Your cart is currently empty!
2024 ခုနှစ် စက်တင်ဘာလ 6 ရက်နေ့ က Jecheon မြို့မှာ ကျင်းပတဲ့ ဂီတပွဲတော်တစ်ခုမှာ မီးရှူးမီးပန်းများ ချို့ယွင်းမှုကြောင့် ပရိသတ် ၁၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ 20 ကြိမ်မြောက် Jecheon International Music and Film Festival ကို ကျင်းပခဲ့ပြီး အခမ်းအနားအား ဂုဏ်ပြုရန်အတွက် မီးရှူးမီးပန်းများ ပစ်လွှတ်ခဲ့ကြပါတယ်။
မီးရှူးမီးပန်းတွေဟာ ပရိသတ်ဘက်ကို ချို့ယွင်းမှုတစ်ခုကြောင့် မတော်တဆ ကျရောက်ခဲ့ပြီး အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးနှင့် ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ဦး မီးလောင်ကျွမ်းသွားခဲ့ပါတယ်။ ဒါ့အပြင် အခြား ၁၅ ဦးကိုလည်း ဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့ရတယ်လို့သိရပါတယ်။
ဒီပွဲကိုတော့ လူအယောက် ၂၀၀၀ ကျော် လာရောက်ခဲ့ပြီး အဆိုပါဖြစ်ရပ်နဲ့ ပတ်သက်လို့ ပွဲကိုလည်း ယာယီ ရပ်နားလိုက်တယ်လို့သိရပါတယ်။ ပွဲစီစဉ်သူများက မီးရှူးမီးပန်းများ ပြင်ဆင်ထားတယ်လို့ ရဲများက ဆုံးဖြတ်ခဲ့ပေမယ့် ပရိတ်သက်ဘက်ကို ရောက်လိမ့်မယ်လို့ မထင်ထားဘူးဟု ဆိုပါတယ်။
မြို့နယ်ရုံးနဲ့ ရုပ်ရှင်ပွဲတော်ရုံးတို့က သူတို့ ဝဘ်ဆိုဒ်တွေမှာ တောင်းပန်စာ ထုတ်ပြန်ခဲ့ကြပါတယ်။ 2024 ခုနှစ် စက်တင်ဘာလ 7 ရက်နေ့တွင် ကျင်းပမည့် ပွဲတော်ရဲ့ ဒုတိယနေ့မှာတော့ မီးရှူးမီးပန်းများ နဲ့ Special Effect များ ပါဝင်မှာ မဟုတ်ကြောင်း ထုတ်ပြန်ထားခဲ့ပါတယ်။
#MyanGoal #MusicandFilmFestival #Korea #Myanmar #Kpop #Kdrama #myanmar #news







Leave a Reply
You must be logged in to post a comment.