Pixar မှာ အလုပ်လုပ်ဖူးတဲ့ Steve Jobs 

Pixar မှာ အလုပ်လုပ်ဖူးတဲ့ Steve Jobs 

Toy Story ကိုတော့ လူတိုင်း ကြည့်ဖူးကြမယ် ထင်ပါတယ်။ လူတွေ မရှိတဲ့အချိန် အသက်ဝင်လာတဲ့ အရုပ်လေးတွေရဲ့ ဇာတ်လမ်းဖြစ်ပြီး 1995 မှာ 3D Animation လောကကို လှုပ်ခပ်ခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ 

အောင်မြင်မှုတွေများစွာရရှိခဲ့တဲ့ Toy Story ကို ထုတ်လုပ်ခဲ့တာကတော့ Pixar Company ကပဲဖြစ်ပါတယ်။ 

Pixar ဆိုတာကတော့ Apple ရဲ့ ပဲ့ကိုင်ရှင် Steve Jobs က Apple Company မှ အထုတ်ခံရချိန်မှာ ဝယ်ယူခဲ့တဲ့ Company တစ်ခုပါ။ 

ဒါ့အပြင် Pixar Company မှာ လည်း Jobs ရဲ့ စီမံခန့်ခွဲမှုတွေကြောင့် နာမည်ရလာခဲ့ပြီး တိုးတက်လာတဲ့ Animation Company တစ်ခုဖြစ်လာခဲ့ပါတယ်။

2006 ခုနှစ်မှာ Disney က Pixar ကို ဝယ်ယူခဲ့သည့်တိုင်အောင် Jobs ရဲ့ ရှယ်ယာတွေက များစွာပါဝင်နေသေးတာဖြစ်တဲ့အတွက် ဒါရိုက်တာ နေရာဖြင့် ဘုတ်အဖွဲ့အတွင်းမှာပါဝင်ခဲ့ပါတယ်။

ဒါ့အပြင် Steve Job ရဲ့ Sign ပါဝင်တဲ့ Pixar အမှတ်တရ Woody နဲ့ Buzz Lightyear ရဲ့ Toy Story Poster တစ်ခုကိုလည်း 2019 ခုနှစ်မှာ လေလံ ပြုလုပ်ပြီး ရောင်းချခဲ့ပါတယ်။ 

Apple ရဲ့ ပဲ့ကိုင်ရှင် Steve Jobs ရဲ့ ဦးစီးခဲ့တဲ့ Pixar Company ဟာ ယခုဆိုရင် Animation ပေါင်းများစွာကို ထုတ်လုပ်လျက်ရှိပြီး အောင်မြင်နေဆဲဖြစ်ပါတယ်။


Latest