Your cart is currently empty!
Apple က အခုဆိုရင် AirPods 4 တွေကို မိတ်ဆက်ပြီးသွားပြီ၊ အဓိပ္ပါယ်က လာမယ့် ၂၀၂၅ ခုနှစ်ဟာ AirPods Pro အသစ်တွေကို မိတ်ဆက်မယ့်အချိန်ဖြစ်လာတော့မှာပါ။
ဒီအကြောင်းကိုတော့ Bloomberg Media ကနေပြီး Mark Gurman က Apple ကနေ AirPods Pro 3 မှာ Heart Rate တိုင်းတာနိုင်တယ်လို့ပြောခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် Apple ကနေပြီးတော့ ထူးခြားတဲ့ AI Camera တွေကိုလည်း AirPods တွေမှာတပ်ဆင်ပြီး မျက်မမြင်များအတွက် အသုံးဝင်အောင်ဖန်တီးသွားမယ်လို့လည်းသိရပါတယ်။
Apple ဟာ ကျန်းမာရေးဝန်ဆောင်မှုတွေနဲ့ပတ်သက်ရင် တော်တော်လေးအသုံးဝင် Feature တွေကို User တွေအတွက်ထည့်သွင်းတက်ပြီး အခု AirPods 3 မှာဆိုရင်လည်း နားမကြားတဲ့သူတွေအတွက် နားကြားကိရိယာလို အသုံးပြုနိုင်အောင် ဖန်တီးထားတဲ့ Hearing Feature တွေကိုထည့်ထားတာဖြစ်ပါတယ်။
2025 နှစ်လည်လောက်မှာတော့ Apple Event တစ်ခုလာဖို့ရှိပြီး ဒီ Event မှာ Products အသစ်တွေကို မိတ်ဆက်လာဖွယ်ရှိပါတယ်။







Leave a Reply
You must be logged in to post a comment.