Your cart is currently empty!

ကိုရီးယားရဲ့ Major Cultural Events မှာ လုပ်ကြည့်ခဲ့သင့်တဲ့ activities များ Part-2
ကိုရီးယားနိုင်ငံဟာ ရိုးရာယဉ်ကျေးမှုနဲ့ ခေတ်သစ်ဖျော်ဖြေရေးတို့ကို ပေါင်းစပ်ထားတဲ့ စိတ်ဝင်စားစရာ ပွဲတော်များစွာကို ကျင်းပလေ့ရှိပါတယ်။ ရှေးဟောင်းအမွေအနှစ် ပွဲတော်တွေကနေ K-Pop ဖျော်ဖြေပွဲတွေအထိ တစ်နှစ်ပတ်လုံး စုံလင်စွာ တွေ့နိုင်ပါတယ်။ ကိုရီးယားကို ရောက်ရင်တော့ ယဉ်ကျေးမှုပွဲတော်တွေကို ဆင်နွှဲရင်း activities မျိုးစုံကိုလည်း လုပ်ကြည့်ခဲ့ဖို့ မမေ့ပါနဲ့။! ဒါကြောင့် ဒီနေ့မှာလည်း ကိုရီးယားရဲ့ အဓိက ယဉ်ကျေးမှုပွဲတော်တွေမှာ လုပ်ကြည့်ခဲ့သင့်တဲ့ activities တွေကို ထပ်ပြီးတော့ ပြောပြလိုက်ပါတယ်။
4. Joseon မင်းဆက်က ပွဲတော်များ – သမိုင်းကို ပြန်လည်ခံစားခြင်း 🏯👑
📅 ဂျိုဆွန်ခေတ် ပွဲတော်တွေကတော့ ဒေသအလိုက် အချိန်အမျိုးမျိုး ကျင်းပလေ့ရှိကြပါတယ်။
✅ လုပ်ဆောင်သင့်တဲ့ အရာများ
– ကိုရီးယား ရိုးရာဝတ်စုံ hanbok 한복 ဝတ်ဆင်ပြီး Gyeongbokgung နန်းတော် ကို လည်ပတ်ပါ။ အခမဲ့ဝင်ရောက်လို့ ရပါတယ်။
– နန်းတွင်းအစောင့်တွေ လဲလှယ်တဲ့ အခမ်းအနား (Sumungun 수문군) ကိုကြည့်ရှုပါ။
– ကိုရီးယားရိုးရာ လေးအတတ် ဒါမှမဟုတ် စာရေးအတတ် ကို လေ့လာပါ။
– နန်းတွင်းအစားအစာ (sura 수라) ကိုမြည်းစမ်းပါ။
—
5. Jeju Fire Festival (Jeongwol Daeboreum) – စားရင်းသောက်ရင်း ကရင်းခုန်ရင်း 🔥🍊
📅 *ဖေဖော်ဝါရီ (တရုတ်နှစ်ကူးနေ့)*
✅ လုပ်ဆောင်သင့်တဲ့ အရာများ
– မကောင်းတဲ့ စွမ်းအင်တွေကို မောင်းထုတ်ပေးတယ်လို့ ယုံကြည်ကြတဲ့ Jeju ရဲ့ လယ်ကွင်းထဲက မီးပုံကြီး ကို ကြည့်ရှုပါ။
– yutnori ( 윷놀이) တို့လို ကိုရီးယားရိုးရာ ကစားနည်းတွေကို ကစားကြည့်ပါ။
– Jeju ရဲ့ နာမည်ကြီး ဝက်သားကင် နှင့် လတ်ဆတ် hallabong 한라봉 (လိမ္မော်သီး) ကိုမြည်းစမ်းပါ။
– Seongsan Ilchulbong 성산일출봉 မှာ တောင်တက်ရင်း နေထွက်ချိန်ကို ကြည့်ပါ။
—
6. Seoul Fiesta (Korea Grand Sale) 🎤💃
📅 *ဇန်နဝါရီ – ဖေဖော်ဝါရီ*
✅ လုပ်ဆောင်သင့်တဲ့ အရာများ
– အခမဲ့ K-pop ဖျော်ဖြေပွဲတွေနဲ့ အတူပါဝင်ပါ။ 💖
– ဇိမ်ခံပစ္စည်းတွေ နဲ့ ကိုရီးယားအလှကုန် ပစ္စည်းတွေကို လျှော့စျေးတွေနဲ့ ဝယ်ယူပါ။
– VR K-pop အကပြိုင်ပွဲတွေ မှာ ပါဝင်ပါ။
– tteokbokki 떡볶이နဲ့ hotteok 호떡 တို့လို ဆောင်းရာသီ street foodsတွေကို မြည်းစမ်းပါ။
—
ဘယ်ပွဲတော်တွေကို သွားဖို့စိတ်ဝင်စားလဲ? အောက်မှာ comment ရေးခဲ့ပါ။ 👇
#KoreaTravel #CulturalFestivals #ExploreKorea 🌏✈️