Kyungsung တက္ကသိုလ်တဝိုက်က နာမည်ကြီးနေရာများ Part-2

ဒီနေ့မှာတော့ Kyungsung တက္ကသိုလ် တဝိုက်က  နာမည်ကြီးနေရာတွေ ဖြစ်တဲ့ Gwangalli ကမ်းခြေ၊ Busan Tower၊ Nampo-dong၊ Centum City တွေအကြောင်းကို ထပ်မံပြောပြပေးမှာဘဲ ဖြစ်ပါတယ်။

4. Gwangalli ကမ်းခြေ (광안리해수욕장)

ဘူဆန်က နာမည်အကျော်ကြားဆုံး ကမ်းခြေတွေထဲက တစ်ခုကတော့ Gwangalli ကမ်းခြေဖြစ်ပါတယ်။ Kyungsung တက္ကသိုလ်နဲ့လည်း နီးနီးလေးဖြစ်ပြီး မြေအောက်ရထား ဒါမှမဟုတ် ဘတ်စ်ကားနဲ့ သွားလာနိုင်ပါတယ်။ ကြည်လင်သောရေနဲ့ နူးညံတဲ့ သဲသောင်တွေကြောင့် နာမည်ကြီးတဲ့အပြင် Gwangalli ကမ်းခြေဟာ Gwangan တံတားရဲ့ အကောင်းဆုံးရှုခင်းတွေကို ကြည့်ရှုနိုင်မယ့် တစ်ခုတည်းသောနေရာ ဖြစ်ပါတယ်။ Diamond Bridge လို့လည်း လူသိများတဲ့ Gwangan တံတားဟာ ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ကြိုးထိန်းတံတား ဖြစ်ပြီး လမ်းလျှောက်ဖို့ ဒါမှမဟုတ် စက်ဘီးစီးဖို့ နေရာကောင်းတစ်ခုလဲ ဖြစ်ပါတယ်။ ညနေပိုင်းဆိုရင် Gwangan Bridge Light Show မှာ light show ကောင်းကောင်းကို ကြည့်ရှုခံစားနိုင်ပါတယ်။ ကမ်းခြေကနေ ဒါမှမဟုတ် အနီးနားက ကော်ဖီဆိုင်မှာ ကြည့်တာက အကောင်းဆုံး ဖြစ်ပါတယ်။

5. Busan Tower (부산타워)

1973 ခုနှစ်မှာ တည်ဆောက်ခဲ့တဲ့ Busan Tower ဟာ အထင်ကရနေရာတစ်ခုဖြစ်ပြီး ကမ္ဘာလှည့်ခရီးသည်တွေလဲ လာရောက်လည်ပတ်သင့်ကြတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ Yongdusan ပန်းခြံလဲတည်ရှိပြီး Kyungsung တက္ကသိုလ်ကနေ မြေအောက်ရထားနဲ့ ရောက်ရှိဖို့ မိနစ် 30 လောက်ဘဲ ကြာပါတယ်။ အမြင့် 394 ပေ မြင့်တဲ့ ဒီရှုခင်းမျှော်စင်ဟာ Busan ရဲ့ တစ်မြို့လုံးရဲ့ အကောင်းဆုံး ရှုခင်းတွေကို ကြည့်နိုင်မှာဘဲ ဖြစ်ပါတယ်။ ညဘက်ဆိုလဲ Busan Tower ဟာ ရောင်စုံမီးတွေနဲ့ လင်းထိန်နေပြီး ပန်းခြံထဲမှာလဲ အေးဆေးလမ်းလျှောက်နိုင်မယ့် လျှောက်လမ်းတွေ ရှိပါသေးတယ်။

6. Nampo-dong (남포동)

Nampo-dong ကတော့ Kyungsung University နဲ့ အနီးဆုံးနေရာ မဟုတ်ပေမယ့်လည်း ဒီနေရာကို မြေအောက်ရထား ဒါမှမဟုတ် ဘတ်စ်ကားနဲ့ အလွယ်တကူ သွားနိုင်ပါတယ်။ Nampo-dong ဧရိယာမှာ Gwangbok-ro စျေးဝယ်လမ်း၊ Jagalchi ငါးစျေးနဲ့ BIFF Square (Busan International Film Festival Square) တို့လို နာမည်ကြီးနေရာတွေ ရှိပါတယ်။ ကျောင်းပိတ်ရက် ဒါမှမဟုတ် စနေ၊ တနင်္ဂနွေနေ့တွေမှာ အားလပ်ချိန်အနည်းငယ်ရရင်တော့ Nampo-dong ကို သွားပြီး ပင်လယ်စာစားနဲ့ BIFF တဝိုက် လျှောက်လည်ဖို့အတွက် အကောင်းဆုံးနေရာ ဖြစ်ပါတယ်။

7. Centum City (센텀시티)

ဒီဧရိယာမှာရှိတဲ့ Shinsegae Centum City Department Store ကတော့ ကမ္ဘာ့အကြီးဆုံး စတိုးဆိုင်အဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်တင်ထားတာ ဖြစ်ပါတယ်။ Centum City ကို Kyungsung တက္ကသိုလ်ကနေ မိနစ် 20 လောက် မြေအောက်ရထား ဒါမှမဟုတ် ဘတ်စ်ကားစီးပြီး လွယ်ကူစွာ သွားနိုင်ပါတယ်။ Kyungsung တက္ကသိုလ်မှာ ကျောင်းတက်ရင်း လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေကို ဝယ်ယူနိုင်ပါတယ်။ ဖျော်ဖြေရေး အစုံအလင်ရှိရှိ ရေခဲစကိတ်ကွင်းကနေ ရုပ်ရှင်ရုံ၊ ဂေါက်ကွင်းနဲ့ spa တို့ရှိပါတယ်။ စတိုးဆိုင်တွေမှာလဲ အမျိုးသမီးအ၀တ်အစား၊ အမျိုးသားဝတ်စုံတေါကအစ ကလေးအဝတ်အစားအမှတ်တံဆိပ်တွေ၊ အလှကုန်ဆိုင်တွေ၊ အားကစားပစ္စည်းတွေအထိ ပစ္စည်းမျိုးစုံကို ရရှိနိုင်ပါတယ်။

ကဲ ဒီလိုနေရာမျိုးတွေ ရှိတာမလို့ ဘူဆန်မြို့မှာ ကျောင်းတက်ချင်နေပြီလား ? ဒါမှမဟုတ် တခြားမြို့တွေမှာရော ကျောင်းတက်ချင််နေပြီလား ? ဒါဆိုရင်တော့ MyanGoal – Education ဆီလာခဲ့လိုက်နော်။ ကျောင်းလျှောက်ဖို့အတွက် ဆွေးနွေးတိုင်ပင်လိုပါက ဖုန်းနံပါတ် ☎️ 09440094094 သို့ ဆက်သွယ်နိုင်သလို၊ လူကိုယ်တိုင်လာရောက် စုံစမ်းလိုပါက ရန်ကုန်ရုံးသို့ လာရောက်နိုင်ပါတယ်။

Korea မှာ ကျောင်းတက်ချင်လား MyanGoal Edu ဆီလာ🙋🏻‍♂️

အသေးစိတ် ဆက်သွယ်မေးမြန်းလိုရင်

📍Office (Korea): 인천광역시 부평구 광장로 16, 1층 11호

ဘူဖျောင်းဘူတာ Shopping Mall, Lotte Mart မြေညီထပ် 11, အင်ချွန်း။

 ☎️(+82) 010-9992-1478

📍 Office (Myanmar): No(76) 4B, Bogyoke St, Bamar Aye Qtr, Dawbone Tsp, Yangon, Myanmar

 ☎️(+95) 09-440-094-094


Latest