ဒီနေ့မှာလည်း Dongguk တက္ကသိုလ်နားမှာရှိတဲ့ နာမည်ကြီးလည်ပတ်စရာနေရာတွေက်ု ထပ်မံဖော်ပြလိုက်ပါတယ်။
5. Namsangol Hanok Village
နမ်ဆန်ဂိုဟန်နိုကျေးရွာ ( 남산골 한옥 마을 ) ကို လေ့လာကြည့်ပြီး ခေတ်ပေါ်ယဥ်ကျေးမှုကနေ ရိုးရာယဥ်ကျေးမှု အကြောင်းကို သိနိုင်ပါတယ်။ Hanok ဟာ ရှေးခေတ် ကိုရီးယားရွာ၏ တည်ဆောက်ပုံတွေကို တွေ့ရမှာဖြစ်ပြီး ရှေးယခင်က ကိုရီးယားလူနေမှုပုံစံကို ဖြတ်သန်းနိုင်တဲ့ ရိုးရာရွာတခု ဖြစ်ပါတယ်။ Dongguk University ကို တက်ရောက်မယ့် ကျောင်းသားတွေအနေနဲ့ ကိုရီးယားယဉ်ကျေးမှုအကြောင်း ပိုမိုလေ့လာဖို့ စိတ်ဝင်စားပါက ဝင်ကြေး အခမဲ့နဲ့ သွားရောက်လို့ ရပါတယ်။
6. Deoksugung နန်းတော်
ဂျိုဆွန်ခေတ် သာမန်ပြည်သူတွေရဲ့ဘဝအပြင် ဘုရင်တွေ ဘယ်လိုနေထိုင်ခဲ့တယ်ဆိုတာလည်း သိချင်ရင် ဆိုးလ်ရဲ့ ထိပ်တန်း တော်ဝင်နန်းတော်ငါးခုထဲက တစ်ခုဖြစ်တဲ့ Deoksugung ကို သွားရောက်လည်ပတ်သင့်ပါတယ်။ ဂျိုဆွန်ခေတ် Seonjo ဘုရင်ရဲ့ ယာယီနန်းတော် ဖြစ်ပါတယ်။ မနက် ၁၁ နာရီ ဒါမှမဟုတ် နေ့လည် ၂ နာရီမှာ ဒီနန်းတော်ကို သွားမယ်ဆိုရင် Daehanmun (ဂိတ်ရှေ့) မှာ တော်ဝင်အစောင့်တွေ အပြောင်းအလဲလုပ်တာကို တွေ့ရမှာဖြစ်ပြီး ခရီးသွားဧည့်သည်များစွာကြားမှာ အလွန်ရေပန်းစားပါတယ်။ နန်းတော်ရဲ့အပြင်ဘက်မှာ ကျောက်တွေနဲ့ ပြုလုပ်ထားတဲ့ လူသွားလမ်း တခုရှိပါတယ်။ Deoksugung Stonewall လူသွားလမ်းဟာ ဒဏ္ဍာရီတခုရှိပြီး ဒီလမ်းမှာ လျှောက်သွားသော စုံတွဲအားလုံး လမ်းခွဲရတတ်တယ်လို့ ဆိုထားပါတယ်။ အတွဲတွေတော့ ဒီလမ်းကို ရှောင်ပေါ့နော် ။ xD
7. Cheonggyecheon စမ်းချောင်းတလျှောက် လမ်းလျှောက်ကြည့်ပါ။
နန်းတော်ကနေ ခဏလောက် လမ်းလျှောက်ပြီး အပန်းဖြေအနားယူဖို့ Cheongyecheon စမ်းချောင်းတစ်လျှောက် လမ်းလျှောက်ဖို့ အကြံပြုလိုက်ပါတယ်။ Cheonggyecheon စမ်းချောင်းဟာ 0.84 ကီလိုမီတာ (6.74 မိုင်) ကွာဝေးသော စမ်းချောင်းတစ်ခုဖြစ်ပြီး ဆိုးလ်မြို့လယ်ကို ဖြတ်ပြီး ဟန်မြစ်ရဲ့ မြစ်လက်တက်ဖြစ်တဲ့ Jungnangcheon နဲ့ တွေ့ဆုံပြီး ပင်လယ်ဝါ ထဲသို့ စီးဝင်သွားပါတယ်။ ဒီဧရိယာဟာ ခရီးသွားအများအပြားကို ဆွဲဆောင်နိုင်ခဲ့ပြီး ခရစ္စမတ်ကာလနဲ့ ဗုဒ္ဓဘာသာပွဲတော်တွေမှာ ရောင်စုံမီးပုံးတွေနဲ့ အလှဆင်ထားလေ့ရှိပါတယ်။ K-drama တွေထဲမှာလဲ မကြာခဏ တွေ့ရပါတယ်။
8. Sindang-dong ရှိ teokbokki ကို မြည်းစမ်းကြည့်ပါ။
Dongguk တက္ကသိုလ်နားတဝိုက် လျှောက်လည်ပတ်ရင် ဗိုက်ဆာလာပြီးဆိုရင်တော့ Sindang-dong ရှိ teokbokki ကို မြည်းစမ်းကြည့်သင့်ပါတယ်။ “Tteokbokki Town” (Tteokbokki မြို့နယ်) ဆိုပြီး နာမည်ကြီးတဲ့နေရာဟာ Sindang ဘူတာအနီးမှာ တည်ရှိပြီး ဒီနေရာက စားသောက်ဆိုင်တိုင်းနီးပါးဟာ ထူးခြားချက်အနေနဲ့ teokbokki (ကိုရီးယားဆန်မုန့်တစ်မျိုး) မျိုးစုံကို ရရှိနိုင်ပါတယ်။ တခြားအရသာတွေပါ မျိုးစုံရရှိနိုင်ပြီး ချိစ် နဲ့ jjajang ဆော့စ် (ပဲနက်ဆော့စ်) စတဲ့ အရသာအမျိုးမျိုးကို ရနိုင်ပါတယ်။
ကဲဒါဆို Dongguk တက္ကသိုလ်မှာ တက်ရောက်ရင်း ဘယ်နာမည်ကြီး လည်ပတ်စရာနေရာတွေ သွားချင်လဲ ? Dongguk တက္ကသိုလ်မှာ ကျောင်းတက်နေတဲ့သူတွေ ရှိရင်လြ ဘယ်နေရာတွေ အများဆုံးသွားဖြစ်ကြလဲ ဆိုတာ ကော့မန့်မှာ မန့်ခဲ့ကြပါဦး။
Korea မှာ ကျောင်းတက်ချင်လား MyanGoal Edu ဆီလာ🙋🏻♂️
အသေးစိတ် ဆက်သွယ်မေးမြန်းလိုရင်
📍Office (Korea): 인천광역시 부평구 광장로 16, 1층 11호
ဘူဖျောင်းဘူတာ Shopping Mall, Lotte Mart မြေညီထပ် 11, အင်ချွန်း။
☎️(+82) 010-9992-1478
📍 Office (Myanmar): No(76) 4B, Bogyoke St, Bamar Aye Qtr, Dawbone Tsp, Yangon, Myanmar
☎️(+95) 09-440-094-094






