ကိုရီးယားဘာသာစကား လေ့လာရာချိန် ကိုရီးယား shows တွေက အထောက်အကူဖြစ်လား ?

ကိုရီးယားဘာသာစကားကို လေ့လာရာမှာ ကိုရီးယားရှိုးတွေကရော အထောက်အကူဖြစ်စေသလား ? အဖြေကတော့…
တော်တော်လေး အထောက်အကူဖြစ်စေပါတယ်။✅

ကိုရီးယားရှိုးတွေကတော့ သူတို့ရဲ့ ထူးခြားတဲ့ဇာတ်လမ်းတွေ၊နဲ့ ကမ္ဘာတစ်ဝှမ်းရှိ ပရိသတ်များကို စွဲဆောင်ထားနိုင်ပါတယ်။ Kdrama ကအစ ဖျော်ဖြေရေးမျိုးစုံရှိုးများအထိ ကိုရီးယားရုပ်သံလောကဟာ အတော်လေးနာမည်ရခဲ့ပြီး ပရိတ်သတ်တွေရဲ့ အားပေးမှုများစွာကိုလဲ ရရှိခဲ့ပါတယ်။

ကိုရီးယားရှိုးတွေဟာ ကိုရီးယားယဉ်ကျေးမှု၊ လူမှုစံနှုန်းများ၊ ဓလေ့ထုံးတမ်းများနှင့် တန်ဖိုးများကို ပြသပေးတဲ့အပြင် ကိုးရီးယားလူနေမှုပုံစံကို ပိုမိုနက်ရှိုင်းစွာ နားလည်သဘောပေါက်စေပါတယ်။ ဘာသာစကားလေ့ကျင့်ရန်အတွက် ကိုရီးယားရှိုးများကို ကြည့်ရှုတဲ့အခါ နားလည်နိုင်စေရန်အတွက် သင်သည် ကိုရီးယား စာတန်းထိုးများကို အသုံးပြုခြင်းဖြင့် စကားလုံးအသစ်များနှင့် စကားစုများကို ပိုမိုလေ့လာနိုင်ပါတယ်။

ဒီနေ့မှာ ကိုးရီးယားဘာသာစကားကို လေ့လာရန်အတွက် အကျော်ကြားဆုံးနှင့် အကောင်းဆုံး ကိုရီးယားရှိုးအချို့ကို မပြောခင် ကိုရီးယားရှိုးအမျိုးအစားများကို အရင်ပြောပြပါမယ်။ တီဗီရှိုးတွေကြည့်ရတာ ကြိုက်တယ် ဒါမဟုတ် ကိုးရီးယားဘာသာစကားကို လေ့လာချင်တယ်ဆိုရင်တော့ ဆက်လက်ဖတ်ရှုကြည့်လိုက်ပါ။

ကိုရီးယားဇာတ်လမ်းတွဲများ (K-dramas ဟုလည်းသိကြသော)ဟာ အလွန်ရေပန်းစားလာပြီး နိုင်ငံတကာမှ ပရိသတ်လဲ အခိုင်အမာရရှိထားကြပါတယ်။ ကိုရီးယားဒရာမာတွေဟာ အပိုင်း 16 မှ 20 အထိပါဝင်သည့် ရုပ်သံစီးရီးများဖြစ်ပါတယ်။ Variety ရှိုးများဟာ ပါဝင်တဲ့သူတွေရဲ့ တစ်မူထူးခြားသော ကိုယ်ရည်ကိုယ်သွေးနှင့် အရည်အချင်းများကို ပြသကာ ဟာသဆန်တဲ့ မစ်ရှင်များ၊ စိန်ခေါ်မှုအမျိုးမျိုးတွေကို စိတ်ပေါ့ပါး ပျော်ရွှင်စွာ ကြည့်နိုင်ပါတယ်။ ကိုရီးယား Reality ရှိုးတွေဟာ နာမည်ကြီးတွေ ဒါမှမဟုတ် သာမန်ပုဂ္ဂိုလ်များ၏ နေ့စဉ်ဘ၀ကို မတူကွဲပြားတဲ့ challenges တွေ activities တွေနဲ့ တင်ဆက်ပြသတာဘဲဖြစ်ပါတယ်။ Reality ရှိုးတွေက ခရီးသွားခြင်း၊ ချက်ပြုတ်ခြင်း၊ ဖက်ရှင်နှင့် စွမ်းရည်ပြိုင်ပွဲများပုံစံမျိုးတွေ များပါတယ်။

Variety ရှိုးတွေဖြစ်တဲ့ Running Man၊ Infinite Challenge၊ Knowing Bros တွေဟာ နာမည်ကြီးပါတယ်။ အဲ့ရှိုးတွေမှာ အနုပညာနယ်ပယ်မှ နာမည်ကြီးများက ရင်ခုန်စရာကောင်းတဲ့ စိန်ခေါ်မှုများနှင့် မစ်ရှင်များကို သရုပ်ဆောင်ရာတွင် ဟာသဆန်ဆန်အပြန်အလှန်ပြောဆိုမှုများကြောင့် ပရိသတ်များကို ကာလရှည်ကြာစွာ ‌ကြိုက်နှစ်သက်အောင် ဖမ်းစားထားနိုင်ပါတယ်။ 2 Days & 1 Night, Law of the Jungle, Home Alone(I Live Alone), Three Meals a Day, The Return of Superman တို့ဆိုရင်လဲ ကိုရီးယား Reality ရှိုးတွေထဲ ပရိတ်သတ် အခိုင်အမာ ရရှိခဲ့ပါတယ်။ Squid Game, Parasite တို့ဆိုရင်လဲ နိုင်ငံတကာပရိတ်သတ် အခိုင်အမာ ရရှိခဲ့ပါသေးတယ်။ Weightlifting Fairy Kim Bok-joo, Crash Landing on You, Descendants of the Sun စတဲ့ series တွေမှာပါတဲ့ dialogue တွေဟာလဲ လွယ်လွယ်ကူကူ လေ့လာနိုင်ပါတယ်။
ဒီလိုမျိုး စိတ်၀င်စားစရာ အကြောင်းအရာလေးတွေ ဖတ်ချင်သေးရင်တော့ ကျွန်တော်တို့ MyanGoal – Education page ကို like & follow လုပ်သွားခဲ့လို့ရပါတယ်။

Korea မှာ ကျောင်းတက်ချင်လား MyanGoal Edu ဆီလာ🙋🏻‍♂️
ကျောင်းလျှောက်ဖို့အတွက် ဆွေးနွေးတိုင်ပင်လိုပါက ဖုန်းနံပါတ် ☎️ 09440094094 သို့ ဆက်သွယ်နိုင်သလို၊ လူကိုယ်တိုင်လာရောက် စုံစမ်းလိုပါက ရန်ကုန်ရုံးသို့ လာရောက်နိုင်တဲ့အပြင်၊ Korea ဘက်မှာလဲ ရုံးချုပ်ရှိနေတော့ ဘာလိုသေးလဲ ကိုယ့်လူတို့ရေ။ အသေးစိတ် ဆက်သွယ်မေးမြန်းလိုရင်
🇲🇲🏠Yangon Address – No(76) 4B, Bogyoke St, Bamar Aye Qtr, Dawbone Tsp, Yangon, Myanmar ☎️ (+95) 09-440094094
🇰🇷🏠 Korea Address – Siltu Officetel, 76 Gyesan-ro, Gyeyang-gu, Incheon, South Korea. ☎️ (+82) 010-24971478

Latest