iOS 26 မှာ Camera ပေါ်မှာ ပေကျန်နေတဲ့အရာတွေကို ရှင်းခိုင်းဖို့ သတိပေးမယ့် Feature
ဒီ Feature ကတော့ iOS 26 မှာ Camera ကိုဖွင့်လိုက်တဲ့အခါ Camera ပေါ်မှာ အစွန်းအထင်း ဒါမှမဟုတ် အမှုန်အမွှားတွေရှိနေရင် ဓာတ်ပုံအရည်အသွေးကို ထိခိုက်စေနိုင်တယ်ဆိုပြီး သတိပေးမယ့် Feature ဖြစ်ပါတယ်။
ဒီ Feature ကို အသုံးပြုချင်တယ်ဆိုရင်တော့ Settings ထဲက Camera ထဲကိုဝင်ပြီး
Lens Cleaning Hints ဆိုတဲ့ Feature ကိုဖွင့်ပေးလိုက်တာနဲ့ရပါပြီ။
ဒီ Feature ကတော့ iPhone 15 နှင့်အထက် Model တွေမှာ အသုံးပြုလို့ရနိုင်မှာဖြစ်ပါတယ်။






