ကိုယ်တိုင် (self learning) ကိုရီးယားစာကိုဘယ်လိုစလေ့လာကြမလဲ? Part-2

အရင်နေ့က  ကိုယ်တိုင် (self-learnig နဲ့ ) ကိုရီးယားစာကို လေ့လာချင်သူတွေအတွက်  နားထောင်မှုစွမ်းရည် (listening skill) နဲ့  အခြေခံသဒ္ဒါ (Grammer) တွေကို ဘယ်ကဘယ်လို စလေ့လာရမလဲဆိုတာကို ပြောပြခဲ့ပါတယ်။ ဒီနေ့မှာလဲ ကိုရီးယားစာ လေ့လာတဲ့အခါမှာ စကားလုံးအသစ်တွေကို ပိုမိုကြွယ်ဝစွာ သုံးတတ်နိုင်ဖို့ ဘယ်လိုလေ့လာရမလဲ ဆိုတာနဲ့ speaking skill အတွက်လဲ ဘယ်လိုမျိုး လေ့ကျင်သင့်လဲ ဆိုတာကို ပြောပြသွားမှာဘဲ ဖြစ်ပါတယ်။ ဘယ်လိုမျိုး လေ့ကျင့်ပြင်ဆင်ရမလဲ သိချင်ရင်တော့ ဆက်ပြီး ဖတ်ကြည့်လိုက်တော့နော်။

စကားလုံးတွေ ပိုမိုကြွယ်ဝစေဖို့အတွက် အကောင်းဆုံးကတော့ နေ့တိုင်း စကားလုံးအသစ်တွေကို အလွတ် ကျက်ထားသင့်ပါတယ်။ ဒါပေမယ့် ဒါက အမြဲတမ်းမဖြစ်နိုင်ပါဘူး၊ ဘာလို့လဲဆိုတော့ ကိုယ့်မှာလေ့လာဖို့ အချိန်ဘယ်လောက်ရနိုင်လဲဆိုတဲ့ အပေါ်မှာဲ မူတည်ပါတယ်။ လူအတော်များများဟာ နည်းလမ်းဟောင်းဖြစ်တဲ့ ဖတ်စာအုပ်တွေကို ဖတ်ရှုခြင်း၊ ထပ်တလဲလဲ ကျက်မှတ်ခြင်းနှင့် စကားလုံးတွေကို မှတ်စုစာအုပ်ထဲမှာ အကြိမ်ပေါင်းများစွာ မှတ်သားတဲ့ စနစ်ကို အသုံးပြုနေကြသေးပြီး ဒီနည်းဟာထင်သလောက် ထိရောက်မှု မရှိကြောင်း တွေ့ရပါတယ်။ လူတိုင်းမှာ ကိုယ်ရဲ့ ကိုယ်ပိုင် သင်ယူလေ့လာနည်းတွေ ရှိကြပါတယ်။ စကားလုံးအသစ်တွေကို အလွယ်တကူလေ့လာဖို့ ကူညီပေးနိုင်တဲ့ အက်ပ် သုံးခုကို မီးမောင်းထိုးပြချင်ပါတယ်။

ပထမကတော့ လူသိများတဲ့ Duolingo ဖြစ်ပြီး ၊ ဒီ app မှာ စကားလုံးအသစ်တွေကို အသုံးပြုလေ့ရှိတဲ့ စာကြောင်းတွေထဲကို ထည့်သွင်းဖြေဆိုပြီး  လေ့လာနိုင်ပါတယ်။ ဒီ app ကို download လုပ်ပြီးတာနဲ့ကိုယ့်ရဲ့ နေ့စဉ်သင်ယူမှုကြာချိန် (တစ်နေ့ကို 5 မိနစ်ကနေ 20 မိနစ်အထိ) ပြုလုပ်လို့ရပြီး ကိုယ်လေ့လာချင်တဲ့ အချိန်မှာ စာလေ့လာဖို့ သတိပေးချက်တစ်ခု ပုံမှန်ပေးပို့ပါတယ်။

နောက်ထပ် အလွန်အသုံးဝင်တဲ့ app ကတော့ Quizlet ဖြစ်ပါတယ်။ ဒီ app မှာ အသင့်ပြုလုပ်ပြီးသား စကားလုံးအသစ်တွေအတွက် လေ့ကျင့်ခန်းတွေပါပြီး ကြိုက်နှစ်သက်ရာ ကိုယ်လေ့လာချင်တဲ့ စကားလုံးအသစ်တွေကိုလဲ download လုပ်နိုင်ပါ။ ကိုယ်လေ့လာနေတဲ့ စာအုပ်ရဲ့ သင်ခန်းစာမှာပါတဲ့ စကားလုံးအသစ်တွေကို flashcards‌ တွေမှာ ထည့်သွင်းအသုံးပြုပြီး လေ့လာလို့ရသလို multiple choice မေးခွန်းတွေနဲ့လဲ လေ့ကျင့်နိုင်ပါတယ်။

နောက်ဆုံးအနေနဲ့ Naver Dictionary ကို ဖော်ပြချင်ပါတယ် ။ ဒီ app ကတော့ ကိုရီးယားဘာသာစကားကို သင်ယူတဲ့သူတွေအတွက် အကောင်းဆုံး အွန်လိုင်းအဘိဓာန်တွေထဲက တစ်ခုဖြစ်ပါတယ်။ ကိုရီးယားစာ လေ့လာနေတဲ့သူတွေကို နေ့စဉ် စကားလုံးအသစ် ဒါမှမဟုတ် အသုံးအနှုန်းအသစ်တွေ ဖော်ပြပြီး၊ အဲ့စကားလုံးရဲ့ အဓိပ္ပါယ် ဘာသာပြန်ချက်ကိုပါ တခါထဲ ပြောပြပေးပါတယ်။ 

ဒီ app မှာ Papago လို ဘာသာပြန် app  တိုက်ရိုက် link ပါရှိတာကြောင့်လဲ အသုံးဝင်ပါတယ်။ ဒါပေမဲ့ အလိုအလျောက် ဘာသာပြန်တာကိုဘဲ အမြဲ အားကိုးမနေသင့်ဘဲ ကိုယ်ပြောချင်တဲ့ ဝါကျတစ်ခုကို ဘယ်လိုတည်ဆောက်ရမလဲဆိုတာလောက်ဘဲ အကြံဥာဏ်‌ထုတ်ဖို့အတွက်ဘဲ သုံးသင့်ပါတယ်။

Speaking skill အတွက်လဲ ဘယ်လိုမျိုး လေ့ကျင်သင့်လဲ ဆိုတော့ native speakers တွေနဲ့ စကားပြော လေ့ကျင့်ခြင်းက အကောင်းဆုံး ဖြစ်ပါတယ်။ ဘာသာစကားတစ်ခုကို သင်ယူရာမှာ အလေ့အကျင့်များများလုပ်ဖို့ လိုအပ်ပါတယ်။ ကိုရီးယားဘာသာစကားကို လေ့လာနေတဲ့သူတွေအတွက် native speakers တွေနဲ့ စကားပြော လေ့ကျင့်လို့ရမယ့် အက်ပ်တွေလဲ ရှိပါတယ်။ 

တခြားဘာသာစကားတွေကို လေ့လာနေပြီး ဘာသာစကားဖလှယ်လိုတဲ့ ကိုရီးယားလူမျိုးတွေကို ဒီ app မှာ တွေ့ဆုံနိုင်ပါတယ်။ ကိုးရီးယားဘာသာစကားကို မက်ဆေ့ချ်တွေကနေ  အပြန်အလှန်ပို့ပြီး တက်ကြွစွာပြောဆိုလေ့ကျင့်နိုင်ပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့မိခင်ဘာသာစကားကို လေ့လာနေတဲ့ ကိုရီးယားလူမျိုးတွေကိုလဲ အလှည့်ကျ အပြန်အလှန်ကူညီ ပေးနိုင်ပါတယ်။ ဘာသာစကား ဖလှယ်လို့ရတဲ့ app နှစ်ခုကတော့ Hello Talk နဲ့ Tandem ဖြစ်ပါတယ်။ ဒီ app နှစ်ခုလုံးကနေ ဖုန်းခေါ်ဆိုနိုင်စေတဲ့အတွက် စကားပြော လေ့ကျင့်နိုင်ပါတယ်။

ကိုရီးယားမှာကျောင်းတက်ဖို့ စဉ်းစားနေပြီလား? ကျောင်းလျှောက်ဖို့အတွက် ဆွေးနွေးတိုင်ပင်လိုပါက ဖုန်းနံပါတ် ☎️ 09440094094 သို့ ဆက်သွယ်နိုင်သလို၊ လူကိုယ်တိုင်လာရောက် စုံစမ်းလိုပါက ရန်ကုန်ရုံးသို့ လာရောက်နိုင်ပါတယ်။

Korea မှာ ကျောင်းတက်ချင်လား MyanGoal Edu ဆီလာ🙋🏻‍♂️

အသေးစိတ် ဆက်သွယ်မေးမြန်းလိုရင်

📍Office (Korea): 인천광역시 부평구 광장로 16, 1층 11호

ဘူဖျောင်းဘူတာ Shopping Mall, Lotte Mart မြေညီထပ် 11, အင်ချွန်း။

 ☎️(+82) 010-9992-1478

📍 Office (Myanmar): No(76) 4B, Bogyoke St, Bamar Aye Qtr, Dawbone Tsp, Yangon, Myanmar

 ☎️(+95) 09-440-094-094


Latest