Hongdae မှာရှိတဲ့ အမှတ်တရပစ္စည်းဆိုင်များ

Hongdae ကိုရောက်လို့ ချစ်ဖို့ကောင်းတဲ့ အမှတ်တရ ပစ္စည်းလေးတွေ ဝယ်ချင်ရင်တော့ အခုပြောပြမယ့် ဆိုင်တွေကို သွားကြည့်ကြည့်လိုက်ပါ။
Charming Land
Charming Land မှာ အလွန်ချစ်စရာကောင်းတဲ့ ကိုရီးယားအသုံးအဆောင်တွေနဲ့ အမှတ်တရပစ္စည်းတွေကို ရောင်းချပေးပါတယ်။ မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းတွေကို လက်ဆောင်ပေးဖို့ ချစ်စရာကောင်းတဲ့ စတစ်ကာတွေ၊ အရုပ်လှလှလေးတွေနဲ့ funny cards တွေလဲရှိပါသေးတယ်။
လိပ်စာ- 서울 마포구 와우산로 37길 28
(28 Wausan-ro 37-gil, Mapo-gu, Seoul)
ဆိုင်ဖွင့်ချိန် 13:00-20:00 (တနင်္လာနေ့ပိတ်ပါတယ်)
Butter
Hongik University Station ထွက်ပေါက် 1 ကို လမ်းလျှောက်ရင် စက်လှေကားပေါ်မတက်ခင် BUTTER စတိုးဆိုင်ကို တွေ့နိုင်ပါတယ်။ ဆိုင်က ကျယ်ဝန်းပြီး အရုပ်တွေကအစ ပရိဘောဂ အသေးစားတွေအထိ ပစ္စည်းမျိုးစုံကို ရောင်းချပေးပါတယ်။ ဒီစတိုးဆိုင်မှာ ရာသီအလိုက် လိုက်ဖက်တဲ့ ထုတ်ကုန်တွေကို ချစ်စရာကောင်းအောင် ပြုလုပ်ပြီး ‌ရောင်းချပါသေးတယ်။
လိပ်စာ- 서울 마포구 양화로 153 B2
( B2၊ 153 Yanghwa-ro၊ Mapo-gu၊ ဆိုးလ်)
ဆိုင်ဖွင့်ချိန်- 11:00-22:00
Object
Object ကတော့ Hongdae မှာရှိတဲ့ အမှတ်တရ စတိုးဆိုင်ကြီးတွေထဲက တခုဖြစ်ပါတယ်။ အဆောက်အဦ တခုလုံးကို အဖြူရောင်နဲ့ ပြင်ဆင်ထားပြီး အတွင်းပိုင်းမှာ ပစ္စည်းတွေကို သစ်သားစင်နဲ့ ထားရှိထားပါတယ်။ ဒီဆိုင်မှာ ပစ္စည်းသေးသေးလေးတွေက အစ နေ့စဉ်သုံးပစ္စည်တွေဖြစ်တဲ့ အိတ်တွေ၊ အသုံးအဆောင်ပစ္စည်းတွေနဲ့ စာအုပ်တေါစတဲ့ ပစ္စည်းမျိုးစုံကို ဝယ်ယူနိုင်ပါတယ်။
လိပ်စာ- 서울 마포구 와우산로 35길 13
(13 Wausan-ro 35-gil, Mapo-gu, Seoul)
ဆိုင်ဖွင့်ချိန် 12:00-21:00
KT&G Sangsang Art Hall
KT&G Sangsang Art Hall မှာ ပြပွဲတွေ၊ တိုက်ရိုက် live ဂီတနဲ့ လက်မှုပညာ/ထုတ်ကုန်တွေက တဆင့် ဒေသန္တရ အနုပညာနဲ့ ယဉ်ကျေးမှုတွေကို ပြသတဲ့ 7 ထပ် အဆောက်အအုံဖြစ်ပါတယ်။ ချစ်စရာ စာရေးကိရိယာတွေ၊ အိမ်သုံးပစ္စည်းတွေနဲ့ တခြားပစ္စည်းတွေအတွက် 1st နဲ့ 2nd floor ကို သွားရောက်ကြည့်ရှုနိုင်ပါတယ်။ ပထမထပ်မှာ စတစ်ကာတွေ၊ အလှဆင်ပစ္စည်းတွေ၊ မှတ်စုစာအုပ်တွေ၊ မတ်ခွက်တွေ၊ လက်ကိုင်အိတ်တွေနဲ့ လျှပ်စစ်ပစ္စည်းတွေတောင် ရှိပါတယ်။ ဒုတိယထပ်မှာ diffusers၊ ညစာစားတဲ့ စားပွဲတွေ၊ ရေချိုးခန်းသုံး ပစ္စည်းတွေလဲ ရနိုင်ပါတယ်။
လိပ်စာ- 서울특별시 마포구 어울마당로 65
(65 Eoulmadang-ro၊ Mapo-gu၊ ဆိုးလ်)
ဆိုင်ဖွင့်ချိန်- 11:00-21:00
Kakao Friends
Kakao ထုတ်ကုန်တွေနဲ့ သူတို့ရဲ့ ဇာတ်ကောင်တွေကို ကြိုက်နှစ်သက်ရင်တော့ Kakao Friends စတိုးကို သွားသင့်ပါတယ်။ Hongdae မှာရှိတဲ့ ဆိုင်ခွဲက တခြားဆိုင်ခွဲတွေထက် ပိုကြီးပြီး ချစ်စရာအကောင်းဆုံး ထုတ်ကုန်များစွာရှိပါတယ်။ ဈေးဝယ်ထွက်လို့လည်း အရမ်းကောင်းတဲ့ နေရာတခုဖြစ်ပါတယ်။ Kakao ဇာတ်ကောင်တွေနဲ့ ဓါတ်ပုံရိုက်လို့ရတဲ့ ဓါတ်ပုံနေရာ အမျိုးမျိုးလဲ ရှိပါသေးတယ်။
လိပ်စာ- 서울 마포구 양화로 162
(162 Yanghwa-ro၊ Mapo-gu၊ ဆိုးလ်)
ဆိုင်ဖွင့်ချိန်- 10:30-22:00
Line Friends
Line Friends Flagship Store ကတော့ Hongdae မှာ တော်တော်လေးကြီးပြီး အဆောက်အဦးကို အဝေးကနေပါ လှမ်းမြင်ရပါ။ ဒီစတိုးဆိုင်ကလဲ ချစ်စရာထုတ်ကုန်တွေနဲ့ ဇာတ်ကောင်တွေကို ရရှိဖို့ နောက်ထပ် နေရာကောင်းတခု ဖြစ်ပါတယ်။ ချစ်စရာ LINE ဇာတ်ကောင် ထုတ်ကုန်များစွာကို ဒီဆိုင်မှ ရောင်းချနေတဲ့အပြင် BTS ကနေ ကိုယ်တိုင်ကိုယ်ကျ ဒီဇိုင်းထုတ်ထားတဲ့ BT21 ဇာတ်ကောင်များလဲ အထူးရေပန်းစားပါတယ်။ ဒါ့အပြင် တခြား K-pop အနုပညာရှင်တွေ၊ အမှတ်တံဆိပ်တွေနဲ့ ပူးပေါင်းထုတ်လုပ်ထားတဲ့ ပစ္စည်းတွေလဲ ရှိပါသေးတယ်။
လိပ်စာ- 서울 마포구 양화로 141
(141 Yanghwa-ro၊ Mapo-gu၊ ဆိုးလ်)
ဆိုင်ဖွင့်ချိန် 12:30-20:30
#korea #MyanGoal #myanmar #hongdae #souvenir
Boost this post to reach up to 2347 more people if you spend $42.


Latest