Your cart is currently empty!
K Netizen တွေကြား ပြဿနာအကြီးကျယ်တက်နေတဲ့ Jessi
ပရိတ်သတ်တစ်ယောက် အထိုးခံရတဲ့ ကိစ္စကို လျစ်လျူရှုခဲ့တဲ့ အချက်နဲ့ K Netizen တွေရဲ့ လက်ရှိမှာ ပြောစရာ ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ဆိုလ်းမြို့ရဲ့ ဘားတွေကလပ်တွေပေါတဲ့ အီထယ်ဝန် မှာ ဖြစ်ခဲ့တာပါ။ ပရိတ်သတ်ကောင်လေးတစ်ယောက်က လမ်းမပေါ်မှာ ဂျက်ဆီကိုလာပြီး လတ်မှတ်ထိုးပြီး ဓါတ်ပုံလေး ရိုက်ပေးလို့ရမလား လာမေးခဲ့ပါတယ်။ ဂျက်ဆီက “သူ့မှာဘောပင်လည်းမပါလာကြောင်း သူ့ကိုယ်ပိုင်အချိန်လေးက ဒီအချိန်လေးပဲရှိတာမို့ လွတ်လွတ်လပ်လပ်လေးနေချင်လို့ပါ၊ ဒီနေ့တော့ မရိုက်ပေးတော့ဘူး နောက်တစ်ခေါက်ပေါ့” လို့ပြောကာ လှည့်ထွက်သွားခဲ့ပါတယ်။ ဂျက်ဆီခပ်လှမ်းလှမ်းအရောက် Bar ထဲအဝင်မှာ အမျိုးသားတစ်ယောက်က English လို ရိုင်းဆိုင်းစွာပြောဆိုပြီး ကောင်လေးကို ထိုးခဲ့တယ်လို့ပြောပါတယ်။
JTBC က ထုတ်တဲ့ Video အရ Jessi က နောက်လှည့်မကြည့်ခြင်း၊ တိုက်ခိုက်သူ အမျိုးသားဟာ English လိုပြောခြင်းကြောင့် Jessi ပါဝင်ပတ်သက်နေမလားဆိုတဲ့ ယူဆချက်ကြောင့် အကြမ်းဖက်မှု ပါဝင်ပတ်သက်သူ သံသယအမှုနဲ့ ၆နာရီကျော်ကြာ ရဲဖမ်း စစ်ဆေးမေးမြန်း ခံခဲ့ရပါတယ်။
ဒါပေမယ့် Jessi ရဲ့ ဖြေရှင်းချက်တွေအရ “စကားပြောအပြီးမှာ ကျွန်မက လှည့်ထွက်သွားရုံသာဖြစ်ပြီး၊ အသံကြားပေမယ့် လာပြောသူဖြစ်နေမှန်းမထင်ခဲ့/ မသိခဲ့လို့ပါ။ အီထယ်ဝန်ဆိုတဲ့ နေရာက ရန်ဖြစ်တတ်ကြတဲ့ နေရာမို့ လှည့်မကြည့်ခဲ့တာဖြစ်ကြောင်းနဲ့ သူမှန်းသိရင် လှည့်ကြည့်မှာဖြစ်ကြောင်း၊ တိုက်ခိုက်သူကိုလည်း ကျွန်မ မသိကြောင်းနဲ့ နစ်နာသူအတွက်လည်း ဝမ်းနည်းပြီး အနူးအညွန့်တောင်းပန်ကြောင်း” ထွက်ဆိုခဲ့ပါတယ်။
ရဲတွေ CCTV Camera တွေလိုက်ကြည့် စုံစမ်းပြီးမှာတော့ ဂျက်ဆီတို့ ထိုင်နေကြတဲ့ ဝိုင်းမှာရော ဆိုင်ထဲမှာရော တိုက်ခိုက်သူအမျိုးသားက အစအဆုံးရှိမနေခြင်း၊ လမ်း CCTV တွေအရလည်း ဂျက်ဆီနဲ့ အတူတူရှိနေတာမျိုးမရှိခြင်း၊ အရင်ကလည်း သူနဲ့ အတူတူရှိနေဖူးတာမျိူး မရှိခြင်း အစရှိတာတွေကြောင့် ၆နာရီအကြာ စစ်ဆေးအပြီးမှာ လွတ်လာပါတယ်။
အမှု ဖြစ်စဥ် အပြည့်အစုံကို ရဲတွေက ဆက်လက်စုံစမ်းနေပေမယ့် Jessi ကတော့ လက်ရှိမှာ ဝေဖန်မှုတွေကို အပြင်းအထန်ရရှိနေပါတယ်။ Jessi ဟာ မိခင်ကိုရီးယားဘာသာစကားကို အလုံးစုံမတတ်ကျွမ်းပါဘူးလို့ ထုတ်ပြောလေ့ရှိပြီး ကိုရီးယားရဲ့ယဉ်ကျေးမှုအရ သက်ကြီးဝါကြီးတဲ့ လူကြီးတွေနဲ့စကားပြောရင် 높임말 (ယဉ်ကျေးစွာပြောဆိုတဲ့ အမြင့်သုံးစကား) ကို မပြောဘဲ အနိမ့်စကားများနဲ့သာ ပြောလေ့ရှိပါတယ်။ ဒါဟာ ဘာသာစကားမကျွမ်းကျင်တဲ့သူဖြစ်ရင် တောင်ကိုရီးယားရဲ့ ယဉ်ကျေးမှုအရ လက်ခံပေးနိုင်ပေမယ့် လက်ရှိ K Netizen တွေရဲ့ ဖော်ထုတ်လာတဲ့ အချက်တွေအရ Jessi ဟာဆိုရင် အမြင့်သုံးစကားတွေကို သူ့အကျိုးအတွက် အရေးပါသူ၊ အရေးကြီးသူတွေစီမှာ အသုံးပြုခဲ့ကြောင်း။ သာမန်လူတွေနဲ့ဆို ဘာသာစကား မကျွမ်းကျင်တာ အကြာင်းပြပြီး တောင်ကိုရီးယား ယဉ်ကျေးမှုကို ဆန့်ကျင်ကာ လူအဆင့်တန်းခွဲခြားမှုတွေရှိနေတာကို ဖော်ထုတ်ခဲ့ကြပါတယ်။
Label ကိုပါ Jessi အား ဖြုတ်ပေးရန် စာတွေပို့ကြပါတယ်။ စာချုပ်ခဏဆိုင်းငံ့ထားဖို့ ညှိနှိုင်းခဲ့ပြီး အာရုံအနောက်မခံချင်ကြောင်းပြောကာ DOD Entertainment နဲ့ စာချုပ်ဖျက်သိမ်းလိုက်ပါတယ်။







Leave a Reply
You must be logged in to post a comment.