Your cart is currently empty!
🇰🇷 ကိုရီးယားရဲ့ ကောက်ရိတ်သိမ်းပွဲတော် ဟုလည်း လူသိများတဲ့ Chuseok ဟာ တစ်နှစ်တာရဲ့ အရေးကြီးဆုံးနှင့် ပွဲတော်အားလပ်ရက်တွေထဲမှ တစ်ခုဖြစ်ပါတယ်။ ၂၀၂၄ မှာ Chuseok အားလပ်ရက်တွေကတေ့ စက်တင်ဘာ 17 တွင်ကျရောက်ပြီး Chuseok မတိုင်မီရက်နှင့် နောက်ရက်လဲ အားလပ်ရက်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တာကြောင့် ယခုနှစ်အားလပ်ရက်ကာလကတော့ စနေ၊ တနင်္ဂနွေအပါအဝင် အားလပ်ရက် ၅ ရက်ရမှာဘဲ ဖြစ်ပါတယ်။ အစဉ်အလာအရ ကိုရီးယားလူမျိုးတွေဟာ သူတို့ ဘိုးဘွားတွေရဲ့ မွေးရပ်မြေသို့ ပြန်ပြီး မိသားစုတွေနဲ့အတူ ပွဲတော်ကို ဆင်နွှဲကြပြီး ကိုရီးယားတစ်ခွင်မှာ ကျင်းပတဲ့ ဒီရိုးရာယဉ်ကျေးမှု အကြောင်းကို တွေ့ကြုံခံစားရန် ဝင်ရောက်ဆင်နွဲသင့်တဲ့ ပွဲတော်လဲ ဖြစ်ပါတယ်။
ကိုရီးယားလူမျိုး အများအပြားဟာ မိသားစုနှင့် ပျော်ရွှင်စွာ အချိန်ပေးရန်၊ ဘိုးဘွားတွေကို အရိုအသေပေးရန် သူတို့ရဲ့ဇာတိမြို့တွေကို ပြန်ကြပါတယ်။ Chuseok ပွဲတော်ဟာ သီးနှံတွေကို ပေါများစွာ ရိတ်သိမ်းခြင်းကို ဂုဏ်ပြုခြင်းဖြစ်ပြီး နောက်နှစ်တွင် ယခင်နှစ်တွေထက် ရိတ်သိမ်းနှုန်း ပိုကောင်းအောင် ကျင်းပကြခြင်း ဖြစ်ပါတယ်။ ရိတ်သိမ်းတဲ့ သီးနှံတွေကို ဘိုးဘွားတွေရဲ့ ကောင်းချီးပေးမှုဟု သတ်မှတ်ကြပါတယ်။
Chuseok ပွဲတော်ရဲ့ မနက်စောစောမှာ ဘိုးဘွားတွေကို ရိုးရာ ဓလေ့ထုံးစံအတိုင်း အရိုအသေပေးကြပြီးနောက် ဘိုးဘွားတွေရဲ့ သင်္ချိုင်းဂူများဆီ သွားရောက်ကာ အပင်များကို ခုတ်ထစ်ခြင်း၊ သင်္ချိုင်းပတ်ပတ်လည် သန့်ရှင်းရေးလုပ်ကာ ဘိုးဘေးဘီဘင်များအား အစားအစာ၊ သောက်စရာ တွေနဲ့ ပူဇော်ကြပါတယ်။ ကျန်တဲ့နေ့တွေမှာတော့ ရိုးရာကစားနည်းများ ကစားကြပြီး မိသားစုဝင်များနှင့် ရင်းရင်းနှီးနှီး ဖြတ်သန်းကြပါတယ်။
ရိုးရာအားကစားပြိုင်ပွဲများ~
Chuseok ဟာ ကောက်ရိတ်သိမ်းပွဲတော်ဖြစ်ပေမယ့်လဲ samulnori (ရိုးရာ percussion quartet), talchum (မျက်နှာဖုံးအက), ganggangsullae (ကိုရီးယားစက်ဝိုင်းအက) နှင့် sireum (ရိုးရာကိုရီးယားနပန်းပွဲ ) ကဲ့သို့သော ရိုးရာကစားနည်းအမျိုးမျိုးကို ကစားကြပါသေးတယ်။ Ganggangsullae ကိုတေ့ာ့ Jeongwol Daeboreum (ပထမ လပြက္ခဒိန်ရဲ့ 15 ရက်မြောက်နေ့အထိမ်းအမှတ်) နဲ့ Chuseok ပွဲတော်ရက်မှာလဲ ကပြ ဖျော်ဖြေကြပါတယ်။ ဒီအကမှာ Hanbok (ကိုရီးယားရိုးရာအဝတ်အစား) ကို ၀တ်ဆင်ထားတဲ့ အမျိုးသမီးတွေဟာ ကြီးမားတဲ့ စက်ဝိုင်းကြီးတစ်ခုနဲ့ လက်တွဲပြီး ပထမလပြည့်ညနဲ့ Chuseok မှာ အတူသီဆို ကပြကြတာဘဲ ဖြစ်ပါတယ်။ ဒီအက ဇာစ်မြစ်နဲ့ ပတ်သက်ပြီး ဇာတ်လမ်းများစွာရှိပါတယ်။ လူသိအများဆုံး ပုံပြင်များထဲမှ တစ်ခုမှာ အဆိုပါ အကကို Joseon မင်းဆက် (1392-1910) တွင် ကိုရီးယားစစ်တပ်က ရွာထဲမှ အမျိုးသမီးငယ်များကို စစ်ယူနီဖောင်းများ ၀တ်ဆင်ကာ တောင်များကို ဝိုင်းခိုင်းထားပြီး၊ ရန်သူကို ကိုရီးယားစစ်တပ်ရဲ့ တကယ်ရှိတဲ့ လူအရေအတွက် ပိုများနေအောင် အာရုံလွှဲခြင်း ဖြစ်ပါတယ်။ ဒီကြောက်စရာကောင်းတဲ့ နည်းဗျူဟာကြောင့် ကိုရီးယားစစ်တပ်ဟာ အောင်ပွဲများစွာကို ရခဲ့ပါတယ်။ Ssireum ဟာ ခွန်အားနှင့် ကျွမ်းကျင်မှု လိုအပ်ပြီး စက်ဝိုင်း ပုံစံဝိုင်းထားတဲ့ သဲပေါ်မှာ နပန်းသတ်ကြခြင်းဖြစ်ပါတယ်။
Chuseok အစားအစာများ~
Chuseok ၏ တစ်နှစ်တာ၏ Chuseok ပွဲတော်မှာ အသီးအနှံများကို ဂုဏ်ပြုရန် အစားအစာမျိုးစုံကို ပြင်ဆင်ထားပြီး Chuseok ကို ကိုယ်စားပြုတဲ့ အထူးခြားဆုံး အစားအစာတစ်ခုမှာ songpyeon ဖြစ်ပါတယ်။ Songpyeon ကိုတေ့ ဂေါက်သီးတစ်လုံးထက် အနည်းငယ်သေးငယ်သော အရွယ်အစားဖြစ်အောင် နှမ်းစေ့၊ ပဲ၊ ပဲနီ၊ သစ်အယ်သီး အပြင် အခြား အာဟာရပါဝင်ပစ္စည်းများဖြင့် အစာသွပ်ပြီး ဆန်မှုန့်နဲ့ လုပ်ထားတာဘဲ ဖြစ်ပါတယ်။ ပေါင်းနေတဲ့အခါမှာလဲ ထင်းရှူးအနံ့ ပိုမွှေးအောင် ဆန်ကိတ်မုန့်များကို ထင်းရှူးခက်လေးတွေနဲ့ အထပ်လိုက် ပေါင်းတာဘဲ ဖြစ်ပါတယ်။ အခြား Chuseok အစားအစာများကတေ့ ရိုးရာအရက်နှင့် jeon (ကိုရီးယားပန်ကိတ်) တို့ဘဲဖြစ်ပါတယ်။ Jeon ကို ငါး၊ အသားနဲ့ အသီးအရွက်တွေကို လှီးဖြတ်ပြီး ဂျုံမှုန့်နဲ့ ကြက်ဥတစ်လုံးနဲ့ ပါးပါးလှီးပြီး ကြော်ထားတာဖြစ်ပြီး ကိုရီးယား ရိုးရာအရက်များနဲ့ လိုက်ဖက်ညီစွာ စားနိုင်ပါတယ်။







Leave a Reply
You must be logged in to post a comment.