Your cart is currently empty!
တောင်ကိုရီးယားနိုင်ငံရဲ့ အင်ချွန်းမြို့ကို ရောက်ပြီဆိုရင်တော့ အစားတလိုင်းကိုမှ ဘာစားရင်ကောင်းမလဲ စဥ်းစားနေတဲ့သူတွေ ရှိကြလား ? 🤔 ဒီနေ့မှာတော့ အင်ချွန်းမြို့ရဲ့ Ganghwado, Songdo, Wolmido နေရာတွေ ဆိုင်ကောင်းလေးတွေကို ညွှန်းလိုက်ပါတယ်ဗျို့။ 🗣️📢 နောက်အပတ်ကျရင်လဲ Incheon မြို့က နာမည်ကြီး ခရီးသွားနေရာတွေရဲ့ အရသာရှိတဲ့ စားသောက်ဆိုင်တွေကို ပြောပြပေးမှာမလို့ ဆက်လက် စောင့်မျှော်ကြပါဦးနော်။
Ganghwado ကစားသောက်ဆိုင်များ
Haru Jeongsik (하루정식)
လိပ်စာ- 인천 강화군 강화대로404번길 7 그랑프리타워 1층 105호
#105 Grand Prix Tower, 7 Ganghwa-daero-404beon၊
အလုပ်ချိန်- 11:30-21:00 နားချိန် 15:00-17:00 (နောက်ဆုံးအော်ဒါမှာရန် 14:00၊ 19:30) တနင်္ဂနွေနဲ့ အင်္ဂါနေ့ ပိတ်ပါတယ်။
Haru Jeongsik (하루정식) ဆိုင်ကတော့ လမ်းကြားထဲမှာရှိပေမယ့် ကိုရီးယားဒေသခံတွေကြားမှာ ဘယ်လောက်နာမည်ကြီးလဲ ဆိုတာကတေ့ ဆိုင်မှာ စားသောက်နေကြတဲ့ ဖောက်သည်တွေအပြည့်သက်သေပါဘဲ။ ထင်ရှားတဲ့ ဟင်းလျာကတော့ ထမင်း၊ စွပ်ပြုတ်၊ အဓိက ဟင်းလျာများ နှင့် အရံဟင်းလျာများ ပါတဲ့ ကိုရီးယား ရိုးရာအစားအစာ set menu ဖြစ်ပါတယ်။
Songdo ကစားသောက်ဆိုင်များ
Geogung (거궁)
လိပ်စာ- 인천 연수구 송도국제대로 157 오네스타 2층
Honestar 2F, 157 Songdo Gukjae-daero, Yeonsu-gu, Incheon
ဆိုင်ဖွင့်ချိန်- 11:00-22:00
Geogung (거궁) ကတော့ ဆိုင်ခွဲများစွာဖွင့်ထားတဲ့ ကိုရီးယားစားသောက်ဆိုင်ဖြစ်ပြီး ဒီဆိုင်ရဲ့ထူးခြားချက်ကတော့ ကိုရီးယားလူမျိုးတွေလဲ နှစ်သက်သဘောကျတဲ့ “အင်ချွန်းထမင်း” လို့ခေါ်တဲ့ ဟင်းလျာဖြစ်ပါတယ်။ အရံဟင်းလျာတော်တော်များများမှာ ငါး၊ အသားထုပ်၊ ကဏန်း၊ အသီးအရွက် စတာတွေ ပါဝင်တာကြောင့် ကိုရီးယားအစားအစာ ကြိုက်နှစ်သက်သူများ ဒီဆိုင်ကို သွားစားကြည့်သင့်ပါတယ်။
Onsen Tendon (온센 페동)
လိပ်စာ- 인천 연수구 송도국제대로 123 현대프리미엄아울렛 송도점 B1
Hyundai Premium Outlet B1, 123 현대프리미엄아울렛 송도점 B1 Hyundai Premium Outlet B1, 123eon-Songero-guudo၊
ဆိုင်ဖွင့်ချိန်- 10:30-20:00 (နောက်ဆုံးအော်ဒါမှာရန် 19:40)
Hyundai Premium Outlet Department Store တွင်ရှိတဲ့ Onsen Tendon ကတော့ Gangnam၊ Gwanghwamun နဲ့ Seoul အစရှိတဲ့နေရာတွေမှာ ဆိုင်ခွဲများဖွင့်ထားတဲ့ ဂျပန်စတိုင် တန်ပူရာ ထမင်းပရတဲ့ စားသောက်ဆိုင်ဖြစ်ပါတယ်။ ဒီဆိုင်မှာ ထမင်းကို အရသာရှိတဲ့ ပုဇွန်ကြော်၊ ပင်လယ်ရေညှိကြော်၊ ခရမ်းချဉ်သီးကြော်၊ မှိုကြော်၊ ငရုတ်ကောင်းကြော်၊ ရွှေဖရုံသီးကြော်နဲ့ ကြက်ဥပြုတ်ကြော်တို့နဲ့ ရောနယ်ထားတာက နာမည်ကြီးပါတယ်။ ဒီဆိုင်ရဲ့ စပါယ်ရှယ် ဆော့စ်နဲ့တွဲစားရင်လဲ ချိုမြမြနဲ့ စားလို့ကောင်းပါတယ်။
An’s Bakery (안스베이커리 송도점)
လိပ်စာ- 인천 연수구 센트럴로 160
160 Central-ro၊ Yeonsu-gu၊ အင်ချွန်း
ဆိုင်ဖွင့်ချိန်- 08:00-23:00
An’s Bakery ရဲ့မီနူးတွင် ပေါင်မုန့်၊ ကိတ်မုန့်၊ ကော်ဖီနဲ့ တခြားသရေစာတွေ ရနိုင်ပြီးတော့ စျေးနှုန်းတွေ က အရမ်းမကြီးဘဲ အထဲမှာ ထိုင်ခုံနေရာလည်း အသင့်အတင့် ရှိပါတယ်။ ဒီဆိုင်ကို ဒေသခံအများစုကတော့ အေးဆေးလေး အနားယူပြီး မုန့်လာစားမယ်ဆို ရွေးချယ်လေ့ ရှိကြပါတယ်။
Wolmido ကစားသောက်ဆိုင်များ
Dalbit Jogae (달빛조개)
လိပ်စာ- 인천 중구 월미문화로 65
65 Wolmimunhwa-ro, Jung-gu, Incheon
ဆိုင်ဖွင့်ချိန်- တနင်္လာ-သောကြာ 17:00-24:00 စနေ- 11:00-2:00 တနင်္ဂနွေ- 11:00-24:00
Wolmi Culture Street ဆိုင်ရဲ့ တစ်ဖက်တစ်ချက်စီမှာ ငါးစိမ်း၊ ဂုံးကင်နှင့် ပင်လယ်စာ kalguksu (ဓားခုတ်ခေါက်ဆွဲ) တို့လိုမျိုး ပင်လယ်စာတွေ ရောင်းတဲ့ဆိုင်တွေရှိပေမယ့် Wolmido ကျွန်းရောက်ရင် စားသင့်တာကတော့ ဂုံးကင်ဖြစ်ပါတယ်။ ဒီဆိုင်ရဲ့ Couple Set မှာဆိုရင် ခရု၊ ပုစွန်နှင့် ပင်လယ်စာ kalguksu တို့ ပါပါတယ်။ ဒါကြောင့် Wolmido ကျွန်းကို ရောက်လို့ ဂုံးကင် စားချင်ရင်တော့ ဒီကို လာရောက်မြည်းစမ်းသင့်ပါတယ်။
Yeongjong Island ကစားသောက်ဆိုင်များ
Haesong Ssambap (해송쌈밥)
လိပ်စာ- 인천 중구 공항서로 177
177 Gonghangseo-ro, Jung-gu, Incheon
ဆိုင်ဖွင့်ချိန်- 10:30-20:30 နောက်ဆုံးအော်ဒါမှာ 19:50
စားသောက်ဆိုင်ကတော့ လေးထပ်တိုက်အဆောက်အအုံထဲ မှာရှိတာဖြစ်ပြီး စတုတ္ထထပ်မှာ ရှုခင်းကောင်းတဲ့ ကော်ဖီဆိုင်လည်း ရှိပါတယ်။ အစာစားပြီး အနားယူလိုသူများအတွက် ကော်ဖီဆိုင်မှာ အေးဆေးသွားထိုင်နိုင်ပါတယ်။ Ssambap ဆိုတာကတော့ အသီးအရွက်တွေနဲ့ ထုပ်ထားသော ထမင်းနဲ့ အရံဟင်းလျာတွေကိုခေါ်တာဖြစ်ပါ။ ဆော့စ်ကိုလဲ မြေပဲ၊ ရွှေဖရုံစေ့၊ နေကြာစေ့နဲ့ သစ်ကြားသီးလိုမျိုး အစေ့အဆံ အမျိုး 20 နဲ့ ပြုလုပ်ထားတာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။
Hwanghae Haemul Kalguksu (황해해물칼국수)
လိပ်စာ- 인천 중구 마시란로 24
24 Masiran-ro၊ Jung-gu၊ အင်ချွန်း
ဆိုင်ဖွင့်ချိန်- အင်္ဂါနေ့ ၀၉း၀၀ မှ ၁၉း၀၀ ထိ
အပြင်ဘက်နေကြည့်ရင်တော့ ဒီဆိုင်ဟာ ကိုရီးယားစားသောက်ဆိုင်ဟောင်းနှင့်တူပါတယ်။ ဒီဆိုင်ရဲ့ kalguksu (ဓားခုတ်ခေါက်ဆွဲ) ပန်းကန်လုံး ကြီးကြီးနဲ့ အများကြီးပါပြီး ဟင်းရည်ထဲမှာ ဂုံး၊ scallop၊ ပုဇွန်၊ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူလိုမျိုး ပင်လယ်စာမျိုးစုံနဲ့ ပါရှိပါတယ်။ အရံဟင်းလျာအဖြစ် ဂေါ်ဖီထုပ်နှင့် မုန်လာဥကင်မ်ချီတို့ ပါပါသေးတယ်။
Seonnyeo Pung Mulhoe (선녀풍물회전문점)
လိပ်စာ- 인천 중구 용유서로 272
272 Yongyuseo-ro, Jung-gu, Incheon
ဆိုင်ဖွင့်ချိန်- ဗုဒ္ဓဟူးနေ့ 12:00 မှ 21:00 ထိ
Mulhoe ဆိုတာ ငါးအစိမ်းနဲ့ အသီးအရွက်များ၊ အစပ်ဆော့စ်၊ ရေခဲတို့ပါတဲ့ဟင်းဖြစ်ပြီး ကိုရီးယားမှာ အလွန်ရေပန်းစားတဲ့ အာဟာအပြည့်နဲ့ ဟင်းဖြစ်ပါတယ်။ ဒီဆိုင်မှာ mulhoe ကို ပုံမှန်လို ထမင်းနဲ့ မဟုတ်ဘဲ ခေါက်ဆွဲနဲ့ လုပ်ထားတာ ဖြစ်ပါတယ်။ ဆော့စ်နဲ့ ရေခဲတို့နဲ့အတူ အရသာရှိပြီး လတ်ဆတ်တဲ့ ငါးအစိမ်းကို ဟင်းထဲမှာပါတဲ့ အသီးအရွက်မျိုးစုံနှင့်အတူ တွဲထားတော့ တမူထူးခြားတဲ့ အရသာကို ပေးစွမ်းနိုင်ပါတယ်။
#myanmar #myagoal #korea #foods #incheon







Leave a Reply
You must be logged in to post a comment.