Apple ကို ဆန်းသစ်မှုတွေ မလုပ်နိုင်တော့ဘူးလို့ ပြောလာတဲ့ mark zuckerberg

Apple ကို ဆန်းသစ်မှုတွေ မလုပ်နိုင်တော့ဘူးလို့ ပြောလာတဲ့ mark zuckerberg

Apple ဟာ Steve Jobs ဆုံးပြီးထဲက ဆန်းသစ်မှုအားလုံးရပ်တန့်သွားတာဖြစ်တဲ့အပြင် UI တစ်မျိုးထဲကို Design အမျိုးမျိုးနဲ့ ပြုလုပ်လာတာ ယနေ့ထက်ထိရှိလာပါပြီ။

ဒါကို  mark zuckerberg က Jobs ရဲ့ အောင်မြင်မှုတွေကနေ အခုထိ Apple က အမြတ်ထုတ်နေတယ်လို့ပြောလာပါတယ်။

တခြား Brand တော်တော်များများက ပြောင်းလဲဆန်းသစ်မှုတွေလုပ်နေပေမယ့် Apple ကတော့ ပုံစံတစ်မျိုးထဲကိုမှ Design အမျိုးမျိုးနဲ့ ထုတ်နေတာက ဆယ်စုနှစ်တစ်ခုအကြာရှိခဲ့ပါပြီ။

နောက်ပြီး  ဒေါ်လာ ၃,၅၀၀ နဲ့ Apple Vision Pro က စျေးတော့များပေမယ့် ဆန်းသစ်မှုတစ်ခုကိုတခြားသူတွေ လိုက်တုလို့ရအောင်လုပ်ပြနိုင်တာကိုတော့ လက်ခံပါတယ်လို့လည်း mark zuckerberg က ပြောထားတာဖြစ်ပါတယ်။

မကြာခင် Apple အနေနဲ့ကလည်း March လလောက်မှာ SE 4 ကိုမတူညီတဲ့ ပုံစံလေးတွေနဲ့ထုတ်လာနိုင်မယ်လို့လည်း ခန့်မှန်းထားကြပါတယ်။


Latest