🥕 당근 “ဒန်ဂွန်” English လိုဆိုရင် “Carrot” မြန်မာအခေါ်ဆို “မုန်လာဥနီ” “ခါကျဲဥ” စသဖြင့် ခေါ်ကြတဲ့ ကိုရီးယားမှာ နိုင်ငံခြားသားတွေ အတွက် အသုံးဝင်တဲ့ Application လေး တခုနဲ့ မိတ်ဆက်ပေးမယ်။
သူ့ကို လူသိများကြတာက ပစ္စည်းအဟောင်းတွေ ကားအဟောင်းတွေ ရောင်းဝယ်ကြတဲ့ နေရာပါ။ ဒါ့အပြင် App ထဲမှာက အချိန်ပိုင်းအလုပ်တွေ၊ အိမ်ပြောင်းတဲ့အခါ ကားငှါးတာ၊ သန့်ရှင်းရေး ခေါ်တာ၊ ပစ္စည်းပျက်လို့ 수리기사 လို့ခေါ်တဲ့ အပြင်ဆရာ ခေါ်တာ၊ ကိုယ်ဝါသနာပါတဲ့ သင်တန်းတွေ အနုပညာ ပန်းချီစတဲ့ သင်တန်းတွေကို အဖွဲ့အစည်းလိုက်လုပ်ကြတဲ့ တွေ့ဆုံပွဲတွေရဲ့ အချိန်ဇယားရော ကိုယ်တိုင်လည်း ဦးဆောင်ပြီး အချိန်ဇယားပါ ဆွဲပြီး 모임 (စုဝေးပွဲ)ထောင်လို့ရသေး (လူလာတာ မလာတာကတော့ နောက်ပိုင်းပေါ့လေ)။ ဥပမာ 첫사랑을 아직도 잊지 못하는 사람들 “ရည်းစားဦးကို ခုထိ မမေ့နိုင်သေးသော သူများ”ဆိုပြီး အုပ်စုထောင်ပေါ့ 🤣
ဒီ app ကို စသုံးပြီးဆိုရင် ကိုရီးယားနိုင်ငံရဲ့ ထုံးစံအတိုင်း ကိုယ်ရေးအချက်အလက်ကတော့ အတိအကျ ကိုက်ညီမှ ရပါမယ်နော်၊ ပြီးရင် မိမိလိပ်စာကို ထည့်တဲ့အခါ မိမိနေတဲ့ ရပ်ကွက်နဲ့ အနီးအနား ရပ်ကွက် ၂~၃ခု လောက်က အကြောင်းအရာတွေထိ မြင်နိုင်ပါတယ် အရမ်းဝေးတာမျိုး ပြည်နယ်ခြားတာမျိုးကျ အဆင်မပြေပါဘူးဗျ။
မင်မင့်အနေနဲ့ကတော့ ပစ္စည်းအဟောင်းတွေ ဝယ်တဲ့အခါ သုံးတယ်ပေါ့လေ အများဆုံး categories တွေလည်းရှိတော့ ကိုယ်လိုချင်တဲ့ဟာလည်း သေချာသီးသန့် ရှာရတာပေါ့လေ ဥပမာ ကားဆို ကားနဲ့ ပတ်သက်တာမျိုး၊ လျှပ်စစ်ပစ္စည်း၊ ကလေးအသုံးအဆောင်၊ အိမ်တွင်းပရိဘောဂ စသဖြင့် အကုန်ရောထွေး မကြည့်ချင်သူများ အတွက်လည်း အဆင်ပြေပါတယ်။ တချို့ကျ ဝယ်စရာမရှိလည်း ဒီတိုင်း ဝင်ကြည့်ရင်း ဝယ်မိသွားတတ်တာမျိုးလည်းရှိ အဲဒါ မင်မင်တို့ပါပဲ။
🥕 ရောင်းကုန်မှာလည်း နှစ်မျိုးရှိတယ် အဟောင်းစျေးနဲ့ ရောင်းတာနဲ့ 나눔 ဆိုပြီး မျှဝေခြင်း အလကား ပေးတာလည်း ရှိတယ်ပေါ့လေ ကိုယ်လည်း အသုံးဝင် အိမ်နဲ့လည်း နီးတယ်ဆို chat box ကနေ ဆင်သွယ်မေးမြန်းပြီး ရှိသေးတယ်ဆို သွားယူရုံပါပဲ။
🥕 ပြီးတော့ အချိန်ပိုင်းအလုပ်တွေလည်း အတော်များများတင်ပေးတယ် ကိုယ့်အနီးအနားမှာ ရှိတာမျိုးပဲပေါ့။
🥕 Carrot pay ဆိုပြီးလည်း ကိုယ့်ဘဏ်နဲ့ချိတ်ဆက်ပြီး အသုံးပြုလို့ရပါသေးတယ်ဗျ၊ ကိုယ်ရောင်းချင်တာတွေလည်း တင်ပြီး ရောင်းလို့ရပါသေးတယ်။
🥕 부동산 လို့ခေါ်တဲ့ အိမ်ခြံမြေအကျိုးဆောင်လည်း ရှိတာမို့ အိမ်ရှာနေသူတွေအတွက်ရော ဆိုင်ဖွင့်ချင်လို့ ဆိုင်ခန်းရှာသူတွေ အတွက်ရော သင့်တော်တာပေါ့ဗျာ။
🥕 동네생활 ဆိုပြီး ကိုယ့်အနီးနားက လူတွေနဲ့ အပြန်အလှန်ချိတ်ဆက်တာမျိုးလည်း ရတယ်ဗျ ဥပမာ Facebook လို post တင်တာမျိုးပေါ့ တစ်ယောက်တည်း ပျင်းလို့ အဖော်သူငယ်ချင်း ရှိမလား? ဒီနေ့ ဒီနေရာကို သွားမယ့်သူရှိလား? စသဖြင့် မေးခွန်းပုံစံလေးတွေ မေးပြီး လာမန့်သူနဲ့ ချိတ်ဆက် အကြောင်းပါနိုင်ပါကြောင်းပေါ့ဗျာ 🤭
အဟောင်းတွေ ရောင်းတာဆိုရင် 예약중 ဆိုရင် ဝယ်ဖို့ ကြိုတင် ချိတ်ထားပြီးသားပေါ့လေ 거래완료 ဆိုရင်တော့ မရှိတော့ဘူးပေါ့ တခြားဟာရှာပေါ့လေ၊ ဒါတွေကို မမြင်ချင်လည်း ဖယ်ထားလို့ရပါတယ်။
တခု သတိပေးချင်တာက အကယ်၍ ပစ္စည်းတယ်ဆိုရင် ဖြစ်နိုင်ရင် 직거래 (직접거래하다) ကိုယ်တိုင်လူတွေ့ ဝယ်တာပဲ လုပ်ပါဗျ အချိန်ကိုချိန်းပြီး ပေါ့။အကယ်လို့ ငွေကြိုလွှဲ ပစ္စည်းပို့ပေးခိုင်းတာမျိုးဆို ရောင်းသူရဲ့ Profile ထဲ ဝင်ကြည့်ပြီး review ကောင်းမကောင်း ရယ် ပစ္စည်းတွေ များများစားစား ရောင်းထားလားရယ်ကြည့်ပါဗျ၊ တချို့ကျ အိမ်က အဟောင်းထုတ်ရောင်းတာဆိုပေမယ့် တချို့ကျ ဝယ်ရောင်းတွေ ရှိလို့ပါ။
ဒီလိုစိတ်၀င်စားဖွယ်ကောင်းတဲ့ အကြောင်းအရာတွေကို ထပ်ပြီးသိချင်သေးရင်တော့ ကျွန်တော်တို့ MyanGoal Edu ကို Like & Follow လေးလုပ်သွားခဲ့လို့ရပါတယ်။
#education #MyanGoalEdu #Myanmar







Leave a Reply
You must be logged in to post a comment.