Dongguk တက္ကသိုလ်မှာ ကျောင်းတက်ရင်း လျှောက်လည်ကြမယ်

Dongguk တက္ကသိုလ်ဟာ ဆိုးလ်ရှိ Jung-gu ခရိုင်မှာ တည်ရှိပါတယ်။ Dongguk တက္ကသိုလ်ကို တက်ရောက်ဖို့ စီစဥ်နေတဲ့သူတွေ ရှိကြလား ?  ဒီကျောင်းတဝိုက်မှာ လည်ပတ်စရာနေရာတွေ အများကြီးရှိပါတယ်။ ဒီနေ့မှာတော့ Dongguk တက္ကသိုလ်မှာ တက်ရောက်ရင်း နာမည်ကြီးလည်ပတ်စရာနေရာတွေ လျှောက်သွားပြီး ကိုယ်ရဲ့ကျောင်းသားဘ၀ကို ပျော်ရွင်စွာ ‌ဖြတ်သန်းကြည့်လိုက်ပါ။

1. အရသာရှိတဲ့ naengmyeon ခေါက်ဆွဲနဲ့ နာမည်ကြီးမုန့်ဖုတ်ဆိုင်က ပေါင်မုန့်တို့ကို မြည်းစမ်းကြည့်ပါ။

Dongguk တက္ကသိုလ် ကျောင်းဝင်းအနီးမှာရှိတဲ့ နေရာနှစ်ခုထဲက ပထမတခုကတော့ Taegukdang ( 태국당 ) ဖြစ်ပြီး ဆိုးလ်ရဲ့ အရှည်ကြာဆုံး မုန့်ဖုတ်ဆိုင် ( 빵집 ) ဖြစ်ပါတယ်။ ဒီမုန့်ဆိုင်ကို 1945 ခုနှစ်ကနေစပြီး အမျိုးအစား စုံလင်လှတဲ့ သကြားလုံးတွေနဲ့ မုန့်တွေကို ရောင်းချ ဖွင့်လှစ်ခဲ့ပါတယ်။ ဆိုင်မှာ dine-in ထိုင်စားနိုင်ပြီး ရှေးယခင်က မုန့်ပြုလုပ်တဲ့ စက်အချို့ကိုလဲ ခင်းကျင်းပြသထားပါတယ်။ ဒုတိယနေရာကတေ Hamheunge Gyeoulnaengmyeon ( 함흥에 겨울냉면 ) ဆိုင်ဖြစ်ပြီး အရသာရှိတဲ့ naengmyeon နှင့် mandu တို့ကို တွဲဘက် စားနိုင်ပါတယ်။ Naengmyeon ကတော့ နွေရာသီမှာ အများအားဖြင့် စားလေ့ရှိတဲ့ ခေါက်ဆွဲအေးဖြစ်ပြီး Mandu ကတော့ ကိုရီးယား ဖက်ထုပ်တွေကို ခေါ်တာဖြစ်ပါတယ်။

2. Dongdaemun exhibition စင်တာကို သွားရောက် လည်ပတ်ကြည့်သင့်ပါတယ်။

15-20 မိနစ်ခန့် လမ်းလျှောက်ပြီးတော့ Dongdaemun ယဉ်ကျေးမှုပြပွဲ စင်တာကို ရောက်ရှိနိုင်ပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့ တစ်နှစ်ကို တစ်ကြိမ် ဖက်ရှင်ရက်သတ္တပတ်အတွက် ကျင်းပတဲ့ နေရာလဲဖြစ်ပါတယ်။ အဆောက်အအုံ ဒီဇိုင်းကိုလဲ ခေတ်သစ်ပုံစံနဲ့ တည်ဆောက်ထားပြီး အကွေးအဆန့်နဲ့ ရှည်လျားတဲ့ အဆောက်အအုံ ပုံသဏ္ဍာန်ကို LED မီးတွေနဲ့ လင်းထိန်နေအောင် ပတ်ပတ်လည်ပြင်ဆင်ထားပါတယ်။ Dongdaemun ဟာ ခေတ်မီယဉ်ကျေးမှုစင်တာ တခုသာမက သမိုင်းဝင်ရုပ်ကြွင်းအမျိုးမျိုးကို တွေ့ရှိခဲ့တာကြောင့် ဆိုးလ်ရဲ့ သမိုင်းဝင် ယဉ်ကျေးမှုဆိုင်ရာ ပိုင်ဆိုင်မှုတွေကို ပြသဖို့အတွက် ယဉ်ကျေးမှုနေရာတခုအဖြစ် ဆောင်ရွက်ပေးထားပါတယ်။ 

3. Myeong-dong မှာ ဈေးဝယ်ထွက်ကြည့်ပါ။

Jung-gu ခရိုင်အတွင်းမှာ နာမည်ကြီး Myeong-dong ဧရိယာလဲ ရှိတာကြောင့် စျေးဝယ်ထွက်သင့်ပါတယ်။ စျေးဝယ်ရတာ ကြိုက်တဲ့သူတွေအတွက် နိဗ္ဗာန်ဘုံလို့ သတ်မှတ်ခံထားရပြီး Myeongdong ခရိုင် Dongguk တက္ကသိုလ်မှာ တက်ရောက်နေတဲ့ ကျောင်းသားတွေအတွက် သွားရောက်လည်ပတ်သင့်တဲ့ စာရင်းထဲက တခုဖြစ်ပါတယ်။ Myeong-dong မှာ အလှကုန်တွေ၊ အဝတ်အထည်ဆိုင်တွေနဲ့ လမ်းဘေးအစားအစာဆိုင်တွေလဲ အများအပြားရှိပြီး လူငယ်တွေကြားမှာ ရေပန်းစားတဲ့ Myeong-dong ဟာ တစ်နှစ်ကို ဧည့်သည် ၄ ​​သန်း လာရောက်လေ့ရှိပါတယ်။

4. Namsan Tower ကို သွားကြည့်ပါ။

Myeong-dong ကနေ လမ်းခဏလောက်လျှောက်ရုံနဲ့ ကေဘယ်လ်ကားနဲ့ ဆိုးလ်ရဲ့ အထင်ကရ မျှော်စင်ဖြစ်တဲ့ Namsan Tower ကို သွားလို့ရပါတယ်။ တောင်ပေါ်ကနေပြီးတော့ မြို့ရဲ့ အံ့မခန်းမြင်ကွင်းကို ခံစားနိုင်ပါတယ်။ တောင်ထိပ်ကိုရောက်ဖို့အတွက် သင်သည်လည်း လမ်းလျှောက်ပြီး တက်နိုင်ပြီး တောင်တက်ရတဲ့ ကြိုက်တဲ့သူတွေအတွက် ကွက်တိပါဘဲ။ တောင်ထိပ်ကိုရောက်တာနဲ့ စုံတွဲတွေ၊ မိသားစုတွေ ဒါမှမဟုတ် သူငယ်ချင်းတွေရဲ့ ခတ်ထားခဲ့တဲ့ သော့တွေ အများကြီးကို တွေ့ရပြီး ဒီနေရာဟာ K-drama တွေထဲမှာလဲ ပါတဲ့နေရာဖြစ်ပါတယ်။

Dongguk တက္ကသိုလ်ရဲ့ လည်ပတ်စရာနေရာတွေဟာ ဒီလောက်နဲ့ ပြီးသွားမယ် မထင်ပါနဲ့။ နောက်ထပ်နေရာတွေ ရှိပါသေးတယ်။ ကိုရီးယားဒရာမာတွေလိုဘဲ နောက်နေ့ ဒီလိုအချိန် ကျွန်တော်တို့ MyanGoal – Education ကနေ တင်ဆက်ပေးသွားမှာမလို့ စောင့်နေကြပါနော်။

ကိုရီးယားမှာကျောင်းတက်ဖို့ စဉ်းစားနေပြီလား? ကျောင်းလျှောက်ဖို့အတွက် ဆွေးနွေးတိုင်ပင်လိုပါက ဖုန်းနံပါတ် ☎️ 09440094094 သို့ ဆက်သွယ်နိုင်သလို၊ လူကိုယ်တိုင်လာရောက် စုံစမ်းလိုပါက ရန်ကုန်ရုံးသို့ လာရောက်နိုင်ပါတယ်။

Korea မှာ ကျောင်းတက်ချင်လား MyanGoal Edu ဆီလာ🙋🏻‍♂️

အသေးစိတ် ဆက်သွယ်မေးမြန်းလိုရင်

📍Office (Korea): 인천광역시 부평구 광장로 16, 1층 11호

ဘူဖျောင်းဘူတာ Shopping Mall, Lotte Mart မြေညီထပ် 11, အင်ချွန်း။

 ☎️(+82) 010-9992-1478

📍 Office (Myanmar): No(76) 4B, Bogyoke St, Bamar Aye Qtr, Dawbone Tsp, Yangon, Myanmar

 ☎️(+95) 09-440-094-094


Latest