Your cart is currently empty!
Facebook, Instagram တို့လို Social Media တွေခေတ်စားလာတော့ လူကြီးလူငယ်မရွေး မိမိတို့ရဲ့ ဓာတ်ပုံတွေကို Social App တွေမှာတင်ပြီး Sharing လုပ်လာကြပါတယ်။ ဓာတ်ပုံတွေကို ပိုကြည့်ကောင်းအောင်၊ လူပိုစိတ်ဝင်စားအောင်လုပ်ကြတဲ့အခါ Photo Editing ပိုင်းကလည်းမပါမဖြစ်ပါ။
Samsung ဟာ Google Photos ၊ Adobe Lightroom နဲ့ Snapseed လိုမျိုး လူသုံးများတဲ့ Photo Editing App တွေကို ယှဥ်ပြိုင်နိုင်ဖို့အတွက် Galaxy Enhance-X လို့ နာမည်ပေးထားတဲ့ App ရှိပါတယ်။
Galaxy Enhance-X App ရဲ့ ကွဲထွက်နေတဲ့ ထူးခြားချက်ကတော့ Photo Editing Feature တွေအတွက် AI နည်းပညာကိုအဓိကအသုံးပြုထားတာပါ။ ဓါတ်ပုံတွေကို AI အသုံးပြုပြီး ပြင်ဆင်နိုင်သလို Resolution နိမ့်တဲ့ဓါတ်ပုံတွေကိုလည်း High Quality ကြည်
တောက်ရှင်းဖြစ်အောင် လုပ်နိုင်ဦးမှာပါ။
Samsung မှာ Blur Removal, Reflection Removal, Resolution Upscaling, Detail Sharpening, Low-light Enhancement, HDR Effect Improvement တွေနဲ့ Moire Pattern Removal စတဲ့ Feature တွေပါဝင်မှာဖြစ်ပါတယ်။ Samsung ကတော့ ဒီ App ဟာ ဓါတ်ပုံပိုင်းအတွက် One-stop AI Solution တစ်ခုဖြစ်လာမယ်လို့ဆိုပါတယ်။
ဒီလိုအမိုက်စား Features တွေအကုန်လုံးကို Samsung ဖုန်းမှာပဲသုံးလို့ရနိုင်မှာမဟုတ်ဘဲ Device တိုင်းမှာ အသုံးပြုနိုင်မှာပါ။ ဒါပေမယ့် လောလောဆယ် Samsung Enhance-X App ကို အသုံးပြုချင်တယ်ဆိုရင်တော့ Samsung ဖုန်းတွေရဲ့ Galaxy Store မှာပဲ Download ပြုလုပ်နိုင်ဦးမှာဖြစ်ပြီး Android Version 10 နဲ့အထက်လည်းရှိဖို့လိုပါတယ်။
Ref – Samsung
#happychannel #Samsung #Phone #Sale #Feature







Leave a Reply
You must be logged in to post a comment.