Apple Watch Ultra 3 နဲ့ Ultra 4 ဘာတွေကွာခြားလဲ 

Apple Watch Ultra 4 နဲ့ Ultra 3 နဲ့ ယှဉ်ရင် ဘာတွေ ပိုကောင်းလာလဲဆိုတာရှင်းပြပေးပါမယ်။

ဒီဇိုင်းနဲ့ မျက်နှာပြင်က Ultra 3 အတိုင်းပဲ ဆက်ရှိနေပေမဲ့ အတွင်းပိုင်း chip ကို S11 အဖြစ် မြှင့်တင်ထားသလို RAM ကိုလည်း 2GB ကနေ 4GB ထိ တိုးပေးထားပါတယ်။ ကျန်းမာရေးနဲ့ ကြံ့ခိုင်မှုပိုင်းမှာတော့ နှလုံးခုန်နှုန်းကို အရင်ကထက် အဆ ၆၀ ပိုမြန်အောင် ၅ စက္ကန့်တစ်ကြိမ် ပုံမှန် တိုင်းတာပေးနိုင်လာပြီး ခြေလှမ်းနဲ့ အိမ်တွင်း လေ့ကျင့်ခန်း အကွာအဝေး တိုင်းတာမှုကို ပိုမို တိကျစေပါတယ်။ ဒါ့အပြင် အသံပိုင်းဆိုင်ရာ AI စနစ်အသစ်တွေနဲ့ ကိုယ်ခန္ဓာ အနားယူဖို့ အဆင်သင့်ဖြစ်မှုကို တွက်ချက်ပေးမယ့် Readiness စနစ်လည်း ပါဝင်လာပါတယ်။

Battery ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ

Battery သက်တမ်းကတော့ သိသိသာသာ ပိုခံလာပါတယ်။ ပုံမှန်သုံးရင် အရင် ၄၂ နာရီကနေ အခု နာရီ ၅၀ ထိ သုံးလို့ရလာသလို Low Power Mode မှာဆိုရင် ၇၂ နာရီကနေ ၈၄ နာရီအထိ ကြာရှည် ခံသွားမှာပါ။ ပြင်ပ လေ့ကျင့်ခန်းလုပ်ချိန် Battery သုံးစွဲနိုင်မှုလည်း ပိုကြာလာပြီး Battery အမြန်အားသွင်းစနစ်မှာဆိုရင် ၁၅ မိနစ် သွင်းရုံနဲ့ ၁၈ နာရီစာ ပုံမှန်သုံးနိုင်မှာ ဖြစ်ပါတယ်။

ဝယ်ယူသင့်/မသင့် သုံးသပ်ချက်

Ultra 3 ကိုင်ထားသူများ: အပြောင်းအလဲ အကြီးကြီး မဟုတ်တာကြောင့် Ultra 3 ကိုင်ထားသူအများစု အနေနဲ့ အလောတကြီး အဆင့်မြှင့် ဝယ်ယူစရာ မလိုသေးပါဘူး။ ကိုယ်လက်လှုပ်ရှားမှုနဲ့ ခန္ဓာကိုယ် Recovery ဒေတာတွေကို အထူးတလည် အသေးစိတ် လိုချင်သူတွေ ဒါမှမဟုတ် ကစားချိန် အကြာကြီး သုံးချင်သူတွေလောက်ပဲ Upgrade လုပ်ဖို့ သင့်တော်ပါတယ်။

အသစ်ဝယ်မယ့်သူတွေအတွက်တော့ ဈေးနှုန်းမကွာရင် Ultra 4 ကိုပဲ ရွေးချယ်သင့်ပါတယ်။ 


Latest