Your cart is currently empty!

အနားယူတဲ့ အခါမျိုးမှာ စိတ်ချလက်ချနဲ့ အနှောင့်ယှက်ကင်းကင်းအိပ်စက်ချင်ကြမှာ အမှန်ပါဘဲ !
သွားလာလှုပ်ရှားပြီးလို့ အိမ်ပြန် အနားယူတဲ့ အခါမျိုးမှာ စိတ်ချလက်ချနဲ့ အနှောင့်ယှက်ကင်းကင်းအိပ်စက်ချင်ကြမှာ အမှန်ပါဘဲ !
ညဘက် Cellular Data ဖွင့်ထားလို့ Notification တွေရဲ့ အသံတွေရော အနားယူနေတုန်း ဝင်လာတဲ့ Incoming Call ရဲ့ Ringtone တွေနဲ့ဆိုရင် အိပ်စက်နေတုန်း ကိုယ့်ကို အမှတ်မထင် လန့်ပြီး ဆက် အိပ်မရတော့တာမျိုးတွေ၊ ကယောင်ခြောက်ခြားဖြစ်စေတာမျိုးတွေကို ဖြစ်စေတတ်ပါတယ်။
ဒါကြောင့် ကောင်းမွန်စွာ ညဘက် အိပ်စက်ဖို့အတွက်ရော Notification တွေ Incoming Call တွေပါ မလွတ်စေဖို့အတွက် အလွယ်ကူဆုံးနည်းလမ်းလေးဖြစ်တဲ့ Do Not Disturb ကို သုံးကြည့်လိုက်ပါနော်။
Do Not Disturb ကို အသုံးပြုဖို့က အရမ်းကိုလွယ်ကူပါတယ် ကိုယ့် iPhone, iPad ရဲ့ Control Center ကနေ လခြမ်းပုံ Icon လေးကို ဖွင့်ထားပြီး Silent လုပ်ထားလို့ရမှာဖြစ်ပါတယ်။
ဒါမှမဟုတ် ကိုယ်က အချိန်အကန့်သတ်နဲ့ Silent လုပ်ထားချင်တယ်ဆိုရင်လည်း Control Center မှာ ရှိတဲ့ လခြမ်းပုံ Do Not Disturb ကို ဖိထားပြီး ကြိုက်နှစ်သက်ရာကိုရွေးချယ်အသုံးပြုနိုင်ပါတယ်။
ကိုယ့်ရဲ့ အရေးကြီး Meeting တွေ များနေတယ်ဆိုရင်လည်း Until This Evening ကို ရွေးချယ်ပြီး တစ်နေ့လုံးကနေ ညနေအထိ Silent အနေအထားနဲ့ လုပ်ပေးထားမှာဖြစ်လို့ Meeting တွေမှာ ကိုယ့်ဖုန်း Ringtone အသံ၊ Notification Alert တွေကြောင့် စိတ်ရှုပ်နေစရာမလိုတော့ဘူးပေါ့။
နောက်တစ်ခုက ကိုယ့်ရဲ့ Do Not Disturb လုပ်ထားမယ့် Schedule ကိုလည်း ဘယ်အချိန်ကနေ ဘယ်အချိန်ထိ ဆိုတာကို ကန့်သတ်မှတ်သားထားလို့ရပါတယ်။
Schedule ကို သတ်မှတ်ချင်တယ်ဆိုရင်တော့ ကိုယ့် iPhone, iPad ရဲ့ Setting ထဲက Do Not Disturb မှာ Schedule ကို On ပေးလိုက်တာနဲ့ အချိန်သတ်မှတ်ထားလို့ရမှာဖြစ်ပါတယ်။
ကိုယ့် iPhone, iPad Lock Screen မှာ ရှိနေတဲ့ အနေထားမှာလား ဒါမှမဟုတ် အချိန်တိုင်းမှာ Silent ထားမလားဆိုတာကိုလည်း တစ်ခါတည်း ရွေးချယ်လို့ရမှာဖြစ်လို့ ဝင်လာတဲ့ Incoming Call တွေကိုလည်း ကိုယ့်စိတ်ကြိုက်ရွေးချယ်လို့ရဦးမှာပါ။
ဒါဆိုရင်တော့ ညဘက် အိပ်စက်တဲ့ အခါမျိုးမှာ ကိုယ့်အတွက် အဆင်လည်းပြေ Information တွေလည်းမလွတ်စေရဖို့နဲ့ ကုန်ခမ်းသွားတဲ့ အားအင်တွေအတွက် နှစ်ခြိုက်စွာ အိပ်စက်ဖို့ Do Not Disturb လေးကို On ထားဖို့ မိတ်ဆွေတို့ကို Sharing လုပ်ပေးလိုက်ပါတယ်။





