Your cart is currently empty!
Apple ဟာ iOS 26 မှာ Ringtone အသစ်တွေကို ထူးထူးခြားခြား ထည့်သွင်းပေးလာပါတယ်။
UI ကို ပြောင်းလဲချိန်မှာ Ringtone လို အသေးစိတ်အချက်အလက်ကိုပါ အာရုံစိုက် ဖန်တီးပေးတာဟာ Apple ရဲ့ အနုစိတ်မှုလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း iOS 26 မှာ အားကိုးရတဲ့ AI စနစ်တွေက မှန်ဘီလူးနဲ့တောင် ရှာသုံးရမယ့်အခြေအနေမှာ Ringtone အသစ်တွေပဲ ထည့်ပေးနေသလားဆိုပြီး ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
လက်ရှိ iOS 26 Beta 6 မှာ Reflection Ringtone မျိုးကွဲတွေ ပါဝင်လာသလို အရင် Beta ဗားရှင်းတွေမှာလည်း Ringtone အသစ်တွေ ပါဝင်ခဲ့ပါတယ်။ iOS 26 ကို လာမယ့် စက်တင်ဘာလမှာ iPhone အသစ်တွေနဲ့အတူ ထုတ်ပြန်သွားမှာ ဖြစ်ပြီး အဲဒီအချိန်မှာ စတင်အသုံးပြုနိုင်မှာပါ။






