Streaming နယ်ပယ်ရဲ့ ဘုရင် Netflix ဟာ Warner Bros. (WB) ရဲ့ စတူဒီယို လုပ်ငန်းနဲ့ Streaming လုပ်ငန်းတွေကို ဝယ်ယူလိုက်ပြီလို့ တရားဝင် ကြေညာလိုက်ပါတယ်။

Streaming နယ်ပယ်ရဲ့ ဘုရင် Netflix ဟာ Warner Bros. (WB) ရဲ့ စတူဒီယို လုပ်ငန်းနဲ့ Streaming လုပ်ငန်းတွေကို ဝယ်ယူလိုက်ပြီလို့ တရားဝင် ကြေညာလိုက်ပါတယ်။ ဒီဝယ်ယူမှုဟာ ဖျော်ဖြေရေးလောကမှာ သမိုင်းတစ်လျှောက် အကြီးမားဆုံး သဘောတူညီမှု ထဲက တစ်ခုဖြစ်ပြီး၊ ဟောလိဝုဒ်ရဲ့ အင်အားချိန်ခွင်ကို လုံးဝ ပြောင်းလဲပစ်တော့မှာပါ။

ဒီဝယ်ယူမှုရဲ့ စုစုပေါင်းတန်ဖိုးဟာ ဒေါ်လာ ၈၂.၇ ဘီလီယံ နီးပါးရှိပြီး၊ ဒါဟာ ပြိုင်ဘက်တွေဖြစ်တဲ့ Paramount နဲ့ Comcast တို့ရဲ့ ကမ်းလှမ်းချက်တွေကို ကျော်လွှားပြီး အနိုင်ရခဲ့တာပါ။

Netflix ဟာ WB ရဲ့ အရေးကြီးဆုံး လုပ်ငန်းတွေအားလုံးကို ရရှိသွားပါတယ်။ အဓိကအားဖြင့်-
HBO Max ရဲ့ Streaming ပိုင်ဆိုင်ခွင့်တွေကိုပါရထားတာဖြစ်ပါတယ်။

Warner Bros. Film and Television Studios ရရှိမယ့် IP မျာနဲ့ Netflix အတွက် အလွန်တန်ဖိုးရှိတဲ့ ပိုင်ဆိုင်မှုတွေ ပါဝင်လာပါတယ်။

ဒါ့အပြင် Harry Potter, Batman နဲ့ အခြား DC Universe မှ ဇာတ်ကောင်တွေကိုလည်းပိုင်ဆိုင်ခွင့်ရထားပြီး Game of Thrones (GOT) စတဲ့ ဂန္ထဝင် အမှတ်အသားပြု (Iconic) စီးရီးနဲ့ ရုပ်ရှင် Library ကြီးတစ်ခုလုံး ရရှိသွားမှာပါ။

ဝယ်ယူမှု လုပ်ငန်းစဉ်အားလုံးကို ၂၀၂၆ ခုနှစ် တတိယ သုံးလပတ် (Q3 2026) မှာ အပြီးသတ်ဖို့ မျှော်မှန်းထားပါတယ်။


Latest