Your cart is currently empty!
Language program နဲ့ ကိုရီးယားကို ကျောင်းသွားတက်တဲ့အခါ ကိုယ့်အတွက် အကောင်းဆုံးဖြစ်မယ့် intake ကို ရွေးချယ်ရပါမယ်။ ဘယ် intake ကို ရွေးချယ်သင့်လဲဆိုတာကတော့ ကိုယ့်ရဲ့ ပညာရေးပန်းတိုင် နဲ့ ကိုယ့်ရဲ့လက်ရှိ ကိုရီးယားစာ ကျွမ်းကျင်မှု အဆင့်အပေါ် မူတည်ပါတယ်။ Language program နဲ့ ကိုရီးယားကို ကျောင်းသွားတက်မယ်ဆိုရင် March intake, June intake, September intake, နဲ့ December intake ဆိုပြီး intake 4 ခုရှိတဲ့ထဲက ကိုယ်ကြိုက်နှစ်သက်ရာ အချိန်ကို တက်လို့ရပါတယ်။
အခုမှ ကိုရီးယားကို Language program နဲ့ စသွားမယ့်လူဆိုရင်တော့ ဘာသာစကားလေ့လာမှုတွေအတွက် မတ်လကတော့ အကောင်းဆုံးရွေးချယ်မှု တစ်ခုဖြစ်ပါတယ်။ တက္ကသိုလ်ဆက်တက်တော့မယ်ဆိုရင်လဲ ကိုရီးယားစာကို အချိန်မီ မြန်မြန်တက်ဖို့ 12-18 လလောက် လိုပါလိမ့်မယ်။ ကိုရီးယားက တက္ကသိုလ်တွေကလဲ မတ်လနဲ့ စက်တင်ဘာလ တွေမှာ ကျောင်းဝင်ခွင့်လျှောက်လို့ရတာကြောင့် ကိုယ့်အတွက် ကိုရီးယားစာ သင်ကြားချိန် ပိုပြီးရရှိနိုင်ပါတယ်။
အထက်တန်းကျောင်းပြီးပြီးချင်း Language program တက်ချင်တဲ့သူတွေအတွက် စက်တင်ဘာလက အကောင်းဆုံးရွေးချယ်မှု ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ဘွဲ့ယူပြီးသွားတဲ့သူတွေအတွက်လဲ ကိုရီးယား ဘာသာစကားလေ့လာမှုကို စတင်ဖို့ Language program နဲ့ ကိုရီးယားကို မသွားခင် နွေရာသီမှာ အားလပ်ချိန် အနည်းငယ်လဲ ရရှိစေမှာ ဖြစ်ပါတယ်။
တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပြီးပြီးချင်း Language program တက်ချင်ရင်တော့ ဇွန်လ အတွက် လျှောက်တာက အများကြီးအကျိုးရှိနိုင်ပါတယ်။ အခုမှ ဘာသာစကား စသင်မယ့်လူတွေအတွက်လဲ ဇွန်လက အကောင်းဆုံးပါဘဲ။ Language program နဲ့သွားမှာဆိုပေမယ့် မြန်မာမှာ level 2 လောက်ထိတော့ တက်သွားသင့်ပါတယ်။ ဒါမှလဲ စရောက်ရောက်ချင်း ဘာသာစကား အခက်အခဲ ဖြစ်ပြီး စိတ်ဖိစီးရတာတွေကို ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။
ကိုရီးယားနိုင်ငံကို ဆောင်းရာသီ မှာ လာတက်မယ်ဆိုရင်တော့ ဒီဇင်ဘာ intake ရှိပါတယ်။ ဒီဇင်ဘာ ဆိုလဲ ကိုယ့်အတွက် ပြင်ဆင်ချိန်အတော်လေးရပြီး၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပြီးပြီးချင်း ကိုရီးယားတန်း မသွားချင်သေးဘဲ သေချာအချိန်ယူ ပြင်ဆင်လို့ရပါသေးတယ်။ ကိုရီးယားကို ရောက်တဲ့အခါလဲ ဆောင်းရာသီအလှအပတွေကို ခံစားလို့ရပြီး အနွေးထည်ထူထူလေးတွေ ယူသွားဖို့တော့ မမေ့ကြပါနဲ့နော်။
ဒါကြောင့် ကိုရီးယားမှာ Language program နဲ့ ကျောင်းသွားတက်ဖို့ အသေးစိတ် ဆွေးနွေးတိုင်ပင်ချင်ရင်တော့ ကျွန်တော်တို့ MyanGoal-Edu ဆီကြွလှမ်းခဲ့ပါ။ Korea မှာကျောင်းတက်ဖို့အတွက် စိတ်၀င်စားဖွယ်ကောင်းတဲ့ အကြောင်းအရာတွေကို ထပ်ပြီးသိချင်သေးရင်တော့ ကျွန်တော်တို့ MyanGoal Edu Page ကို Like & Follow လေးလုပ်သွားခဲ့လို့ရပါတယ်။







Leave a Reply
You must be logged in to post a comment.