ကလေးသူငယ် မဖွယ်မရာပုံတွေ ပေါက်ကြားမှုနဲ့ Apple တရားစွဲခံရ

လက်ရှိမှာတော့ Apple က သူ့ရဲ့ အလုံခြုံဆုံး Security တစ်ခုဖြစ်တဲ့ icloud System ဟာ မလုံခြုံတော့ပဲ ကလေးသူငယ်လေးတွေရဲ့ မဖွယ်မရာဖြစ်စရာပုံတွေပေါက်ကြားလာတဲ့အတွက် တရားစွဲခံနေရကြောင်းသိရပါတယ်။

ဖြစ်စဥ်ကတော့ အသက် ၂၇ နှစ် အရွယ် အမျိုးသမီး တစ်ယောက်က သူမ ကလေး ဘဝက လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရတဲ့ ဓါတ်ပုံတွေဟာ iCloud မှာ ပျံ့နှံ့နေပြီး ဒါကို Apple က မတားဆီးနိုင်တဲ့အတွက် မြောက်ကယ်လီဖိုးနီးယားမှ တရားရုံးမှာ တရားစွဲထားတယ်လို့သိရပါတယ်။

ဒီလို ဖြစ်စဥ်မျိုးတွေဟာ လူပေါင်းများစွာကြုံတွေ့နေရတာဖြစ်ပြီး အမေရိကန် ဥပဒေ အရ နစ်နာသူ တစ်ယောက်ကို အနည်းဆုံး ဒေါ်လာ ၁၅၀,၀၀၀ ပေးရမယ့်အတွက် Apple ဟာ ပြစ်မှုထင်ရှားရင် စုစုပေါင်း ဒေါ်လာ ၁.၂ ဘီလီယမ် လျော်ကြေးပေးရနိုင်ပါတယ်။ ဒါကတော့ ပြစ်မှုထင်ရှားတယ်ဆိုရင်တော့ Apple အနေနဲ့ တကယ်ကြီးတရားစွဲခံရနိုင်တယ်လို့လည်း သိရပါတယ်။

#myangoal #tech #apple_icloud


Latest