Alကို Hack နိုင်ရုံနဲ့ ဒေါ်လာ ၁သန်းရမယ့် အခွင့်အရေး

Apple Intelligence ကို Hack နိုင်မယ့်သူကို Apple မှ ဒေါ်သာ တစ်သန်းဆုချမည့် အခွင့်အရေး
Apple ကတော့ သူတို့ရဲ့ AI ဘယ်လောက် လုံခြုံလဲဆိုတာကို ကြွားတဲ့ အနေနဲ့ Hacker တွေကို စိန်ခေါ်
လိုက်ပါပြီ။
ဒီအစီစဥ်ကတော့ တကယ်တော့ Apple အနေနဲ့ သူတို့ Data တွေမှာ ဘာတွေ လိုအပ်နေလည်းဆိုတဲ့ ယိုပေါက်ကိုရှာဖို့ ဖြစ်ပြီး ဒီလို ရှာနိုင်ရင်လည်း ဘယ်လိုပိတ်ရမလဲဆိုတာပါ လုပ်ထားပြီးသားဖြစ်ပါတယ်။
ဒီလို Error တွေကို ရှာနိုင် Hack နိုင်တဲ့သူတွေကိုတော့ Apple က ‌ဒေါ်လာ ၁ သန်း ဆုကြေးပေးမှာဖြစ်ပါတယ်။
Apple ကတော့ အရင်ထဲက သူ့ Server နဲ့ User Privacy တွေ ဘယ်လောက်လုံခြုံလဲသိချင်လို့ နည်းပညာမြှင့် Error ရှာသူတွေကို ငှားရမ်းခဲ့တဲ့အထိကို လုပ်ခဲ့ပြီးဖြေရှင်းခဲ့ပါတယ်။
Apple Intelligence ကတော့ ဒီနှစ်မှပါဝင်တဲ့ Software Program နဲ့ AI တစ်မျိုးဖြစ်ပြီး ဒီ Program မှာ ဘာအားနည်းချက်တွေရှိလည်းဆိုတာကို အဖြေရှာသွားဦးမှာဖြစ်ပါတယ်။

Latest