5 Top-rated day creams

အသားအရေထိန်းသိမ်းတဲ့ ထုတ်ကုန်တွေထဲမှာ Day Cream ဟာ အသားအရေရဲ့ ကျန်းမာရေးနဲ့ ကြည်လင် တောက်ပမှုကို ထိန်းသိမ်းတဲ့အခါမှာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ Day Cream တွေဟာ နေ့ခင်းဘက်မှာ အကာအကွယ်နဲ့ ရေဓာတ်ကို ဖြည့်ပေးနိုင်စွမ်းရှိတာကြောင့် အပြင်သွားလို့ ဖြစ်ဖြစ်၊ အိမ်မှာ နေရင်ဘဲဖြစ်ဖြစ် လိမ်းထားသင့်ပါတယ်။

ဒါကြောင့် အလှကုန်ပစ္စည်းတွေထဲမှာ ကိုရီးယား အမှတ်တံဆိပ်တွေဟာ အရည်အသွေး ကောင်းတဲ့အပြင် အသားအရေကို သဘာဝအတိုင်း ပြန်လည်ပြုပြင်ပေးပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့ MyanGoal ကနေပြီးတော့ ကိုရီးယား အမှတ်တံဆိပ်တွေထဲ အကောင်းဆုံး မျက်မှာလိမ်း Day Cream 5 မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

🔺’Fresh’ Rose Deep Hydration Face Cream
ဒီ day cream မှာ Rosewater နဲ့ hyaluronic acid တို့ ကြွယ်ဝစွာ ပါဝင်တာကြောင့်အသားအရေကို ချော့မွေ့စေပါတယ်။ ရေဓာတ်ကို နက်ရှိုင်းစွာ ဖြည့်တင်းပေးပြီး လန်းဆန်းစေကာ အသားအရေကို နူးညံ့ပြီး သဘာဝအတိုင်း တောက်ပစေပါတယ်။

🔺’Cosrx’ Hyaluronic Acid Intensive Cream
အရေပြားကို ရေဓာတ်ကောင်းကောင်း ဖြည့်တင်းပေးချင်တယ် ဆိုရင်တော့ ဒီ Day Cream က အဖြေပါဘဲ။ hyaluronic acid ပါဝင်တာကြောင့် အစိုဓာတ်ကို ကြာရှည်စွာ ထိန်းထားပေးနိုင်ပြီး အသားအရေကို တစ်နေ့တာလုံး ဝင်းလက်တောက်ပစေပါတယ်။

🔺’Kiehl’s’ Ultra Facial Cream
လူကြိုက်များတဲ့ ဒီ day cream ကတော့ အသားအရေ အမျိုးအစားတိုင်း အသုံးပြုလို့ရပါတယ်။ glacial glycoprotein နဲ့ သံလွင်ဆီ ကရရှိတဲ့ squalane တို့ ကြွယ်ဝစွာပါဝင်ပြီး 24 နာရီကြာအောင် ရေဓာတ်ကို ပေးစွမ်းတဲ့အပြင် နူးညံ့ချောမွေ့တဲ့ အသားအရေကို ရရှိစေပါတယ်။

🔺’Peter Thomas Roth’ Water Drench Hyaluronic Cloud Cream Hydrating Moisturizer
ဒီ Day cream ဟာ လိမ်းရတာ ပေါ့ပေါ့ပါးပါး ရှိတဲ့အပြင် ရေဓာတ်ကို ကောင်းမွန်စွာ ဖြည့်တင်းပေးပါတယ်။ hyaluronic acid နဲ့ ceramides တို့ ပေါင်းစပ်ထားတာကြောင့် အစိုဓာတ်ထိန်းပေးပြီး ပျက်စီးနေတဲ့ အသားအရေကို သဘာဝအတိုင်း ကျန်းမာလာစေအောင် ဆဲလ်တွေကို အားဖြည့်တင်းပေးပါတယ်။

🔺Etude House Soon Jung 2x Barrier Intensive Cream
Sensitive အသားအရေတွေအတွက် အထူးထုတ်လုပ်ထားတဲ့ ဒီday cream ဟာ skin’s barrier ကို အားကောင်းစေပါတယ်။ panthenol နဲ့ madecassoside တို့ကြောင့် အသားအ‌ရေကို claming ဖြစ်စေပြီး အာဟာရဖြစ်စေတဲ့ အာနိသင်ကိုလဲ ပေးစွမ်းပါ။

#myangoal #cosmetics #shopping #skincare #korea #Myanmar #daycream


Latest