Your cart is currently empty!
ဝန်ထမ်းတစ်ယောက်ချင်းစီကို iPhone 16 Pro လက်ဆောင်ပေးခဲ့တဲ့ တရုတ် ကုမ္ပဏီ
တရုတ်နိုင်ငံမှာတော့ လုပ်လိုက်ရင် အဆန်းတွေကြီးပါပဲ။
ဒီ အဖြစ်အပျက်က မနေ့တုန်းက iPhone 16 Pro တွေ အာရှဘက်မှာ စတင်ရောင်းချတဲ့အချိန်မှာ Media Storm လို့ ခေါ်တဲ့ တရုတ် ကုမ္ပဏီ က CEO ဖြစ်သူက အလုပ်နေ့တိုင်း ဆင်းပေးတဲ့ ဝန်ထမ်းတိုင််းကို iPhone 16 Pro တစ်ယောက်တစ်လုံးပေးခဲ့ကြောင်း Media ပေါ်က တစ်ဆင့်ဖော်ပြခဲ့ပါတယ်။
CEO ဖြစ်သူပြောထားတာတော့ ရုံးကိုလာတဲ့သူတိုင်းကို သူ iPhone 16 Pro တစ်လုံးပေးမယ်၊ အဟောင်းဝန်ထမ်းပဲဖြစ်ဖြစ်၊ အသစ်ဝန်ထမ်းပဲဖြစ်ဖြစ်၊ အခုမှစဝင်တဲ့ အလုပ်သင်ပဲဖြစ်ဖြစ် ကုမ္ပဏီ
ရဲ့ ဘယ်အခန်း ကဏ္ဏကမဆို ပါဝင်တဲ့သူတိုင်းကို iPhone 16 Pro ပေးသွားမှာဖြစ်တယ်လို့ပြောသွားခဲ့ပါတယ်။
ဒီ ကုမ္ပဏီ ဟာ အခုလို iPhone 16 Pro တွေပေးခဲ့တာ ဒါပထမဆုံး အကြိမ်မဟုတ်ပါဘူး။ ရှေ့နှစ်တုန်းက လည်း ဝန်ထမ်းတွေကို iPhone 15 Pro တွေပေးခဲ့ဖူးပါတယ်။







Leave a Reply
You must be logged in to post a comment.