ဒီနေ့မှာတော့ BTS ပါဝင်ရိုက်ကူးထားတဲ့ ရှိုးမျိုးစုံ 10 ခုထဲက ကျန်နေသေးတဲ့ နောက်ထပ် ရှိုး 5 ခုကို ထပ်မံဖော်ပြပေးလိုက်ပါတယ်။
6. In the SOOP
In the SOOP မှာ BTS ပါဝင်တဲ့အပိုင်းဟာ တောင်ကိုရီးယား မှာ လူကြိုက်မျာခဲ့ပြီး အောင်မြင်ခဲ့တဲ့ reality ရှိုးတခု ဖြစ်ပါတယ်။ ဒီရှိုးမှာ BTS အဖွဲ့ဝင်တွေရဲ့ နေ့စဉ်ဘဝနဲ့ အားလပ်ရက်တွေမှာ ဘာတွေလုပ်ကြလဲဆိုတာကို ရိုက်ကူးပြသထားပါ။ ဒီးရှိုးမှာ ARMYs တွေအနေနဲ့ BTS အဖွဲ့ဝင်တွေ ကျေးလက်မှာရှိတဲ့ ဗီလာတစ်ခုမှာ နေရင်း သူတို့ရဲ့ နေ့စဉ်ဘဝတွေ၊ စကားဝိုင်းတွေ၊ challenges တွေ၊ behind the scenes တွေကို ကြည့်ရှုနိုင်မှာဘဲ ဖြစ်ပါတယ်။ ဒီရှိုးမှာ BTS အဖွဲ့ရဲ့ စစ်မှန်တဲ့ အခိုက်အတန့်တွေကို ကြည်နူးဖွယ်ကောင်းအောင် ရိုက်ကူးပြသထားပါတယ်။
7. BTS Gayo
BTS Gayo ကတော့ 2016 ခုနှစ်မှာ စတင်ထုတ်လွှင့်ခဲ့တဲ့ variety ရှိုးတခု ဖြစ်ပါတယ်။ ဒီရှိုးမှာ အဖွဲ့ဝင်တွေဟာ ဂီတနဲ့ပတ်သက်တဲ့ ဂိမ်းတွေနဲ့ challenges အမျိုးမျိုးကို ကစားကြပြီး သူတို့ရဲ့ အရည်အချင်းတွေနဲ့ အဖွဲ့လိုက် လုပ်ဆောင်မှုတွေကို ပြသထားပါတယ်။ အပိုင်းတခုစီတိုင်းမှာ ရယ်မော ပျော်ရွှင်ဖွယ် ပြိုင်ဆိုင်မှုတွေနဲ့ သူတို့ရဲ့ ဂီတစွမ်းရည်နဲ့ ရင်းနှီးမှုတွေကို ပြတဲ့ ဖျော်ဖြေမှုအပိုင်းတွေ ပါဝင်ပါတယ်။ BTS Gayo မှာ BTS အဖွဲ့ရဲ့ တက်ကြွတဲ့ဖျော်ဖြေတင်ဆက်မှုတွေနဲ့ ပျော်ရွှင်စရာအခိုက်အတန့်တွေကို အတူတကွခံစားလိုတဲ့ ARMYs များအတွက် မဖြစ်မနေကြည့်ရှုရမယ့် ရှိုးတခု ဖြစ်ပါတယ်။
8. Jinny’s Kitchen
Jinny’s Kitchen ကတော့ နိုင်ငံရပ်ခြားမှာရှိတဲ့ ကိုရီးယား စားသောက်ဆိုင်တစ်ဆိုင်မှာ အဖွဲ့တဖွဲ့ရဲ့ အချက်အပြုတ်စွန့်စားခန်းတွေကို ရိုက်ကူးထားတဲ့ တောင်ကိုရီးယား variety ရှိုးတခု ဖြစ်ပါတယ်။ ဒီရှိုးကတော့ လူကြိုက်များတဲ့ Youn’s Kitchen ရဲ့ spin-off ရှိုးတစ်ခု ဖြစ်ပါတယ်။ မင်းသား Lee Seo Jin ဦးဆောင်တဲ့ အဖွဲ့မှာ တွဲဖက်အနေနဲ့ Jung Yu-mi၊ Park Seo-joon၊ Choi Woo-shik နဲ့ BTS အဖွဲ့ဝင် V တို့ ပါဝင်ရိုက်ကူးထားပါတယ်။ Second season မှာတေ့ V က မဖြစ်မနေ စစ်မှုထမ်းရမှာမလို့ မင်းသမီး Go Min Si နဲ့ အစားထိုးခဲ့ပါတယ်။
9. Suchitwa
Suchwita ကတော့ SUGA ပါဝင်တဲ့ variety ရှိုးတစ်ခုဖြစ်ပြီး၊ 2022 ခုနှစ် ဒီဇင်ဘာလ 5 ရက်နေ့မှာ ပြသခဲ့ပြီး ဒီရှိုးမှာ အထူးဧည့်သည်တွေနဲ့ SUGA တို့ အရက်သောက်ရင်း စကားဝိုင်းဖွဲ့ပြောကြပုံကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Suchwita ရဲ့ အဓိပ္ပါယ်ဟာ Time to Get Drunk with SUGA ကို ကိုရီးယားလို အတိုကောက် ဒီပေးထားတာဖြပြီး ဒီရှိုးကို YouTube နဲ့ Weverse တို့မှာ ထုတ်လွှင့်ခဲ့ပါတယ်။ Fans တွေအနေနဲ့ SUGA ရဲ့ တေးဂီတအကြောင်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှုတွေကို ဒီရှိုးမှာ ကြည့်ရှုနိုင်ပါ။
10. BTS’ American Hustle Life
2014 ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ ဒီ American Hustle Life ရှိုးမှာ BTS ဟာ Coolio နဲ့ Warren G တို့လို နာမည်ကြီးတွေဆီက ယဉ်ကျေးမှုအကြောင်းကို လေ့လာဖို့ Los Angeles ကိုသွားရောက်ခဲ့ပါတယ်။ LA မှာနေထိုင်ခဲ့တဲ့ နှစ်ပတ်အတွင်း အဖွဲ့ဝင်တွေဟာ စိန်ခေါ်မှုအမျိုးမျိုးကို ရင်ဆိုင်ခဲ့ကြပြီး ဟစ်ဟော့နဲ့ ပတ်သက်တဲ့ အဖိုးတန်သင်ခန်းစာတွေကို သင်ယူခဲ့ကြပါတယ်။ အခက်အခဲအချို့ရှိပေမယ့် BTS ကြိုးစားအားထုတ်မှုနဲ့ ခံနိုင်ရည်ရှိမှုတွေကို တွေ့ရမှာမလို့ ကြည့်ရှုသင့်ပါတယ်။ ARMYs တွေအနေနဲ့ BTS အဖွဲ့ဝင်တွေ ဟစ်ဟော့ယဉ်ကျေးမှုကို ဘယ်လိုလေ့လာပြီး သူတို့ရဲ့ကိုယိပိုင် စွမ်းရည်တွေကို မြှင့်တင်ဖို့ ကြိုးပမ်းကြပုံကို တွေ့ရမှာဘဲ ဖြစ်ပါတယ်။ ARMYs တွေအတွက် မဖြစ်မနေကြည့်ရှုရမယ့် ရှိုးတခု ဖြစ်ပါတယ်။
#myagoal #myanmar #korea #Kpop #BTS







Leave a Reply
You must be logged in to post a comment.