Your cart is currently empty!
G-Dragon ရဲ့ “Good Day” variety show
BIGBANG အဖွဲ့ဝင် G-Dragon ကတော့ 7 နှစ်ကြာပြီးတဲ့နောက် မကြာသေးခင်က comeback singles နှစ်ခုနဲ့ music chart တွေရဲ့ ဇယားထိပ်ဆုံးကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ အခုနောက်ဆုံးထွက်ရှိထားတဲ့ သတင်းတွေအရတော့ သူဟာ Infinite Challenge မှာ လုပ်ကိုင်ခဲ့တဲ့ PD Kim Tae Ho နဲ့ ပူးပေါင်းပြီး သူ့ရဲ့ကိုယ်ပိုင် variety show ကို ထုတ်လွှင့်ဖို့ စီစဉ်နေပါတယ်။
G-Dragon ဟာ မကြာသေးခင်က POWER နဲ့အတူ သူ့ရဲ့တစ်ကိုယ်တော် comeback ပြုလုပ်ခဲ့ပါတယ်။ ဒီသီချင်းဟာ ထွက်ရှိပြီးတဲ့နောက် streaming platform တွေနဲ့ music chart တွေမှာ အောင်မြင်မှု ရရှိခဲ့ပါတယ်။ ဒီလိုအောင်မြင်မှုတွေ ရပြီးတဲ့နောက် G-Dragon ဟာ HOME SWEET HOME လို့ နာမည်ပေးထားတဲ့ နောက်ထပ်သီချင်းကို ထုတ်ခဲ့ပြီး ဒီသီချင်းမှာ featuring အနေနဲ့ Taeyang နဲ့ Daesung တို့ ပါဝင်ခဲ့ကြပါတယ်။ ဒီလိုမျိုး BIGBANG အဖွဲ့ဝင်တွေ ပါဝင်တာကြောင့်လဲ ပရိသတ်တွေ အကြိုက်တွေ့ခဲ့ပါတယ်။
G-Dragon ဟာ သူ့ရဲ့ကိုယ်ပိုင်ရှိုးအတွက် Infinite Challenge က PD Kim Tae Ho နဲ့ ရိုက်ကူးဖို့ ဆွေးနွေးနေတယ်လို့ ကိုရီးယားမီဒီယာတစ်ခုက ဒီဇင်ဘာ 12 ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။ ရှိုးနာမည်ကိုလဲ GD and Friends ဒါမှမဟုတ် good day ဖြစ်နိုင်ချေရှိပါတယ်။ သတင်းအရ ပထမအပိုင်းအတွက် ရိုက်ကူးရေး ပြီးစီးနေပြီဖြစ်ပြီး 2025 တွင် MBC တွင် ပြသဖို့ စီစဥ်ထားတာ ဖြစ်ပါတယ်။
2024 ခုနှစ် ဒီဇင်ဘာလ 15 ရက်နေ့မှာတော့ MBC ဟာ BIGBANG ၏ G-Dragon ရဲ့ Good Day ရှိုး ထုတ်လွှင့်မှုကို အတည်ပြုခဲ့ပါတယ်။ PD Kim Tae Ho နဲ့အတူ G-Dragon ရဲ့ ပုံရိပ်တွေကို ထုတ်ဖော်ပြသခဲ့ပြီး ရှိုးရဲ့ အရိပ်အယောင်ကို ပြသလိုက်ပါတယ်။ G-Dragon ဟာ PD Jung Hyung Don နဲ့ 2013 ခုနှစ် Infinite Challenge Song Festival မှာ ပူးပေါင်းရိုက်ကူးပြီးနောက် 12 နှစ်အကြာမှာ ယခုလို ပြန်လည်ဆုံဆည်းကြတာ ဖြစ်ပါတယ်။
သူ့ရဲ့ ရှိုးမှာ Weekly Idol နဲ့ နာမည်ကြီး လူရွှင်တော် Jung Hyung Don လည်း ပါဝင်ဖို့ ဆွေးနေလျက်ရှိပါတယ်။ ဒါပေမယ့်လည်း သူ့ကို ပုံမှန်အဖွဲ့ဝင်တစ်ဦးအဖြစ်လား ဧည့်သည်အဖြစ်လား ပါဝင်မှာလားဆိုတာကိုတော့ ထုတ်ဖော်ပြောကြားထားခြင်း မရှိပါဘူး။ ဒါ့အပြင် ဒီရှိုးမှာလဲ Defconn၊ Cho Sae Ho နဲ့ CODE KUNST အပါအဝင် သူနဲ့ရင်းနှီးတဲ့ သူငယ်ချင်းတွေ ပါဝင်နိုင်ပြီး နောက်ထပ်နာမည်ကြီး အနုပညာရှင်တွေနဲ့ K-pop idols တွေ ပါဝင်မယ်လို့ ခန့်မှန်းထားကြပါတယ်။
#Myanmar #myangoal #korea #kpop #entertainment #comeback #gdragon







Leave a Reply
You must be logged in to post a comment.