Your cart is currently empty!

Kim Woo Bin နဲ့ Shin Min Ah တို့ရဲ့ အင်ချွန်းလေဆိပ်ကို အတူသွားတဲ့ပုံတွေ အင်တာနက်ပေါ်မှာ တက်လာ (21.11)
Kim Woo Bin နဲ့ Shin Min Ah တို့ရဲ့ အင်ချွန်းလေဆိပ်ကို အတူသွားတဲ့ပုံတွေ အင်တာနက်ပေါ်မှာ တက်လာ
အကျော်ကြားဆုံး K-Drama စုံတွဲတွေထဲက တစ်တွဲကတော့ Kim Woo Bin နဲ့ Shin Min Ah တို့ အတွဲဘဲ ဖြစ်ပါတယ်။ သူတို့စုံတွဲဟာ သူတို့ရဲ့ relatonship ကို လူသိရှင်ကြားမပြကြပေမယ့် သူတို့ရဲ့ကြည်နူးစရာ ဓာတ်ပုံတွေကြောင့် အင်တာနက်အသုံးပြုသူတွေရဲ့ နှလုံးသားကို အမြဲတမ်း နွေးထွေးစေပါတယ်။
နိုဝင်ဘာလနှောင်းပိုင်းတုန်းက ဒီနာမည်ကြီး စုံတွဲကို လေဆိပ်မှာ အတူတွေ့လိုက်ရတယ်ဆိုပြီး သတင်းတွေထွက်ပေါ်လာခဲ့ပြီး သူတို့နှစ်ဦးရဲ့ နိုင်ငံခြားခရီးစဉ်အတွက် မထွက်ခွာခင် အင်ချွန်းလေဆိပ်က ပုံတွေဟာ အင်တာနက်ပေါ်မှာ တက်လာခဲ့တာ ဖြစ်ပါတယ်။ တော်တော်ကြာပြီးတဲ့နောက် သူတို့နှစ်ယောက်ကို ဒီလိုမျိုး အတူတွဲတွေ့ရတာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ခရီးတွေအတူ ထွက်လေ့ရှိပေမယ့် နှစ်ယောက်အတူတွဲပြီး ဓာတ်ပုံတွေ တင်လေ့မရှိပါဘူး။
2021 ခုနှစ် ဧပြီလတုန်းကလဲ Kim Woo Bin နဲ့ Shin Min Ah တို့ဟာ သူတို့ရဲ့ သက်ဆိုင်ရာ Instagram အကောင့်တွေမှာ ဓာတ်ပုံတွေ တင်ခဲ့ကြပြီး နောက်ခံ background က သာယာတဲ့ တောအုပ်ချင်းတူနေတာကြောင့် ပရိတ်သတ်တွေဟာ ချက်ချင်း သတိပြုမိခဲ့ပါသေးတယ်။ ဒါကြောင့်လဲ Netizens တွေကတော့ ပျော်ရွှင်စရာကောင်းတဲ့ စုံတွဲကို အတူတူမြင်ရတာကို သဘောကျကြပြီး တော်တော်များများကတော့ သူတို့နှစ်ယောက်ကို အမြန်ဆုံး လက်ထပ်စေချင်ကြပါတယ်။ သူတို့နှစ်ယောက်ရဲ့ ချစ်သူသက်တမ်းဟာလဲ ဆယ်နှစ်နီးပါးလောက် လက်တွဲလာခဲ့တာ ဖြစ်ပါတယ်။
ကဲဒါဆို Shin Min Ah နဲ့ Kim Woo Bin တို့ ဘယ်အချိန်က စတွေ့ခဲ့ကြတာလဲ ?
Shin Min Ah နဲ့ Kim Woo Bin တို့ကြားမှာ ထူးထူးခြားခြား တွေ့ဆုံမှုကတော့ 2015 ခုနှစ် ဇန်နဝါရီလမှာဖြစ်ပြီး အမှတ်တံဆိပ်တစ်ခုအတွက် ambassador တွေအဖြစ် လုပ်ကိုင်ကြရင်း စတင်ဆုံတွေခဲ့ကြတာ ဖြစ်ပါတယ်။ ယင်းနောက်တွင် မှတ်တမ်းများက ထင်ရှားသော ဓာတုဗေဒကို အလေးပေးဖော်ပြကာ ဇာတ်ဆောင်နှစ်ဦး၏ အချစ်ဇာတ်လမ်းကို လောင်ကျွမ်းစေမည့် မီးပွားများကို အရိပ်အမြွက်ဖော်ပြခဲ့သည်။
Shin Min Ah နဲ့ Kim Woo Bin တို့ရဲ့ အချစ်ရေးကို ဘယ်အချိန်မှာ ထုတ်ဖော်ခဲ့ကြသလဲ ?
2015 ခုနှစ် ဇူလိုင်လလောက်မှာတော့ ကိုရီးယားမီဒီယာတွေဟာ Shin Min Ah နဲ့ Kim Woo Bin တို့ ချစ်သူဖြစ်နေကြကြောင်း သတင်းတွေ ဖော်ပြလာခဲ့ပါတယ်။ Dispatch ကနေပြီးတော့ သူတို့နှစ်ယောက်ရဲ့ ဓာတ်ပုံတွေကို ဖော်ပြလိုက်ပြီးတဲ့ အခါမှာတော့ သက်ဆိုင်ရာ အေဂျင်စီတွေကနေပြီး သူတို့နှစ်ယောက် ချစ်သူဖြစ်နေပြီ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ဒါပေမယ့် သူတို့ ပရိသတ်တွေရဲ့ အားပေးမှုများတာကြောင့် သူတို့ရဲ့ အချစ်ရေးဇာတ်လမ်းကို သိုသိုသပ်သပ်နဲ့ ဖြတ်သန်းကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ 2015 ခုနှစ် အောက်တိုဘာလမှာတော့ သူတို့နှစ်ယောက်ရဲ့ စုံတွဲအဖြစ် ကြေငြာရိုက်ကူထားတာကလဲ ထွက်ရှိလာခဲ့ပါတယ်။
၂၀၁၆ ခုနှစ် မတ်လမှာတော့ Shin Min Ah ဟာ Uncontrollably Fond ဒရာမာဇာတ်လမ်းတွဲမှာ ပါဝင်တဲ့ Kim Woo Bin ကို support တဲ့အနေနဲ့ food truck ပေးပို့ပြီး surprise ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် Kim Woo Bin ကင်ဆာဖြစ်နေတဲ့တလျှောက်လုံးလဲ Shin Min Ah ဟာ မအားလပ်တဲ့ အချိန်ဇယားတွေကြားက သူ့ရဲ့ဘေးနားမှာ အားပေးကူညီခဲ့ပါတယ်။ 2017 ခုနှစ်၊ မေလ 24 ရက်နေ့မှာ Kim Woo Bin ရဲ့ အေဂျင်စီက သူဟာ nasopharyngeal ကင်ဆာရောဂါ ရှိနေကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ကင်ဆာရောဂါကုသမှုတွေ ပြီးဆုံးသွားပြီးနောက် 2019 ခုနှစ် ဇန်နဝါရီလမှာတော့ Shin Min Ah နဲ့ Kim Woo Bin တို့ဟာ သြစတြေးလျကို အပျော်ခရီးစဥ်သွားတဲ့ ပုံတွေ အင်တာနက်ပေါ် တက်လာတာကြောင့် သူတို့နှစ်ယောက် အချစ်ခရီးကို ပျော်ရွှင်စွာ ဖြတ်သန်းနေရကြောင်း တွေ့ရပါတယ်။
Kim Woo Bin ဟာ 2020 ခုနှစ် ဖေဖော်ဝါရီလမှာ ရှစ်နှစ်ကြာလက်တွဲခဲ့တဲ့ အေဂျင်စီ SidusHQ နဲ့လမ်းခွဲပြီး ချစ်သူ Shin Min Ah ရဲ့ အေဂျင်စီဖြစ်တဲ့ AM Entertainment နဲ့ ပူးပေါင်းခဲ့ပါတယ်။ Kim Woo Bin နဲ့ Shin Min Ah တို့ စုံတွဲရဲ့ ပထမဦးဆုံး တွဲဖက်ရိုက်ကူးခဲ့တာကတော့ ‘Our Blues’ ဆိုတဲ့ ကိုရီးယားဒရာမာစီးရီးထဲမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ စီးရီးထဲမှာကတော့ စုံတွဲမဟုတ်ဘဲ Shin Min Ah က မင်းသား Lee Byung Hun နဲ့ ဖြစ်ပြီး Kim Woo Bin ကတော့ မင်းသမီး Han Ji Min နဲ့ ဖြစ်ပါတယ်။ 2023 ခုနှစ် နိုဝင်ဘာလ 27 ရက်နေ့မှာ Kim Woo Bin ဟာ သူရဲ့ချစ်သူ Shin Min Ah ကို အားပေးဖို့အတွက် ကိုရီးယားဒရာမာစီးရီး ‘Our Season’ ရဲ့ VIP Premiere ကိုလဲ surprise လာရောက်ခဲ့ပါသေးတယ်။
#myangoal #korea #Myanmar #kimwoobin #shinminah






Leave a Reply
You must be logged in to post a comment.