ရုပ်ရှင်တွေ၊ စီးရီးတွေ၊ ကြေငြာတွေ ရိုက်ကူးခဲ့တဲ့ Jeju ကျွန်းက နာမည်ကြီး နေရာ ၈ နေရာ

Jeju ကျွန်းကတော့ ကိုရီးယားနိုင်ငံမှာ ခရီးသွားလည်ပတ်မှု အများဆုံးနေရာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့ MyanGoal Travel ကနေပြီးတော့ ကိုရီးယားနိင်ငံက ရုပ်ရှင်တွေ၊ စီးရီးတွေ၊ ကြေငြာတွေ ရိုက်ကူးခဲ့တဲ့ Jeju ကျွန်းက နာမည်ကြီး နေရာ ၈ နေရာကို ပြောပြပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်ရုပ်ရှင်တွေ၊ K-Drama စီရီးတွေက ဘယ်လို နာမည်ကြီးနေရာတွေမှာ ရိုက်ကူးခဲ့လဲ သိချင်ရင်တော့ ဆက်ပြီး ဖတ်ကြည့်ကြည့်လိုက်ပါ။

1.Jeju ရိုးရာကျေးရွာ
ဒီရွာဟာ နာမည်ကြီး K-Drama စီရီး Jewel in the Palace (Dae Jang Geum) ရိုက်ကူးခဲ့တဲ့နေရာအဖြစ် လူသိများပါတယ်။ ဒီရိုးရာကျေးရွာဟာ Jeju ကျွန်းရဲ့ ရိုးရာယဉ်ကျေးမှုကို ဆက်လက် ထိန်းသိမ်းထားတာကြောင့် ရှေးယဥ်ကျေးမှုဓလေ့တွေကို တွေ့နိုင်ပါတယ်။ လူနေမှုပုံစံနဲ့ ယဉ်ကျေးမှုတို့ဟာ ကိုရီးယားလူမျိုးတွေရဲ့ စိတ်ဓာတ်နဲ့ တန်ဖိုးတွေကို စံနမူနာပြထားတာကြောင့် သေချာ ထိန်းသိမ်းထားပါတယ်။ တစ်ချိန်က Jeju ကျွန်းပေါ်က လူမျိုးတွေ နေထိုင်ခဲ့တဲ့ ရိုးရာအိမ် 100 နီးပါးရှိပါတယ်။

တည်နေရာ- 631-34၊ Minsokhaean-ro၊ Pyoseon-myeon၊ Seogwipo-si၊ Jeju-do၊
ဖွင့်ချိန်- နေ့စဉ် နံနက် ၈း၃၀ မှ ညနေ ၆ နာရီအထိ

2.Maze Land
Jeju ကျွန်းက ဒီ Maze Land မှာ နာမည်ကြီး variety ရှိုး Running Man နဲ့ K-Drama စီးရီး The Legend of the Blue Sea တို့လာရောက် ရိုက်ကူးခဲ့ပါတယ်။ ဒီဝင်္ကပါမှာ စိမ်းလန်းစိုပြေတဲ့ သစ်ပင်တွေ၊ မီးတောင်ကျောက်နံရံတွေ အပြင် Jeju တောင်ရဲ့ ရင်သပ်ရှုမောဖွယ် မြင်ကွင်းကိုလဲ ကြည့်နိုင်ပါ‌သေးတယ်။ လူကြိုက်များတဲ့ ခရီးသွားနေရာ တစ်ခုဖြစ်တဲ့ Bijarim တောအုပ်နဲ့လဲ နီးပါတယ်။ ဝင်္ကပါ အမျိုးအစား ၃ မျိုးရှိပြီး Wind Maze၊ the Female Maze နဲ့ the Stone Maze တို့ဖြစ်ပါတယ်။ နောက်ထပ်လည်ပတ်စရာ နေရာတွေအဖြစ် နှင်းဆီဥယျာဉ်၊ Hydrangeas လမ်း၊ Camellia သစ်တော တို့လဲ ရှိပါသေးတယ်။ ဝင်္ကပါထဲ မျက်စိလည်ပြီး ပျောက်သွားမှာကို စိုးရိမ်စရာမလိုပါဘူး။ ပန်းခြံတစ်ခွင်လုံးမှာ မြေပုံတွေနဲ့ လမ်းညွှန်ချက်တွေ ရှိပါတယ်။

တည်နေရာ- ၂၁၃၄-၄၇၊ Bijarim-ro၊ Gujwa-eup၊ ​​Jeju-si၊ Jeju-do၊
ဖွင့်ချိန်- နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ

3.Teddy Bear ပြတိုက်
Jeju က Teddy Bear Museum ဟာ K-Drama စီးရီး Princess Hours ကနေပြီးတော့ စတင် နာမည်ကြီးလာခဲ့ပါတယ်။ ဒီပြတိုက်ဟာ K-Drama စီးရီး Playful Kiss မှာလဲ ပါဝင်ပါသေးတယ်။ ဒီ Teddy Bear ပြတိုက် ဆိုတဲ့အတိုင်း ဝက်ဝံရုပ်တွေကို အဓိကပြသထားပြီး ကမ္ဘာတစ်ဝှမ်းကနေ ရှားပါးဝက်ဝံရုပ်‌တွေကို စုဆောင်း ပြသထားပါတယ်။ 20 ရာစု လူသားမျိုးနွယ်ရဲ့သမိုင်းကြောင်းကိုလည်း ပြသထားပါသေးတယ်။ ဒီချစ်စရာကောင်းတဲ့ ဝက်ဝံရုပ်လေးတွေက ကလေးတွေကြားမှာလည်း ရေပန်းစားပါတယ်။ လာရောက်ကြည့်ရှုသူတွေအနေနဲ့ 15 မိနစ်တိုင်း Elvis Teddy ရဲ့ ဖျော်ဖြေမှုကို Elvis ပြဇာတ်ရုံမှာ ခံစားကြည့်နိုင်ပါတယ်။ အပြင်ဘက်မှာဆိုလဲ ပန်းဥယျာဉ်တွေ၊ အမှတ်တရ ပစ္စည်းအရောင်းဆိုင်နဲ့ ကော်ဖီဆိုင်တို့လည်း ရှိပါတယ်။

တည်နေရာ- ၃၁၊ Jungmungwangwang-ro 110beon-gil၊ Seogwipo-si၊ Jeju-do၊
ဖွင့်ချိန်- နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ

4.Hallasan Mountain
Hallasan တောင်ကတော့ Jeju မှာ အထင်ရှားဆုံးတောင် ဖြစ်ပြီး K-dramas နဲ့ ရုပ်ရှင်တွေမှာ မကြာခဏ ပါလေ့ရှိပါတယ်။ Hallasan တောင် မှာ ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတချို့ကတော့ Il Mare (2000)၊ My Lovely Sam Soon (2005)၊ Fighter in the Wind (2004) နဲ့ Jiseul (2012) တို့ဖြစ်ပါတယ်။
Jeju ကျွန်းအလယ်မှာတည်ရှိတဲ့ Hallasan တောင်ဟာ ဒိုင်းမီးတောင်တစ်ခုဖြစ်ပြီး oreum (တောင်သေး) ‌တွေရဲ့ ထူးခြားတဲ့ ရှုခင်းများ၊ မီးတောင်ရဲ့ ဧရိယာတဝိုက် volcanic cones တွေကို တွေ့မြင်နိုင်ပါတယ်။ တစ်နှစ်ပတ်လုံး ဘယ်အချိန်ပဲဖြစ်ဖြစ် အသွားများကြပေမယ့် အထူးသဖြင့် Hallasan တောင်ဟာ ဆောင်းရာသီ နှင်းရှုခင်းတွေကြောင့် လူသိများပါတယ်။

တည်နေရာ- Odeung-dong၊ Jeju-si၊ Jeju-do၊

ကျန်နေသေးတဲ့ နောက်ထပ်နေရာ ၄ နေရာကိုလဲ K-Drama စီရီးတွေလိုဘဲ နောက်ရက် ဒီလိုအချိန်မှာ တင်ဆက်ပေးမှာမလို့ စောင့်မျှော်နေကြပါနော်။ 여러분 လူကြီးမင်းတို့ Air Ticket အတွက်ဆို လွယ်ကူ သက်သာတာ MyanGoal Travel မှာပါ အသေးစိတ် ဆက်သွယ်မေးမြန်းလိုရင်တော့ – 📞 ဖုန်းနံပါတ် : 010-2497-1478 ကို ဆက်သွယ်လိုက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။


Latest