ဖြတ်စာ ဖြစ်ပါတယ်။ တနှစ်တခါပဲ သက်တမ်းတိုးရမှာဖြစ်လို့ D4 လောက်တော့ အလုပ်မရှုပ်တော့ပါဘူး။ D2 visaကတော့ March Intake နဲ့ Sept Intake နှစ်ခုပဲ Join လို့ရပါတယ်။
D2 visa လျှောက်မယ်ဆိုရင်တော့ ကျောင်းလျှောက်ရန် လိုအပ်သည့် အချက်များ
👉 Passport PV အမျိုးအစား
👉 လိုင်စင်ဓာတ်ပုံ ၄ ပုံ 3.5×4.5 cm ဓာတ်ပုံ (နောက်ခံအဖြူ)
👉 US $20,000 (သိန်း 650 – 700 mmk) နဲ့ညီမျှသော မြန်မာငွေပမာဏ ထည့်ထားသော Bank Certificate and Bank Statement
လိုအပ်သည့် စာရွက်စာတမ်းများ
🔺 ဆယ်တန်းအမှတ်စာရင်း/တက္ကသိုလ်နှစ်အလိုက် အမှတ်စာရင်း
🔺 ဆယ်တန်းအောင်လက်မှတ်
🔺 Other certificates (မိမိရွေးချယ်တဲ့ မေဂျာနဲ့ သက်ဆိုင်တဲ့ အရည်အချင်းပြ အောင်လက်မှတ်များ)
🔺 ကျောင်းပြီးထားသူဖြစ်ပါက ဘွဲ့(ဘွဲ့ကြို)လက်မှတ်
🔺 ကျောင်းသား/သူ မှတ်ပုံတင်
🔺 တက္ကသိုလ်နှစ်အလိုက် အမှတ်စာရင်း
🔺 မိသားစု သန်းခေါင်စာရင်း
🔺 မိဘမှတ်ပုံတင်
🔺 မွေးစာရင်း
🔺 လုပ်ငန်းလိုင်စင်
🔺 ၀င်ငွေထောက်ခံစာ + အခွန်ပြေစာ
D2 တန်း join မယ်ဆို D4 မှာ Visa booking ယူရသလို မယူရဘဲ ပိုမိုလွယ်ကူသွားပြီး ပြင်ဆင်ရမယ့် စာရွက်စာတမ်း အချက်အလက်တွေကတော့ အနည်းငယ်ပိုများသွားပါတယ်။

Korea မှာ ကျောင်းတက်ချင်လား MyanGoal Edu ဆီလာ🙋🏻‍♂️
ကျောင်းလျှောက်ဖို့အတွက် ဆွေးနွေးတိုင်ပင်လိုပါက ဖုန်းနံပါတ် ☎️ 09440094094 သို့ ဆက်သွယ်နိုင်သလို၊ လူကိုယ်တိုင်လာရောက် စုံစမ်းလိုပါက ရန်ကုန်ရုံးသို့ လာရောက်နိုင်တဲ့အပြင်၊ Korea ဘက်မှာလဲ ရုံးချုပ်ရှိနေတော့ ဘာလိုသေးလဲ ကိုယ့်လူတို့ရေ။ အသေးစိတ် ဆက်သွယ်မေးမြန်းလိုရင်
🇲🇲🏠Yangon Address – No(76) 4B, Bogyoke St, Bamar Aye Qtr, Dawbone Tsp, Yangon, Myanmar ☎️ (+95) 09-440094094
🇰🇷🏠 Korea Address – Siltu Officetel, 76 Gyesan-ro, Gyeyang-gu, Incheon, South Korea. ☎️ (+82) 010-24971478

#MyanGoalEdu #Education #Myanmar #Korea #D2visa #VisaSuccess


Latest