ကိုရီးယားရောက် မြန်မာကျောင်းသားများအတွက် Java Basic Class

💻 ယနေ့ခေတ်လို အရှိန်အဟုန်နဲ့ တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ IT Industry ထဲ ဝင်ရောက် ဖို့အတွက်ဆိုရင် Programming Language တခုခုကနေ စတင်လိုက်ဖို့ လိုပါတယ်။
🇰🇷 တောင်ကိုရီးယားမှာ IT နဲ့ ပတ်သက်တဲ့ မေဂျာယူပြီး ကျောင်းမှာ Programming Language သင်ကြားတဲ့အခါမှာ ဘာသာစကား အခက်အခဲကြောင့် နားမလည်လိုက်တာ၊ လိုက်မမှီလိုက်တာ ရှိလို့ စိတ်ညစ်နေကြလား?
Web Development, App Development ပိုင်းတွေကို အထူးပြုသွားချင်တဲ့ သူတွေရော ရှိကြလား? Software Engineering ကိုအခြေခံကစပြီး တတ်ချင်သူတွေရော ရှိလား?
ဒါဆိုရင်တော့ Programming Language တခုဖြစ်တဲ့ Java ကို စတင်လေ့လာသင့်ပါတယ်။ Java ကို ‌Application တွေ ရေးတဲ့အခါ၊ Web development လုပ်တဲ့ အခါမှာတင်မကဘဲ အခုခေတ်စားနေတဲ့ Mobile Application တွေရေးတဲ့ နေရာမှာပါ အသုံးများလာကြပါတယ်။ Backend system တွေ ရေးတဲ့အခါမှာတောင် သုံးကြပါသေးတယ်။ Java ဟာ လူသုံးအများဆုံး Programming Language တခုဖြစ်သလို ကိုယ်ကြိုက်နှစ်သက်တဲ့ Programming Language တွေကို ဆက်လက်လေ့လာနိုင်ဖို့ အထောက်အကူ အများကြီး ဖြစ်စေနိုင်ပါတယ်။
ဒီနေ့မှာတော့ MyanGoal Edu ကနေ ကိုရီးယားရောက် မြန်မာ‌ကျောင်းသူ/ကျောင်းသားတွေအတွက် ကိုယ့်ရဲ့ မိခင်ဘာသာစကားနဲ့ သင်ကြားသွားမယ့် MT Coding – Tech က ဖွင့်လှစ်တဲ့ Java Basic အတန်းကို ပြောပြပေးသွားပါမယ်ဗျ။
🏛️ Java Fundamental Online Class
ဒီသင်တန်းကို ဘာလို့တက်သင့်လဲ❓
✅ IT နဲ့ Remote/ Onsite Job လုပ်ချင်သူတွေ
✅ Application တွေကို ဖန်တီးချင်သူတွေ
✅ နည်းပညာကို စိတ်ဝင်စားသူတွေ တက်သင့်ပါတယ်။
သင်တန်းတက်ပြီးရင် ဘာအကျိုးကျေးဇူးတွေ ရနိုင်လဲ❓
အခြေခံကို တတ်မြောက်သွားရင်
👉🏻 Mobile Application တွေကို ဖန်တီးနိုင်တဲ့ Android App Development ကို ဆက်လက် လေ့လာနိုင်ပါမယ်။
👉🏻 Web development ပိုင်းကို စိတ်ဝင်စားရင်လဲ JavaEE, Spring အစရှိတာတွေကို ဆက်လက် လေ့လာနိုင်ပါမယ်။
👉🏻 Computer သုံး Software တွေကိုလဲ ဖန်တီးနိုင်ဖို့ အခြေခံကောင်းတွေကို ရရှိနိုင်ပါမယ်။

🎓 သင်ကြားပေးမယ့် Course Title Outline တွေကတော့
Module 1 – Introduction to Java
Module 2 – Array, Conditional and Looping
Module 3 – Class And Object
Module 4 – OOP
Module 5 – Exception & Threads
Module 6 – Collection framework
Module 7 – Working with file
Final Module – Java Socket

⏰ သင်တန်းစတင်မယ့်ရက်
✅ August 19, 2024 စပါမယ်
⏲️ 7:00PM – 8:30PM (MM time)
⏰ သင်တန်းချိန်
Mon, Wed 7:00PM – 8:30PM (MM Time)
တစ်ပတ်နှစ်ရက်ပါ (2)လကြာပါမယ်။

👨🏻‍💻 သင်ကြားပေးမယ့်သူ
Instructor အနေနဲ့ Application ဖန်တီးရာမှာ အတွေ့အကြုံများစွာရှိတဲ့ Ko Sai Mao ဖြစ်ပါတယ်။ သင်ကြားပေးမယ့် ပုံစံကတော့ Google Meet နဲ့ သင်မှာဖြစ်ပြီး အတန်းမှာသင်ခဲ့တဲ့ Video Record တွေကို ပြန် share ပေးသွားမှာ ဖြစ်ပါတယ်။
💸💰သင်တန်းကြေး
မြန်မာငွေ ၁ သိန်းကျပ်ဖြစ်ပါတယ်။ One by One နဲ့ Custom Course အတွက် အချိန်/ Fees နဲ့ အသေးစိတ်ကို page messenger မှာ လာရောက်ဆွေးနွေးလို့ရပါတယ်ဗျ။
တစ်ယောက်ချင်းစီ သေချာကြည့်ပေးမှာမို့ သေချာအချိန်‌ပေးပြီး စာလိုက်လုပ်ဖို့လဲ လိုအပ်ပါတယ်။ IT Career Road Map ပေါ်ရောက်ချင်တဲ့သူ၊ လျှောက်လှမ်းနေတဲ့သူတွေအတွက် အကျိုးရှိစေတဲ့ Class လေးဆိုလဲ မမှားပါဘူးဗျ။
မိမိရဲ့အားလပ်တဲ့ အချိန်တွေမှာ programming language ရေးတာ သင်ယူပြီး Professional IT Career နဲ့ future plan ခိုင်မာချင်တဲ့ ကျောင်းသူ/ကျောင်းသားများအတွက် MyanGoal Edu x MT Coding – Tech ကို အခုပဲ ဆက်သွယ်လိုက်ပါ။
#နည်းပညာသင်တန်း #နည်းပညာဝန်ဆောင်မှု #Korea #Myanmar #D2Visa #MyanGoal #Education #java


Latest