Galaxy AI Ecosystem ထဲမှာ Galaxy Z Fold/ Z Flip ၊ Galaxy Buds ၊ Galaxy Watch နဲ့ Galaxy Ring စတဲ့ Product အသစ်တွေကို Samsung က စတင်ပြီး အသက်သွင်းနေပြီဖြစ်ပါတယ်..
Samsung ရဲ့ Products တွေဟာ ထုတ်သမျှ တစ်ခုနဲ့ တစ်ခု ဆက်စပ်သုံးနိုင်ပေမယ့် Ecosystem တော့ မရှိပါဘူး။ ဘာကြောင့်လဲဆိုရင် Samsung က Products တွေကို Innovative ဖြစ်တာကို ဦးစားပေးတဲ့ Company တစ်ခုဖြစ်တဲ့အပြင် တခြားသော Smart Phone Company တွေနဲ့ပြိုင်ဆိုင်နေရတာကြောင့် အသေးမွှား ကိစ္စလေးတွေဆို မလုပ်ပေးသေးတာများပါတယ်။
ဒါပေမယ့် 2023 မှာ Galaxy AI စတင်ပေါ်လာပြီးနောက်ပိုင်း Samsung ဟာ သူ့ရဲ့ Software Innovative ဖြစ်တာကို ပိုပြီး ဦးစားပေးလာပါပြီဖြစ်ပါတယ်။ တကယ်တော့ Ecosystem ဆိုတာ Apple က ချပြခဲ့တာ ဟိုးလွန်ခဲ့တဲ့ 2010 လောက်ထဲကဆိုတော့ Samsung နဲ့ယှဥ်ရင် တော်တော်လေးကို စောတယ်လို့ ပြောရမှာပါပဲ။
Samsung ကတော့ အခုမှာ သူတို့ရဲ့Products တွေ တစ်ခုနဲ့ တစ်ခုကြားမှာ user တွေကို Connect ပိုဖြစ်အောင် Galaxy AI နဲ့အတူ သူတို့ရဲ့ Ecosystem ကြီးတစ်ခုလုံးကိုပြောင်းလဲလိုက်ပါပြီ။
ဒါကကတော့ Samsung User တွေ အတွက် ကောင်းတဲ့အချက်ဖြစ်ပြီး နောက်ပိုင်း Device တစ်ခုနဲ့ တစ်ခုကို လွယ်လွယ်ကူကူ ကူးသန်း အသုံးပြုလို့ရနိုင်တော့မှာဖြစ်ပါတယ်။
#Samsung #GalaxyAI #Zflip #ZFold #Buds #watch







Leave a Reply
You must be logged in to post a comment.