တောင်ကိုရီးယားမှာ ကျောင်းသွားတက်ဖို့ ပြင်ဆင်နေကြသူတွေရှိကြလား ?
ဆိုးလ်မြို့ထဲမှာ ကျောင်းတက်ချင်လို့လဲ Sejong University ကိုရွေးထားကြတဲ့ သူတွေရှိကြလား?
Sejong တက္ကသိုလ်မှာ ကျောင်းသွားတက်တဲ့အခါမှာ အောက်မှာဖော်ပြထားတဲ့ နေရာတွေထဲက ဘယ်နေရာတွေ သွားချင်ကြလဲ ? ဒါမှမဟုတ် လက်ရှိ Sejong တက္ကသိုလ်မှာ ကျောင်းတက်နေတဲ့သူတွေ ရှိရင်လဲ ဘယ်လိုနေရာတွေ အသွားများကြလဲ ဆိုတာ comment မှာ ရေးခဲ့လို့ရပါတယ်။ Sejong တက္ကသိုလ်မှာ ကျောင်းတက်ကြမယ့်သူအချင်းချင်း မြန်မာတွေအသွားများတဲ့ နေရာတွေ သိရတော့ အခုမှစလာမယ့်သူတွေအတွက်လဲ အဆင်ပြေစေမှာပါ။
Sejong University ကတော့ တောင်ကိုရီးယားနိုင်ငံမှာဆိုရင် အဆင့် ၁၆ တက္ကသိုလ်ဖြစ်ပြီး အာရှမှာ အဆင့် #265 ရှိတဲ့ တက္ကသိုလ်ဖြစ်ပါတယ်။ ဆိုးလ်မြို့တွင်းမှာဆိုလဲ Top 10 ကျောင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် Game Design၊ Animation၊ Architecture ဘာသာရပ်တွေနဲ့ ပတ်သက်ပြီးတော့လဲ နာမည်ကြီးပါတယ်။ တည်နေရာကတော့ 209 Neungdong-ro, Gwangjin District, ဆိုးလ်မြို့မှာဘဲ ဖြစ်ပါတယ်။
နံပါတ် ၁ – Sejong တက္ကသိုလ်နားတဝိုက်မှာ လည်ပတ်ကြည့်ရှုဖို့ အကောင်းဆုံးနေရာတွေထဲက တစ်ခုဖြစ်တဲ့အပြင် ရေပန်းရှိုးပွဲတွေ၊ art installations တွေနဲ့ တိရစ္ဆာန်ရုံတွေပါ ရှိတဲ့ ပန်း
ခြံကြီးဖြစ်တဲ့ Children’s Grand ပန်းခြံ | 어린이대공원 ကို သွားရောက်လည်ပတ်မှာလား ?
နံပါတ် ၂ – တောင်တက်ရတာကြိုက်တဲ့သူတွေအတွက် Children’s Grand Park နားမှာဘဲ တည်ရှိတာဖြစ်ပြီး သာယာလှပတဲ့ တောင်တက်လမ်းများစွာရှိတဲ့ Achasan | 아차산 ဧရိယာကိုဘဲ သွားချင်လား ?
နံပါတ် ၃ – 330,000 စတုရန်းမီတာ ကျယ်ဝန်းတဲ့အပြင် အာရှဝက်ဝံနက် အကောင် 100 ကျော်ရှိတဲ့အပြင် ဒေါင်း၊ သမင်တွေနဲ့ တခြားတိရိစ္ဆာန်မျိုးစုံကို ကြည့်ရှုနိုင်တဲ့အပြင် အပင်တွေ၊ ပန်းပင်တွေ စုစုပေါင်း 400,000 ကျော်နဲ့ အလှဆင်ထားတဲ့ Bear Tree ပန်းခြံကိုဘဲ သွားမလား ?
နံပါတ် ၄ – Unjusan တောင်ရဲ့ အနောက်ဘက်နဲ့ တောင်ဘက်စွန်းက တောင်ထိပ် ၃ ခုလုံး ပတ်ပတ်လည် တည်ဆောက်ထားပြီး Baekje မင်းဆက်ရဲ့ ယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်တဲ့ Unjusanseong ခံတပ်ကို သွားပြီး သမိုင်းဝင်အမွေအနှစ်နေရာတွေကို သွားရောက်လေ့လာမလား ?
နံပါတ် ၅ – အပင်ပေါင်း 1.72 သန်း (သစ်ပင် 45,958 အပါအဝင်) နဲ့ အပင်မျိုးစိတ်ပေါင်း 2,834 မျိုးရှိတဲ့ Sejong National Arboretum လိုမျိုး ပန်းဥယျာဉ်ကိုဘဲ သွားချင်လား ?
ကဲ ဒါဆိုရင်တွေ ဘယ်နေရာတွေ သွားချင်လဲ ? ဘယ်နေရာတွေ အသွားများလဲဆိုတာ comment မှာ ဖြေခဲ့ကြပါဦး။
တောင်ကိုရီးယားမှာ ကျောင်းသွားတက်ချင်တယ်ဆိုလဲ ကူညီပေးဖို့ ကျွန်တော်တို့ MyanGoal – Education ရှိပါတယ်။
ကျောင်းလျှောက်ဖို့အတွက် ဆွေးနွေးတိုင်ပင်လိုပါက ဖုန်းနံပါတ် ☎️ 09440094094 သို့ ဆက်သွယ်နိုင်သလို၊ လူကိုယ်တိုင်လာရောက် စုံစမ်းလိုပါက ရန်ကုန်ရုံးသို့ လာရောက်နိုင်ပါတယ်။
Korea မှာ ကျောင်းတက်ချင်လား MyanGoal Edu ဆီလာ🙋🏻♂️
အသေးစိတ် ဆက်သွယ်မေးမြန်းလိုရင်
📍Office (Korea): 인천광역시 부평구 광장로 16, 1층 11호
ဘူဖျောင်းဘူတာ Shopping Mall, Lotte Mart မြေညီထပ် 11, အင်ချွန်း။
☎️(+82) 010-9992-1478
📍 Office (Myanmar): No(76) 4B, Bogyoke St, Bamar Aye Qtr, Dawbone Tsp, Yangon, Myanmar
☎️(+95) 09-440-094-094






