iPhone ထဲ ရေဝင်သွားတယ်ဆိုရင်

အမှတ်မထင် iPhone လေး ရေစိုသွားခဲ့တဲ့အခါ ဘာတွေလုပ်ဆောင်သင့်သလဲ ? ဘာတွေ မပြုလုပ်သင့်ဘူးလဲ?
အရင်ဆုံး iPhone လေး ရေစိုသွားခဲ့ရင် ဆန်အိုးထဲကို ထည့်တာနဲ့ Drayer, တစ်သျှူးတွေကို အသုံးပြုပြီး ရေတွေခြောက်သွေ့အောင် ပြုလုပ်ခြင်းတွေကို ရှောင်ရှားပေးရမှာပါ။
💡 iPhone ထဲ ရေဝင်သွားတဲ့အခါ ပထမဆုံး ဖုန်းကို ပြောင်နေအောင် သုတ်ပေးထားရမှာပဲဖြစ်ပါတယ်။
💡 နောက်ထပ်တစ်ချက်ကတော့ iPhone ကို ရေစိုနေတဲ့အခါ အားသွင်းတာတွေမပြုလုပ်ဖို့လည်း လိုအပ်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် မသုံးပဲ ရေပြောင်အောင်ပြုလုပ်ဖို့အတွက်ပဲဦးစားပေးရပါမယ်။
💡 နောက်ထပ်ပြုလုပ်သင့်တာကတော့ iPhone ကို ထောင်ထားတဲ့ပုံစံနဲ့ ထားပေးရမှာဖြစ်ပြီး ရေတွေကျလာတဲ့အထိကိုစောင့်ကြည့်ပေးရမှာဖြစ်ပါတယ်။
💡 အေးပြီးခြောက်သွေ့တဲ့နေရာမှာထားရင်လည်း iPhone ထဲက ရေတွေကို ခြောက်သွေ့စေတာကို ပိုမြန်စေပါလိမ့်မယ်။
💡 နောက်ဆုံးတစ်ချက်ကတော့ Speaker တွေကို ဖွင့်ထားပြီး အကျယ်ဆုံး ဖြစ်နိုင်မယ့် Musics တွေကို ဖွင့်ထားပြီး ပြုလုပ်မယ်ဆိုရင်လည်း ရေတွေကို သန့်စင်ရာမှာများစွာအထောက်အကူပြုမှာပါ။
တော်တော်လေးအသုံးဝင်လို့ မသိသေးတဲ့ သူငယ်ချင်းတွေကို Share ပေးလိုက်ဦးနော်။

Latest