Your cart is currently empty!
Selfie ရိုက်ရတာ ဝါသနာပါသူတွေအတွက် realme 16 က “မှန်” လေး ထည့်ပေးလိုက်ပြီနော်! 📸✨
ဖုန်းရဲ့ နောက်ကင်မရာနဲ့ Selfie ရိုက်ရတာ ကြိုက်ပေမယ့် ကိုယ့်မျက်နှာ ဘယ်လိုပေါ်နေလဲ မသိလို့ အခက်တွေ့နေသူတွေအတွက် realme က အဖြေရှာပေးလိုက်ပါပြီ။ အသစ်ထွက်မယ့် realme 16 5G ရဲ့ ကျောဘက်မှာ မှန်သေးသေးလေး တစ်ခု ပါဝင်လာမှာပါ။
realme ဟာ ဒီနှစ်ပိုင်းတွေမှာ ကင်မရာပိုင်းဆိုင်ရာ Idea အသစ်တွေကို တစိုက်မတ်မတ် ချပြလာနေပါတယ်။ မနှစ်က Camera Module ဖြုတ်လဲလို့ရတဲ့ ဒီဇိုင်းနဲ့ ဆန်းပြခဲ့သလို၊ အခု realme 16 5G မှာတော့ ကျောဘက်မှာ မှန် (Mirror) သေးသေးလေး တစ်ခု ထည့်ပေးထားမှာပါ။
ဒီမှန်လေးကိုကြည့်ပြီး နောက်ကင်မရာနဲ့ ပိုလှတဲ့ Selfie တွေ၊ Video တွေ ရိုက်နိုင်တော့မှာပါ။ နည်းပညာအကြီးကြီးတွေ မလိုဘဲ အခုလို မှန်လေးတစ်ချပ်နဲ့ ဆန်းသစ်ပြလိုက်တဲ့ realme ရဲ့ Idea ကို ဘယ်လိုမြင်ကြလဲ? သူများတွေ မလုပ်တာကို လုပ်ပြတတ်တဲ့ realme ကတော့ ဒီနှစ်မှာလည်း အတော်လေး မျက်နှာပွင့်ဦးမှာ အသေအချာပါပဲ။






