Your cart is currently empty!
Soju (소주) ကတော့ တောင်ကိုရီးယားမှာ လက်ရှိရေပန်းအစားဆုံး အရက်ယမကာ ဖြစ်ပေမယ့် makgeolli (막걸리) ကလဲ ချန်ထားခဲ့လို့မရပါဘူး။ လယ်သမားများနဲ့အလုပ်သမားတွေကြိုက်ကြတဲ့ makgeolli ဟာ ကိုရီးယား၏ ရှေးအကျဆုံး ချိုချိုမြမြ အရသာရှိတဲ့ ဆန်ဝိုင်ဘဲဖြစ်ပါတယ်။ makgeolli မှာ alcohol ပါဝင်မှုနှုန်း (၆ မှ ၈ ရာခိုင်နှုန်းသာပါပြီး) ကိုရီးယားလူငယ်များကြားမှာလဲ ရေပန်းစားပါတယ်။ ဒါပေမယ့် သကြားပါဝင်မှုများတာကြောင့် အရက်နာကျပျောက်ဆေးကို ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ ဒီနေ့မှာတော့ ဆိုးလ် မှာရှိတဲ့ အကောင်းဆုံး makgeolli ဘားတွေကို တစုတစည်းထဲ တင်ပြပေးလိုက်ပါတယ်။
Mukjeon 📍 Gangnam-gu, Seoul
Mukjeon (묵전) သည် ၎င်း၏ဖောက်သည်များအား ၎င်းတို့၏ makgeolli နှင့်အတူ စားသုံးရန် ဟင်းမျိုးစုံကို ပေးသည်။ ဘော့စ်ဆာမ် (보쌈/ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ပါးပါးလှီးထားတဲ့ ဝက်ပခုံးသားပြုတ်) နဲ့ ကင်ချီတို့ဟူးတို့ကို မိမိကြိုက်နှစ်သက်ရာ makgeolli အရသာအမျိုးမျိုးနဲ့ တွဲစားလို့ကောင်းပါတယ်။
ဘားအများစုနှင့်မတူဘဲ Mukjeon မှာ original ၊ သစ်အယ်သီး၊ မြေပဲ၊ ခရင်မ်နှင့် စပျစ်သီးတို့အပါအဝင် ရွေးချယ်ရန် makgeolli အရသာမျိုးစုံရှိပါတယ်။ ဘားမှာ အထပ်နှစ်ထပ်ရှိပြီး သက်တောင့်သက်သာ အနားယူဖို့ နေရာရှာနေတဲ့ သူတွေအတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။
Damotori H📍 Yongsan-gu, Seoul
Itaewon ကို ရောက်တဲ့အခါ makgeolli ကို ကိုရီးယားအရသာစစ်စစ်ကို မြည်းစမ်းကြည့်ချင်တယ်၊ ဆိုင်ကောင်းကောင်းလေးလဲ ရှာနေရင်တော့ ဒီဆိုင်လေး သွားကြည့်ဖို့ အကြံပေးပါရစေ။ ဒီဆိုင်ရဲ့ black bean version makgeolli ကတော့ အရသာရှိပြီး နာမည်ကြီးတဲ့အတွက် စမ်းသောက်ကြည့်သင့်ပါတယ်။
ဆိုင်ကတော့ သေးတဲ့အတွက် လူများမယ်ဆိုရင်တော့ ကြိုတင်စာရင်းပေးထားတာက ပိုကောင်းပါတယ်။
Minsokjujeom Yeondaepo📍 Seodaemun-gu, Seoul
민속주점 연대표 (ရိုးရာအရက်ဆိုင်) ကတော့ ဆိုးလ်မှာရှိတဲ့ makgeolli ဘားတွေထဲ Yonsei နဲ့ Ewha ကျောင်းနဲ့နီးတဲ့အတွက် ကျောင်းသားတွေအတွက် ဘုံဆိုင်လေးတခုလို ရေပန်းစားပါတယ်။ ဘလူးဘယ်ရီ၊ စတော်ဘယ်ရီ၊ မက်မွန်သီးနှင့် ပျားရည်စသည့် စွဲမက်ဖွယ်ကောင်းသော makgeolli အရသာမျိုးစုံကို ရနိုင်ပါတယ်။ အခြား makgeolli ဘားများနဲ့နှိုင်းယှဉ်ပါက 연대표 သည် စျေးသက်သာပြီး ပျမ်းမျှအားဖြင့် makgeolli တစ်လုံးကို ဝမ် 4,000 မှ 6,000 လောက်ဘဲ ကုန်ကျပါတယ်။ ဒါ့အပြင် ဆိုင်ကလဲ အတော်လေးကျယ်ဝန်းပြီး အထပ်နှစ်ထပ်ပါ၀င်သောကြောင့် အေးအေးဆေးဆေး လူများလဲ စိတ်ပူစရာမလိုပါဘူး။
Moowol📍 Gangnam-gu, Seoul
Moowol (무월) ဟာ modern စတိုင် makgeolli ဘားတခုဖြစ်ပြီး aronia နဲ့ စတော်ဘယ်ရီ/ငှက်ပျောနို့လိုမျိုး အရသာ makgeolli တွေလဲရှိပါတယ်။ ဒီဆိုင်မှာ လူကြိုက်အများဆုံး အရသာကတော့ aronia makgeolli ဖြစ်ပြီး 1 လီတာအတွက် ဝမ် 15,000 သို့မဟုတ် 500 ml အတွက် 8,000 ဝမ် ကျသင့်မှာ ဖြစ်ပါတယ်။ ဒီဆိုင်က နည်းနည်းကျဥ်းတဲ့ထဲပါတဲ့အတွက် makgeolli သောက်ဖို့လောက်ဘဲ ကောင်းပါတယ်။ အမြည်းအတွက် ဟင်းလျာ အမျိုးမျိုးရှိပြီး အမဲသား၊ ဆူရှီ၊ စွပ်ပြုတ် ကြိုက်တာနဲ့ မြည်းရုံပါဘဲ။
Mr. Ahn’s Craft Makgeolli📍 Gangnam-gu, Seoul
ဆိုးလ်မြို့၊ Itaewon တွင် တည်ရှိပြီး ကိုရီးယားရိုးရာ အရက်တွေဖြစ်တဲ့ takju နဲ့ cheongju တို့လို ဆန်အရက်တွေ ကိုရီးယားဟင်းလျာများလဲ ရပါသေးတယ်။ 2021 နှင့် 2022 Bib Gourmand ဆုများ ဆွတ်ခူးထားပြီး Michelin’s choice မှာဆိုလဲ “good-quality, good-value restaurants.” ဆိုပြီး ဖော်ပြခံထားရပါတယ်။ ဖြစ်သည့် Jirisan black pork jamón ဆိုရင်လဲ makgeolli နဲ့တွဲစားဖို့အတွက် လူကြိုက်များတဲ့ ရွေးချယ်မှုတွေထဲက တခုဖြစ်ပါတယ်။







Leave a Reply
You must be logged in to post a comment.