DeepSeek AI အသုံးပြုခွင့် တောင်ကိုရီးယားမှာ ပိတ်ပင် 

DeepSeek AI အသုံးပြုခွင့် တောင်ကိုရီးယားမှာ ပိတ်ပင် 

တောင်ကိုရီးယားမှာ တရုတ်ကုမ္ပဏီပိုင် DeepSeek ဉာဏ်ရည်တု AI အပလီကေးရှင်းသုံးခွင့်ကို ဆိုင်းငံ့လိုက်ပါတယ်။ 

အကြောင်းအရင်းကတော့ ကိုယ်ရေးအချက်အလက် လုံခြုံမှုဆိုင်ရာစိုးရိမ်မှုတွေကြောင့် ဒီ app ကို download လုပ်လို့မရအောင်ပိတ်ထားတယ်လို့ တောင်ကိုရီးယား အချက်အလက်ကာကွယ်ရေးဆိုင်ရာ တာဝန်ရှိသူတွေကပြောလာတာဖြစ်ပါတယ်။ 

DeepSeek app ဟာ အခုဆိုရင် အာရှဘက်မှာလည်း လုံခြုံရေးဆိုင်ရာများအတွက် ပိတ်ပင်မှုတွေပြုလုပ်လာသလို ဥရောပဘက်မှာပါ လုံခြုံမှုမရှိတဲ့ App ဆိုပြီး ပိတ်ပင်တာတွေအထိလုပ်လာတာဖြစ်ပါတယ်။ 

လုံခြုံရေးအချက်အလက်စည်းမျဉ်းတွေ သေချာလိုက်နာ ရင်တော့ ပြန်သုံးခွင့်ပေးမယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။ ဒါနဲ့ ပတ်သက်လို့ DeepSeek ကုမ္ပဏီဘက်က တစုံတရာတုံ့ပြန်တာမရှိသေးပါဘူး။

DeepSeek app ဟာ တရုတ်ပိုင် App တစ်ခုဖြစ်ပြီး လက်ရှိမှာတော့ AI တွေထဲမှာ နံပါတ်တစ် အနေနဲ့ ရပ်တည်နေတဲ့ App တစ်ခုဖြစ်တယ်လို့လည်းသိရပါတယ်။ 


Latest