Your cart is currently empty!
Samsung ဖုန်းသုံးနေပြီး ဒီ Feature ကို မသုံးဖူးသေးရင်တော့ တကယ်နှမြောဖို့ကောင်းပါတယ်! ဓာတ်ပုံထဲမှာ မလိုချင်တဲ့ အမှိုက်တွေ၊ နောက်ခံက လူတွေကို ဖျက်ဖို့ တခြား App တွေ ရှာမနေပါနဲ့တော့။ Samsung ရဲ့ Object Eraser က အကုန်ဖြေရှင်းပေးနိုင်ပါတယ်။
ကိုယ်ကတော့ အပီအပြင် ပို့စ်ပေးပြီး ဓာတ်ပုံရိုက်လိုက်တာပဲ၊ ဒါပေမဲ့ နောက်ခံမှာက လူတွေရော၊ အမှိုက်ပုံးတွေရော ပါနေလို့ စိတ်ညစ်နေရပြီလား? 🗑️👤
စိတ်မပူပါနဲ့! Samsung ရဲ့ AI စနစ်က သင့်အတွက် အဆင်သင့်ရှိပါတယ်။ တခြား App တွေ သုံးစရာမလိုဘဲ ဖုန်းထဲမှာတင် ဒီလိုလုပ်လိုက်ပါ –
- Gallery ထဲက ကိုယ်ပြင်ချင်တဲ့ပုံကို ရွေးပါ။
- အောက်က ခဲတံပုံ (Edit) ကို နှိပ်ပါ။
- ညာဘက်ထောင့်က အစက် ၃ စက် (More) ကို နှိပ်ပြီး Object Eraser ကို ရွေးလိုက်ပါ။
- ဖျက်ချင်တဲ့ လူ သို့မဟုတ် ပစ္စည်းကို ဝိုင်းလိုက်ပါ။ (ဒါမှမဟုတ် သူ့အပေါ်ကို တစ်ချက်နှိပ်လိုက်ရုံပါပဲ)
- Erase ကို နှိပ်လိုက်တာနဲ့… ဝုန်း! အကုန်ပျောက်သွားပြီး ရှုခင်းကြီးက သန့်ရှင်းသွားပါလိမ့်မယ်။
ဘယ်လောက်လွယ်လဲ? အခုပဲ စမ်းကြည့်ပြီး သင့်ရဲ့ Perfect Photo လေးတွေကို ခရီးသွားရင်း ရိုက်လိုက်တဲ့ ပုံလှလှလေးတွေထဲမှာ မတော်တဆ ပါလာတဲ့ လူစိမ်းတွေကြောင့် ပုံပျက်သွားတာမျိုး ကြုံဖူးကြမှာပါ။ အရင်ကဆိုရင်တော့ Photoshop သမားတွေကို အကူအညီတောင်းရ၊ ဒါမှမဟုတ် App အသစ်တွေ ဒေါင်းလုပ်ဆွဲပြီး ခေါင်းစားခံ ပြင်ရပါတယ်။
ဒါပေမဲ့ Samsung User တွေအတွက်တော့ ဒါဟာ အပျော်တမ်းကိစ္စလေးပါ။ Object Eraser ဆိုတဲ့ Magic Wand လေးက သင့်ဖုန်းထဲမှာတင် ရှိနေတာပါ။
သူ့ရဲ့ အားသာချက်က ပစ္စည်းတစ်ခုတည်းတင် မဟုတ်ဘူး၊ ဓာတ်ပုံထဲက မလိုချင်တဲ့ အရိပ် (Shadows) တွေနဲ့ မှန်ပေါ်က အရောင်ပြန်ဟပ်တာ (Reflections) တွေကိုပါ တစ်ခါတည်း ဖျက်ပစ်လို့ရတာပါ။ အခုပဲ သင့် Gallery ထဲက လူပိုတွေပါနေတဲ့ ပုံဟောင်းတွေကို ပြန်ထုတ်ပြီး “ပြုပြင်ပြောင်းလဲရေး” လို့ရနိုင်ပါတယ်။






