part 2 / Jeju’s best festivals

ဒီနေ့မှာ‌တော့ Jeju က အမိုက်ဆုံး၊ အကောင်းဆုံးပွဲတော်တွေဖြစ်တဲ့ Samyang Black Sand ပွဲတော်, Iho Tewoo ပွဲတော်, Bangseonmun ပွဲတော်, Tamna ယဉ်ကျေးမှုပွဲတော်, Geumneung Wondam ပွဲတော် ကို ထပ်မံပြောပြပေးလိုက်ပါတယ်။

6.Samyang Black Sand ပွဲတော်
Samyang ကတော့ Jeju ကျွန်းမှာ ရှားပါးတဲ့ အနက်ရောင်သဲသောင်ပြင်ကျယ်ကြီးရှိတာကြောင့် ကျော်ကြားပြီး Samyang Black Sand Festival ကတော့ ဒီနာမည်ကြီး အနက်ရောင်သဲတွေနဲ့ ပြုလုပ်ထားတဲ့ ပွဲဖြစ်ပါတယ်။ ဒီအနက်ရောင်သဲနဲ့ ရေချိုးတာဟာ အာရုံကြောရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါနဲ့ အရေပြားရောင်ရမ်းခြင်းတွေအတွက်လဲ ထိရောက်မှုရှိတယ်လို့ ဆိုကြပါတယ်။ ဒါကြောင့် နွေရာသီရောက်တိုင်း Samyang သဲသောင်ပြင်မှာ အနက်ရောင်သဲနဲ့ ရေချိုးဖို့ လာရောက်သူတွေနဲ့ စည်ကားနေတာကို တွေ့မြင်နိုင်မှာဘဲ ဖြစ်ပါတယ်။ Samyang Black Sand Festival မှာ geolgungnori နဲ့ yutnori တို့လို ရိုးရာဂိမ်းတွေအပြင် သဲရဲတိုက်တည်ဆောက်မှုတွေ၊ သဲပန်းပုပြပွဲစတဲ့ အစီအစဉ်အမျိုးမျိုးတွေလဲ ရှိပါတယ်။

တည်နေရာ- Samyang-dong၊ Jeju-si၊ Jeju-do၊ ကိုရီးယားသမ္မတနိုင်ငံ

7.Iho Tewoo ပွဲတော်
နှစ်စဉ်နှစ်တိုင်း နွေရာသီရောက်ရင် ကျင်းပလေ့ရှိတဲ့ Iho Tewoo ပွဲတော်ဟာ Jeju ကျွန်းရဲ့ ရိုးရာငါးဖမ်း ယဉ်ကျေးမှုဖြစ်တဲ့ ငါးနီတူငါးဖမ်းခြင်းကို ပြန်လည်အသက်သွင်းထားတာဖြစ်ပြီး Wondam ငါးဖမ်းတာကိုလည်း ခံစားနိုင်ပါသေးတယ်။ လှေတွေဟာ ပင်လယ်နားတဝိုက်ကို ရွက်လွှင့်ပြီး ငါးနီတူတွေကို ကမ်းတစ်ဖက်ကို တွန်းပို့ထားပြီး ရွာသူရွာသားတွေဟာ သီချင်းဆိုရင်း စက်ဝိုင်းပုံပြုလုပ်ပြီး ပိုက်ကွန်တွေနဲ့ ဖမ်းတာဖြစ်ပါတယ်။ Iho Tewoo သဲသောင်ပြင်မှာ လှပတဲ့ နေဝင်ချိန်ကို ခံစားနိုင်ပြီး စိတ်လှုပ်ရှားဖွယ်ရာ ရိုးရာပွဲတော်မှာလဲ ပါဝင်ဆင်နွှဲနိုင်မှာဘဲ ဖြစ်ပါတယ်။

တည်နေရာ- Iho-dong၊ Jeju-si၊ Jeju-do၊

8.Bangseonmun ပွဲတော်
Bangseonmun Festival ကတော့ လှပတဲ့ ရှုခင်းတွေနဲ့အတူ သမိုင်းဝင်နေရာတစ်ခုကို ဂုဏ်ပြုဖို့အတွက် ကျင်းပတဲ့ ယဉ်ကျေးမှုနဲ့ အနုပညာပွဲတော်တစ်ခု ဖြစ်ပါတယ်။ Bangseonmun ဆိုတာကတော့ “နတ်ဘုရားတွေကမ္ဘာရဲ့ တံခါးပေါက်” ဒါမှမဟုတ် ” Hallasan ကို တက်လှမ်းခြင်း” ကို ဆိုလိုတာဖြစ်ပါတယ်။ ဒီနေရာဟာ ကျွန်တော်တို့ကမ္ဘာနဲ့ sinseon ကမ္ဘာကြားက နယ်နိမိတ်တစ်ခုအဖြစ် ယုံကြည်ကြပြီး အထူးသဖြင့် နွေဦးရာသီတိုင်း ပွင့်တဲ့ azaleas နဲ့ Korean rosebays ပန်းတွေကြောင့်လဲ အထူးကျော်ကြားပါတယ်။ Bangseonmun ပွဲတော်ရဲ့ ထူးခြားချက်ကတော့ ယဉ်ကျေးမှုစာရေးပြိုင်ပွဲ၊ Bangseonmun စာမေးပွဲ စတဲ့ စာပေနှင့်အနုပညာပွဲတွေကို အဓိကထားပြုလုပ်တဲ့ ပွဲတော်ဖြစ်ပါတယ်။ Gojigyo တံတားကနေ Bangseonmun ထိ 5 ကီလိုမီတာရှည်လျားတဲ့ လမ်းဟာလဲ လမ်းလျှောက်၇တာကြိုက်တဲ့ ခရီးသွားတွေ ကြားမှာ ရေပန်းစားပြီး ဒီပွဲတော်ကို လာရောက်လည်ပတ်သူတိုင်း လမ်းလျှောက်ရင်း ရှုခင်းကောင်းကောင်းတွေကို ခံစားနိုင်မှာဘဲ ဖြစ်ပါတယ်။

တည်နေရာ- Bangseonmun တောင်ကြား၊ Ora-dong၊ Jeju-si၊ Jeju-do၊ ကိုရီးယားသမ္မတနိုင်ငံ

9.Tamna ယဉ်ကျေးမှုပွဲတော်
Tamna Cultural Festival ကတော့ ရှေးခေတ်က “Tamnaguk” လို့ခေါ်တဲ့ Jeju ရဲ့ ရိုးရာယဉ်ကျေးမှုကို ပြန်လည်ကျင်းပတဲ့ ယဉ်ကျေးမှုပွဲတော်တစ်ခုဖြစ်ပြီး ရိုးရာပုံပြင်၊ သမိုင်း၊ ယဉ်ကျေးမှုနဲ့ အနုပညာအမွေအနှစ်တွေကို တင်ဆက်တာလဲ ဖြစ်ပါတယ်။ Tamna ယဉ်ကျေးမှုပွဲတော်ကို Halla Sansinje၊ Mandeokje၊ Sea Festival၊ Island Folk Festival၊ Jeju Horse Festival နဲ့ ဒေသိယစကားပြိုင်ပွဲတွေ အပါအဝင် ပွဲအမျိုးမျိုး ပါဝင်ပါတယ်။ ဒါ့အပြင် ဒီပွဲတော်ကနေ ရှာဖွေတွေ့ရှိခဲ့တဲ့ ရိုးရာသီချင်းတွေကိုလဲ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထားပါတယ်။ ဒီပွဲတော်မှာ ကလေးတွေအတွက် ရိုးရာယဉ်ကျေးမှုကို ခံစားနိုင်ဖို့ Jeju ရဲ့ ထူးခြားတဲ့ ရိုးရာပြဇာတ်တွေဖြစ်တဲ့ deumdoljigi၊ deungjimjigi နဲ့ meongseok marapulgi တို့ကိုလဲ ကြည့်ရှုနိုင်မှာဘဲ ဖြစ်ပါတယ်။ Jeju Dialect သီချင်းဆိုပြိုင်ပွဲမှာလဲ ပြိုင်ပွဲဝင်တွေ ဒေသတွင်း ဒေသိယဘာသာစကားနဲ့ ကိုရီးယားသီချင်းတွေကို နားထောင်နိုင်မှာဘဲ ဖြစ်ပါတယ်။

တည်နေရာ- Arail-dong၊ Jeju-si၊ Jeju-do၊

10.Geumneung Wondam ပွဲတော်
Geumneung Wondam ပွဲတော်ကတော့ Jeju ကျွန်းရှိ ထူးခြားသော လူနေမှုပုံစံဖြစ်တဲ့ Wondam (ရိုးရာငါးဖမ်းနည်း) ကို ထုတ်ဖော်ပြသဖို့နဲ့ ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် ကျင်းပခြင်းဖြစ်ပါတယ်။ ဒီရိုးရာငါးဖမ်းနည်းကတော့ ကမ်းခြေနဲ့ နီးကပ်စွာ တည်ဆောက်ထားတဲ့ ကျောက်နံရံ အမျိုးအစားတစ်ခုဖြစ်ပြီး ဒီရေတက်ချိန်မှာ ပါလာတဲ့ ငါးတွေကို ဖမ်းဖို့အတွက် ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ရှေးတုန်းက ကျွန်းပေါ်မှာ ဒီလိုကျောက်တံတိုင်းတွေကို မကြာခဏတွေ့နိုင်ပေမယ့်လည်း ယနေ့ခေတ်မှာ အနည်းငယ်သာ ကျန်ရှိတော့ပါတယ်။ ဒါကြောင့် ဒီလို Geumneung Wondam ပွဲတော်ပြုလုပ်ပြီး ဆက်လက်ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။

တည်နေရာ- Geumneung-ri၊ Hallim-eup၊ Jeju-si၊ Jeju-do၊ ကိုရီးယားသမ္မတနိုင်ငံ

#festival #event #jeju


Latest