0
Articles
Business Categories
Jobs
Shop
Telecom
Travel
Education
Search
Sensitive skin တွေအတွက် အကောင်းဆုံး ကိုရီးယား အသားအရေထိန်းသိမ်းတဲ့ ပစ္စည်း ၅ မျိုး
Mar 12, 2025
—
by
Milo Kevin
in
Shopping & Promo
Sensitive skin ရှိတဲ့သူတွေဟာ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေ၊ အလှကုန်တွေ ဝယ်တဲ့အခါမှာ ကိုယ်နဲ့တည့်တဲ့ ပစ္စည်းကို တော်တော်လေး ရှာဝယ်ယူရပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ ကျွန်တော်တို့ MyanGoal ကနေပြီးတော့ Sensitive skin တွေအတွက် အကောင်းဆုံးကိုရီးယား အသားအရေထိန်းသိမ်းတဲ့ ပစ္စည်း ၅ မျိုး ကိုဖော်ပြပေးလိုက်ပါတယ်။ Sensitive skin ရှိတဲ့ဆိုရင်တော့ ဆက်ပြီးဖတ်ကြည့်ကြည့် လိုက်ပါနော်။
Pyunkang Yul Mist Toner
ရောင်ရမ်းမှုကို သက်သာစေပြီး antioxidant ဂုဏ်သတ္တိတွေကြောင့် လူသိများတဲ့ Coptis Japonica root extract ဟာ 91.9% ပါဝင်ပြီး ရေဓာတ်ဖြည့်တင်းပေးတဲ့ toner ဖြစ်ပါတယ်။ ဒီ face mist က ယားယံနေတဲ့ အသားအရေကို သက်သာစေပြီး အသားအရေကို အစိုဓာတ်ကို ထိန်းထားပေးနိုင်ပါတယ်။
Benton Snail Bee High Content Essence
ဒီ Essence ကတော့ အသားအရေကို ပြန်လည်ပြုပြင်ပေးပြီး အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးတဲ့အပြင် ကြည်လင်တဲ့တောက်ပ အသွင်အပြင်ကို ရရှိစေဖို့ သဘာဝအတိုင်းရရှိတဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဖော်စပ်ထားပါတယ်။ ဒီဖော်မြူလာမှာ ခရု mucin၊ collagen နဲ့ (အန္တရာယ်မဖြစ်စေတဲ့) ပျားအဆိပ်တို့ ပါဝင်တာကြောင့် အသားအရေရဲ့ အစိုဓာတ်ကို ထိန်းထားပေးပြီး ပြန်လည်ပြုပြင်ပေးနိုင်တဲ့ အာနိသင်တွေလဲ ရှိပါတယ်။
Purito Centella Green Level Buffet Serum
ဒီဘက်စုံသုံး serum က skin barrier တွေကို ပြုပြင်ပေးပြီး ရောင်ရမ်းမှုကို လျော့ပါးစေတာကြောင့် အသားအရေရဲ့ အသွင်အပြင်ကို ကောင်းမွန်လာစေပါတယ်။ 49% centella asiatica extract, collagen, ceramide နဲ့ တခြားသဘာဝ ပါဝင်ပစ္စည်းတွေနဲ့ ပေါင်းစပ်ထားတာကြောင့် sensitive အသားအရေတွေကို စိုပြေစေပြီး ပြန်လည်ကောင်းမွန်စေပါတယ်။
Etude House Soon Jung 2X Barrier Intensive Cream
ဒီ cream ဟာ ရေဓာတ်ခမ်းခြောက်ပြီး ပျက်စီးနေတဲ့ အသားအရေတွေအတွက်ပါ အထူးကောင်းမွန်ပါတယ်။ 93% ကို သဘာဝကနေ ရရှိတဲ့ ပါဝင်ပစ္စည်းတွေနဲ့ panthenol၊ madecassoside၊ နေကြာစေ့ဆီနဲ့ shea butter တို့နဲ့ ပြုလုပ်ထားတာကြောင့် အသားအရည်ရဲ့ ခုခံအားကို အားကောင်းစေပြီး protein barrier နဲ့ အသားအရေကို ချောမွေ့စေတဲ့အပြင် အနာကျက်မြန်စေတဲ့ အကျိုးကျေးဇူးတွေလဲ ရရှိနိုင်ပါတယ်။။
Beauty Of Joseon Gingseng Essence Water
ခြောက်သွေ့ ပျက်စီးနေတဲ့ အသားအရေအတွက်သာမက Sensitive အသားအရေတွေအတွက်ပါ လန်းဆန်းပြီး အာဟာရဖြစ်စေတဲ့ ဒီတိုနာမှာ Hanbang (ရိုးရာကိုရီးယားဆေးဖက်ဝင်အပင်တွေ) ပါဝင်ပစ္စည်းအနေနဲ့ ကြွယ်ဝစွာပါဝင်ပြီး အသားအရေကို ပိုမိုချောမွေ့တောက်ပစေပါတယ်။ ဂျင်ဆင်းအမြစ်ရေ 80% ပါ၀င်ပြီး saponin နှင့် polyphenol လဲပါတာကြောင့် မွဲခြောက်နေတဲ့ အသားအရေတွေအတွက် လုံလောက်တဲ့ အစိုဓာတ်နဲ့ အာဟာရကို ပေးစွမ်းပါတယ်။
#myangoal #cosmetics #shopping #korea #skincare #Myanmar #sensitiveskin
Comments
Leave a Reply
Cancel reply
You must be
logged in
to post a comment.
←
Previous:
ဖုန်းအသစ်ကိုင်ဖို့ အရင်လို စျေးအများကြီးပေးဝယ်စရာမလိုတော့ပါဘူး
Next:
မြောက်အမေရိကတိုက်မှာ ရုံဝင်ငွေအများဆုံးရရှိခဲ့တဲ့ ပထမဆုံး ကိုရီးယားဒါရိုက်တာ
→
Latest
Selfie ရိုက်ရတာ ဝါသနာပါသူတွေအတွက် စတိုင်ကျကျ ဆဲလ်ဖီရိုက်နိုင်မယ့် နည်းလမ်း
Selfie ရိုက်ရတာ ဝါသနာပါသူပဲဖြစ်ဖြစ်၊ တစ်နှစ်မှတစ်ခါလောက်ပဲ ရိုက်တတ်သူပဲဖြစ်ဖြစ် Samsung ဖုန်းအသုံးပြုသူတွေအတွက်တော့ ပိုမိုလွယ်ကူပြီး စတိုင်ကျကျ ဆဲလ်ဖီရိုက်နိုင်မယ့်…
Read more
: Selfie ရိုက်ရတာ ဝါသနာပါသူတွေအတွက် စတိုင်ကျကျ ဆဲလ်ဖီရိုက်နိုင်မယ့် နည်းလမ်း
Samsung ရဲ့ One UI 5.1 ဗားရှင်းနဲ့ အထက်မှာ အသုံးပြုနိုင်တဲ့ ထူးခြားတဲ့ လုပ်ဆောင်ချက်တစ်ခု
Samsung ရဲ့ One UI 5.1 ဗားရှင်းနဲ့ အထက်မှာ အသုံးပြုနိုင်တဲ့ ထူးခြားတဲ့ လုပ်ဆောင်ချက်တစ်ခုကတော့…
Read more
: Samsung ရဲ့ One UI 5.1 ဗားရှင်းနဲ့ အထက်မှာ အသုံးပြုနိုင်တဲ့ ထူးခြားတဲ့ လုပ်ဆောင်ချက်တစ်ခု
Apple ဟာ Color Grading ပိုင်းမှာ နာမည်ကျော်ကြားတဲ့ Web-based Tool တစ်ခုဖြစ်တဲ့ Color.io ကို အပြီးသတ်ဝယ်ယူလိုက်ပြီဖြစ်ပါတယ်
ဗီဒီယိုတည်းဖြတ်သူတွေနဲ့ Content Creator တွေအတွက် အလွန်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ သတင်းတစ်ခု ထွက်ပေါ်လာပါတယ်။ နည်းပညာလောကရဲ့ ထိပ်သီး Apple…
Read more
: Apple ဟာ Color Grading ပိုင်းမှာ နာမည်ကျော်ကြားတဲ့ Web-based Tool တစ်ခုဖြစ်တဲ့ Color.io ကို အပြီးသတ်ဝယ်ယူလိုက်ပြီဖြစ်ပါတယ်
Apple ရဲ့ နာမည်ကျော် ပန်းသီးကိုက်ရာ Logo ဖြစ်ပေါ်လာပုံ
Apple ရဲ့ နာမည်ကျော် ပန်းသီးကိုက်ရာ Logo ဖြစ်ပေါ်လာပုံဟာ တကယ်တော့ လက်တွေ့ဆန်တဲ့ အကြောင်းပြချက်တွေကြောင့် ဖြစ်တည်လာခဲ့တာပါ။…
Read more
: Apple ရဲ့ နာမည်ကျော် ပန်းသီးကိုက်ရာ Logo ဖြစ်ပေါ်လာပုံ
Android ဖုန်း ဒါမှမဟုတ် Tablet တွေကို ပိုမိုမြန်ဆန်လာစေဖို့
Android ဖုန်း ဒါမှမဟုတ် Tablet တွေကို ပိုမိုမြန်ဆန်လာစေဖို့ Android ရဲ့ Developer Menu…
Read more
: Android ဖုန်း ဒါမှမဟုတ် Tablet တွေကို ပိုမိုမြန်ဆန်လာစေဖို့
Your cart
(items: 0)
Products in cart
Product
Details
Total
Available on backorder
Previous price:
Discounted price:
/
/
−
+
Save
Your cart is currently empty!
Start shopping
Notifications
Leave a Reply
You must be logged in to post a comment.