စမတ်နာရီဈေးကွက်တွင် Huawei က Apple ကို ပထမဆုံးအကြိမ် ကျော်တက်

စမတ်နာရီဈေးကွက်တွင် Huawei က Apple ကို ပထမဆုံးအကြိမ် ကျော်တက်

Huawei ဟာ ကမ္ဘာ့စမတ်နာရီဈေးကွက်မှာ Apple ကို ပထမဆုံးအကြိမ်အဖြစ် ကျော်တက်ပြီး နံပါတ်တစ်နေရာကို ရယူလိုက်ပါတယ်။ ၂၀၂၅ ခုနှစ်၊ ဒုတိယသုံးလပတ်အတွက် Counterpoint Research ရဲ့ ကမ္ဘာ့စမတ်ဖုန်းတင်ပို့မှုအစီရင်ခံစာအရ သိရတာပါ။

ဒီအစီရင်ခံစာရဲ့ ဖော်ပြချက်အရ စမတ်ဖုန်းဈေးကွက်ရဲ့ ထိပ်တန်းသုံးနေရာမှာ မပါဝင်တော့တဲ့ Huawei ဟာ စမတ်နာရီဈေးကွက်မှာ ၂၁% ရာခိုင်နှုန်းနဲ့ ထိပ်ဆုံးနေရာကို ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ဒုတိယသုံးလပတ်က ၁၅% သာရှိခဲ့ရာကနေ သိသိသာသာ တိုးတက်လာတာ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ ဒုတိယနေရာမှာ ရပ်တည်နေတဲ့ Apple ရဲ့ စမတ်နာရီဈေးကွက်ဝေစုဟာ ပြီးခဲ့တဲ့နှစ်က ၁၉% ရှိခဲ့ရာကနေ အခု ၁၇% အထိ ၂% ကျဆင်းသွားပါတယ်။

စမတ်နာရီတင်ပို့မှုဟာ ၇ လေးလပတ်ဆက်တိုက် ကျဆင်းနေခဲ့ပေမဲ့ ဒီအချိန်အထိ Apple ဟာ စမတ်နာရီဈေးကွက်မှာ နံပါတ်တစ်နေရာကို ဆက်လက်ထိန်းထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုအခါမှာတော့ Huawei က ပထမဆုံးအကြိမ်အဖြစ် Apple ကို ကျော်တက်သွားခဲ့တာပါ။ လက်ရှိမှာ ကမ္ဘာ့စမတ်နာရီဈေးကွက်ကို Huawei နဲ့ Apple တို့ကသာ လွှမ်းမိုးထားပြီး ကျန်တဲ့ Xiaomi, Samsung စတဲ့ ပြိုင်ဘက်တွေကတော့ ဈေးကွက်ဝေစု နည်းပါးနေပါသေးတယ်။


Latest