0
Articles
Business Categories
Jobs
Shop
Telecom
Travel
Education
Search
Busan မြို့က အကောင်းဆုံးစျေးများ
Feb 24, 2025
—
by
Milo Kevin
in
Shopping & Promo
ဘူဆန်က အကောင်းဆုံးစျေးတွေဟာ စျေးနှုန်း သက်သက်သာသာနဲ့ ကုန်ပစ္စည်းတွေကို ဝယ်ယူနိုင်ရုံသာမက ဒေသတွင်း ယဉ်ကျေးမှုကိုပါ တွေ့ကြုံခံစားနိုင်ပါတယ်။ ဘူဆန်မြို့ရဲ့ ရိုးရာဈေး အများအပြားဟာ ဆယ်စုနှစ်များစွာ တည်ရှိနေခဲ့ပြီး ဒေသခံ လယ်သမားတွေနဲ့ တံငါသည်တွေရဲ့ လတ်ဆတ်တဲ့ ထွက်ကုန်များကို ရောင်းချဖို့အတွက်လဲ ထင်ရှားတဲ့ စုဝေးရာနေရာတစ်ခုအဖြစ် တည်ရှိနေပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့ MyanGoal ကနေပြီးတော့ Busan မြို့က အကောင်းဆုံးစျေးတွေအကြောင်းကို ဖော်ပြလိုက်ပါတယ်။ ဘူဆန်မြို့ရောက်လို့ စျေးဝယ်ထွက်ချင်တဲ့ သူတွေရှိတယ်ဆိုရင်တော့ ဆက်ပြီး ဖတ်ကြည့်ကြည့်လိုက်ပါ။
Gukje ဈေး
Gukje စျေးကတော့ Busan ရဲ့ အကြီးဆုံးစျေးတွေထဲက တစ်ခုဖြစ်ပါတယ်။ ရာနှင့်ချီတဲ့ စျေးသည်တွေဆီက အဝတ်အစားတွေ၊ အစားအစာတွေ၊ လက်မှုပစ္စည်းတွေနဲ့ စက်ပစ္စည်းမျိုးစုံကို ဝယ်ယူနိုင်ပါတယ်။ ဘူဆန်မှာ ဈေးဝယ်ထွက်လို့ အကောင်းဆုံးနေရာတွေထဲက တစ်ခုဖြစ်တဲ့အပြင် ဒီဈေးဟာ Bupyeong Kkangtong စျေးနဲ့လဲ နီးပါတယ်။ Gukje စျေးကို သွားဖို့ကတော့ အတော်လေးလွယ်ကူပါတယ်။ မြေအောက်ရထား နံပါတ် 1 နဲ့ Jagalchi ကိုသွားပြီး ထွက်ပေါက် 7 မှာ ဆင်းပါ။
တည်နေရာ- Sinchang-dong 4-ga၊ Jung-gu၊ Busan၊
စျေးဖွင့်ချိန်- နေ့စဉ် နံနက် ၉ နာရီမှ ည ၈ နာရီအထိ (လတစ်လရဲ့ ပထမနဲ့ တတိယတနင်္ဂနွေနေ့တိုင်း ပိတ်ပါတယ်)
Jagalchi စျေး
Jagalchi စျေးကတော့ Busan ရဲ့ Jung-gu ခရိုင်မှာရှိတဲ့ ရိုးရာဈေးတစ်ခု ဖြစ်ပါတယ။ ဒီစျေးကို နာမည်ကို ကိုရီးယား စကားလုံး jagal (ကျောက်စရစ်ခဲ) နဲ့ chi (ကမ်းရိုးတန်းရွာ) တို့ကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။ ဒီပင်လယ်စာဈေးကို သွားရောက်တဲ့အခါ Jagalchi ajimae လို့ ချစ်စနိုးခေါ်တဲ့ ဒေသခံ သက်ကြီးရွယ်အို စျေးရောင်းသူတွေရဲ့ နွေးထွေးတဲ့ အပြုံးတွေနဲ့ ကြိုဆိုနေပါလိမ့်မယ်။ Jagalchi စျေးကတော့ ငါးနဲ့ အခွံမာသီးတွေအပြင် ပင်လယ်စာခြောက် ထုတ်ကုန်တွေကိုလဲ ဝယ်ယူလို့ အကောင်းဆုံး နေရာတစ်ခုဖြစ်ပါတယ်။ ငါးအစိမ်းနဲ့ ပင်လယ်စာတွေကိုလဲ Raw Fish Centre ကနေ စားသောက်ဆိုင်တွေကို မပို့ဆောင်မီ ကြိုတင် မှာယူနိုင်ပါတယ်။ ဒီစျေးမှာ အောက်တိုဘာလတိုင်း Jagalchi ပွဲတော်ကိုလည်း ကျင်းပလေ့ ရှိပါတယ်။ မြေအောက်ရထားလိုင်း နံပါတ် 1 ကို Nampo-dong ဘူတာထိစီးပြီး ဈေးကို 5 မိနစ်ခန့် လမ်းလျှောက်ရင် ရောက်ပါပြီ။
တည်နေရာ- 52 Jagalchihaean-ro၊ Nampo-dong၊ Jung-gu၊ Busan၊
ဈေးဖွင့်ချိန် – နေ့စဉ် နံနက် ၅ နာရီမှ ည ၉ နာရီအထိ။ စားသောက်ဆိုင်များ- နေ့စဉ် နံနက် ၉ နာရီမှ ည ၁၀ နာရီအထိ။ (လတစ်လရဲ့ ပထမနဲ့ တတိယ အင်္ဂါနေ့တွေမှာ စျေးပိတ်ပါတယ်။)
Busanjin ဈေး
Busanjin စျေးမှာတော့ ရာနှင့်ချီတဲ့ အ၀တ်အထည်တွေ၊ အထည်အလိပ်တွေနဲ့ အမှတ်တရပစ္စည်းတွေကို သင့်လျော်တဲ့ စျေးနှုန်းနဲ့ ရောင်းချပေးနေတဲ့ အသေးစား စျေးဝယ်စင်တာတစ်ခု ဖြစ်ပါတယ်။ Hanbok လို့ခေါ်တဲ့ ကိုရီးယားရိုးရာ အဝတ်အစားကို ဝယ်ယူဖို့အတွက်လဲ Busan မြို့ရဲ့ အကောင်းဆုံးနေရာတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒေသခံအများအပြားဟာ ပုံစံအမျိုးမျိုး ဖန်တီးထားတဲ့ ပိုးထည်၊ sabra ပိုးထည်လို့ ခေါ်ကြတဲ့ rayon၊ ချည်နဲ့ ဖဲတို့လို ပစ္စည်းတွေ ဝယ်ယူဖို့အတွက် ဒီစျေးကို သွားရောက်လေ့ ရှိကြပါတယ်။ ဒါ့အပြင် အဝတ်အထည်တွေကို ချုပ်လုပ်နေကြတဲ့ အထည်ချုပ်သမားတွေကိုလဲ တွေ့နိုင်ပါတယ်။ Busanjin စျေးကို ရောက်ဖို့ အကောင်းဆုံး နည်းလမ်းကတော့ Metro Line No.1 ကနေ Bumil-dong ဘူတာကို စီးပြီး ထွက်ပေါက်t 1 မှာဆင်းရင် ရောက်ပါပြီ။
တည်နေရာ – 290 Beomil-dong၊ Dong-gu၊ Busan၊
ဖွင့်ချိန် – တနင်္လာမှ စနေ မနက် 7 နာရီ မှ ည 7 နာရီ (တနင်္ဂနွေနေ့ ပိတ်ပါတယ်)
Bupyeong Kkangtong ဈေး
Bupyeong Kkangtong စျေးကလဲ Jagalchi စျေးနဲ့ Gukje စျေးတို့လိုမျိုးဘဲ Busan ရဲ့ လူကြိုက်အများဆုံး ဈေးတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီရိုးရာဈေးကတော့ Bupyeong-dong၊ Jung-gu၊ Busan မှာ တည်ရှိပါတယ်။ Bupyeong Kkangtong စျေးကတော့ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေ၊ ပင်လယ်စာတွေ၊ အရံဟင်းလျာတွေ၊ အဝတ်အထည်နဲ့ အထွေထွေကုန်ကြမ်းတွေ အပါအဝင် ကုန်ပစ္စည်းမျိုးစုံကို ဝယ်ယူ ရရှိနိုင်ပါတယ်။ သက်သာတဲ့ စျေးနှုန်းတွေနဲ့လဲ ကိုရီးယားဟင်းမျိုးစုံကို စားသုံးနိုင်တာကြောင့် ညဘက်ကတော့ အစည်ကားဆုံးအချိန် ဖြစ်ပါ။ ဒီစျေးရောက်ရင် ခေါက်ဆွဲအစပ်တစ်မျိုးဖြစ်တဲ့ bibim dangmyeon နဲ့ yubu jumeoni လို့ ခေါ်တဲ့ တို့ဟူးကြော်ပါတဲ့ ခေါက်ဆွဲပြုတ်တို့ကို မြည်းစမ်း ကြည့်သင့်ပါတယ်။
တည်နေရာ- 39 Bupyeong 1-gil၊ Bupyeong-dong၊ Jung-gu၊ Busan၊
ဖွင့်ချိန်- နေ့စဉ် နံနက် ၉ နာရီမှ ည ၈ နာရီအထိ
#myangoal #shopping #korea #markets #Myanmar #busan #
Comments
Leave a Reply
Cancel reply
You must be
logged in
to post a comment.
←
Previous:
Soju နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ အချက်အလက်တွေ
Next:
Korean variety show တွေ ကြည့်ဖူးကြလား ? part 1
→
Latest
Apple အနေနဲ့ သမိုင်းမှာ ပထမဆုံးအကြိမ် Touchscreen ပါဝင်တဲ့ MacBook Pro ကို ထုတ်လုပ်ဖို့ ပြင်ဆင်နေ
Apple အနေနဲ့ သမိုင်းမှာ ပထမဆုံးအကြိမ် Touchscreen ပါဝင်တဲ့ MacBook Pro ကို ထုတ်လုပ်ဖို့…
Read more
: Apple အနေနဲ့ သမိုင်းမှာ ပထမဆုံးအကြိမ် Touchscreen ပါဝင်တဲ့ MacBook Pro ကို ထုတ်လုပ်ဖို့ ပြင်ဆင်နေ
အနာဂတ်ရဲ့ ပညာရေးစနစ်ဟာ လူသားတွေအတွက်တင် မဟုတ်တော့ပါဘူး
အနာဂတ်ရဲ့ ပညာရေးစနစ်ဟာ လူသားတွေအတွက်တင် မဟုတ်တော့ပါဘူး။ တရုတ်နိုင်ငံဟာ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် လူသားပုံတူ Humanoid Robots…
Read more
: အနာဂတ်ရဲ့ ပညာရေးစနစ်ဟာ လူသားတွေအတွက်တင် မဟုတ်တော့ပါဘူး
Nokia ရဲ့ CEO နောက်ဆုံးနှုတ်ဆက်စကား
Nokia ရဲ့ CEO နောက်ဆုံးနှုတ်ဆက်စကား ‘ကျွန်တော်တို့ ဘာတစ်ခုမှ မှားမှားယွင်းယွင်း မလုပ်ခဲ့ပါဘူး၊ ဒါပေမဲ့ တစ်ချက်လေး…
Read more
: Nokia ရဲ့ CEO နောက်ဆုံးနှုတ်ဆက်စကား
Facebook သုံးရတာ ပျင်းလို့ နွားတွေကို ဘီယာတိုက်ပြီး ကမ္ဘာ့အကောင်းဆုံး အမဲသားထုတ်ဖို့ ကြံစည်နေတဲ့ မတ်ခ်ဇူကာဘတ်
Facebook သုံးရတာ ပျင်းလို့ နွားတွေကို ဘီယာတိုက်ပြီး ကမ္ဘာ့အကောင်းဆုံး အမဲသားထုတ်ဖို့ ကြံစည်နေတဲ့ မတ်ခ်ဇူကာဘတ် နည်းပညာလောကရဲ့…
Read more
: Facebook သုံးရတာ ပျင်းလို့ နွားတွေကို ဘီယာတိုက်ပြီး ကမ္ဘာ့အကောင်းဆုံး အမဲသားထုတ်ဖို့ ကြံစည်နေတဲ့ မတ်ခ်ဇူကာဘတ်
စာသင်ပေးတော့မယ့် AI စက်ရုပ်များ
စာသင်ပေးတော့မယ့် AI စက်ရုပ်များ အနာဂတ်ရဲ့ စာသင်ခန်းတွေက ဘယ်လိုပုံစံဖြစ်မလဲဆိုတာကို နယူးယောက်ပြည်နယ်က ဆာလာမန်ကာ (Salamanca) ကျောင်းခရိုင်မှာ…
Read more
: စာသင်ပေးတော့မယ့် AI စက်ရုပ်များ
Your cart
(items: 0)
Products in cart
Product
Details
Total
Available on backorder
Previous price:
Discounted price:
/
/
−
+
Save
Your cart is currently empty!
Start shopping
Notifications
Leave a Reply
You must be logged in to post a comment.