One UI အသစ်နဲ့ Galaxy Ai

One UI 6.1.1 မှာ ပါဝင်လာတဲ့ Galaxy Ai Feature အသစ်
တစ်နေ့က Samsung ကနေ သူတို့ရဲ့ One UI ဖြစ်တဲ့ Galaxy AI Feature အသစ်တွေပါဝင်လာတဲ့ Update တစ်ခုကို မိတ်ဆက်ပေးခဲ့လိုက်ပါတယ်။
ဒီ Feature တွေထဲမှာ စိတ်ဝင်စားဖို့ကောင်းတာကတော့ Sketch to Image ဆိုတဲ့ Feature က စိတ်ဝင်စားဖို့ အကောင်းဆုံးပါပဲ။
ဒီ Feature က ကိုယ်ပုံဆွဲလိုက်သမျှကို AI အနေနဲ့ ဖန်တီးပြီး ပုံတစ်ပုံနဲ့ အနီးစပ်ဆုံးတူအောင် လုပ်ပေးမှာဖြစ်ပါတယ်။
ကိုယ့် ကိုယ်ပိုင်ပုံတွေပေါ်မှာ Sketch ဆွဲလိုက်တာနဲ့ နောက်ခံတွေ ပြောင်းလို့ရတာတွေ၊ ပုံဖန်တီးတာတွေ အထိကို စိတ်ကြိုက် လုပ်ဆောင်လို့ရနိုင်မှာဖြစ်ပါတယ်။
Update အသစ်အနေနဲ့ တဖြည်းဖြည်းမိုက်လာပြီး ဒီထက်လည်း ပိုမိုကောင်းတာတွေ ထပ်လာဦးမှာလားဆိုတာကတော့ Galaxy Ai ကို စောင့်ကြည့်ရမှာပါပဲ။

Latest