Your cart is currently empty!
ဆောင်းရာသီရောက်တဲ့အခါမှာ Gyeonggi ပြည်နယ်က လည်ပတ်စရာနေရာထဲက တစ်ခုကတော့ Pocheon Herb ကျွန်းပဲ ဖြစ်ပါတယ်။ ဒီကျွန်းမှာ နှစ်စဉ်နှစ်တိုင်း Light Fairy Tale Festival ပြုလုပ်ပြီး မှော်ဆန်ဆန် ဒဏ္ဍာရီပုံပြင်ထဲကို ရောက်သွားသလို ခံစားရမှာပဲ ဖြစ်ပါတယ်။ ရင်သပ်ရှုမောဖွယ် မီးရောင်စုံပြသမှုတွေနဲ့ ဆေးဖက်ဝင်အပင်တွေရဲ့ မွှေးရနံ့တွေကြောင့် ဒီပွဲတော်မှာ မမေ့နိုင်တဲ့ဆောင်းရာသီအမှတ်တရတွေကို ဖန်တီးဖို့ အကောင်းဆုံးနေရာဖြစ်ပါတယ်။
ဒီပွဲတော်မှာ LED မီးလုံးပေါင်း 3 သန်းကျော်ကို အသုံးပြုပြီး ဝင်ပေါက်ကနေ ဝင်လိုက်တာနဲ့ ရင်သပ်ရှုမောဖွယ် မြင်ကွင်းကို ဖန်တီးပေးထားပါတယ်။
• Angel’s Path- မီးအလင်းရောင်ကို ညင်ညင်သာသာလေး ပြုလုပ်ထားပေးတဲ့ ဥမင်တလျှောက်ဖြတ်လျှောက်ပြီး မှော်ဆန်ဆန်အခိုက်အတန့်တွေအဖြစ် ဓာတ်ပုံရိုက်ကူးဖို့အတွက် ပြီးပြည့်စုံတဲ့နေရာတစ်ခု ဖြစ်ပါတယ်။
• Lovers’ Square : ရိုမန်းတစ်ဆန်ဆန် အပြင်အဆင်တွေနဲ့ မီးအလင်းရောင်တွေကြောင့် စုံတွဲတွေအတွက် အကောင်းဆုံးအမှတ်တရတွေနဲ့ ဓာတ်ပုံတွေကို ရိုက်ကူးနိုင်မှာပဲ ဖြစ်ပါတယ်။
• Starlight Hill – တောင်စောင်းတလျှောက် မှိတ်တုတ်မှိတ်တုတ်မီးတွေနဲ့ အလှဆင်ထားတာကြောင့် ဒဏ္ဍာရီပုံပြင် ပန်းချီကားတစ်ချပ်ရဲ့ ရင်သပ်ရှုမောဖွယ်မြင်ကွင်း ခံစားချက်ကို ရရှိနိုင်ပါတယ်။
🏰 Fairy Tale-Themed Spaces
ဒီဧရိယာကတော့ ကလေးတွေအတွက် စိတ်ကူးယဉ်ကမ္ဘာတစ်ခုထဲ ရောက်သွားသလို ခံစားရစေပြီး လူကြီးတွေအတွက်လဲ ကလေးဘဝကို လွမ်းဆွတ်ဖွယ် နေရာတစ်ခုဖြစ်စေပါတယ်။ စင်ဒရဲလား၊ ပီတာပန်နဲ့ စနိုးဝှိုက်တို့လို ကလေးဘဝပုံပြင်တွေထဲက ဇာတ်ဝင်ခန်းတွေအတိုင်း ချစ်စရာကောင်း ပန်းပုတွေနုဲ့ light displays တွေလဲ ပါဝင်ပါတယ်။ ဒါကြောင့်ဒီနေရာဟာ မိသားစုလိုက် ပျော်ရွှင်စရာ အခိုက်အတန့်တွေကို ဖန်တီးနိုင်ပါတယ်။
Herb Island ဆိုတဲ့အတိုင်း ပွဲတော်အတွင်းက ပျိုးပင်ဥယျာဉ်တွေနဲ့ ဖန်လုံအိမ်တွေကနေတစ်ဆင့် ဆေးဖက်ဝင်အပင်တွေရဲ့ အနံ့နဲ့ ဆောင်းရာသီ တည်ငြိမ်အေးချမ်းမှုတွေကြောင့် တမူထူးခြားတဲ့ ခံစားချက်ကို ရစေပါတယ်။
🎠 Activities
ဒီပွဲတော်ကတော့ မီးရောင်စုံတွေနဲ့ လှပရုံသာမက ပျော်ရွှင်စရာ activities တွေလဲ အပြည့်ရှိပါတယ်။
• Herb Craft Classes : ထူးထူးခြားခြား အမှတ်တရအဖြစ် အိမ်ပြန်လက်ဆောင်အဖြစ် ဆေးဖက်ဝင်အပင်တွေနဲ့ ကိုယ်ပိုင် ဆပ်ပြာ၊ ရေမွှေး ဒါမှမဟုတ် ဖယောင်းတိုင်တွေကိုလဲ ဖန်တီးနိုင်ပါတယ်။
• LED Light Parade : အမိုက်စား အလင်းရောင်ဖျော်ဖြေမှုတွေနဲ့အတူ ပွဲတော်ရဲ့ ညဘက်ချီတက်ပွဲကိုလဲ လက်လွတ်မခံပါနဲ့။
• Photo Contest – ကိုယ့်ရဲ့ အကောင်းဆုံးဓာတ်ပုံ ရိုက်ချက်တွေနဲ့အတူ ပြိုင်ပွဲဝင်ပြိုင်ပြီး စိတ်လှုပ်ရှားဖွယ်ရာဆုတွေ ဆွတ်ခူးနိုင်မယ့် ဓာတ်ပုံပြိုင်ပွဲတွေကိုလဲ ဝင်ပြိုင်နိုင်ပါတယ်။
ပွဲတော်ကျင်းပရာ နေရာတလျှောက်မှာလဲ ဆေးဖက်ဝင်အပင်တွေနဲ့ ပြုလုပ်ထားတဲ့ အချိုရည်တွေနဲ့ သရေစာတွေကိုလဲ မြည်းစမ်းကြည့်နိုင်ပါတယ်။ Herb Market မှာလဲ ဒေသအလိုက် စိုက်ပျိုးထားတဲ့ ဆေးဖက်ဝင်အပင်တွေနဲ့ ဒေသအလိုက် အထူးပြုလုပ်ထားတဲ့ အမှတ်တရပစ္စည်းတွေကိုလဲ ဝယ်ယူနိုင်ပါတယ်။
📅 ပွဲတော်အသေးစိတ်
• ရက်စွဲ : နှစ်စဉ် နိုဝင်ဘာလမှ မတ်လအထိ
• လည်ပတ်ချိန် : 5:00 PM မှ 10:00 PM
• ဝင်ကြေး : ပွဲတော်ကာလအတွင်း အထူးပရိုမိုးရှင်းတွေ၊ လျှော့စျေးတွေရှိပြီး စျေးနှုန်းတွေကတော့ အသက်အရွယ်အလိုက် ကွဲပြားပါတယ်။ ကြိုတင်ဘွတ်ကင်တင်ပြီး လျှော့စျေးတွေအတွက် တရားဝင်ဝဘ်ဆိုဒ်မှာ ကြည့်ရှုနိုင်ပါတယ်။
#korea #myanmar #winter #festival







Leave a Reply
You must be logged in to post a comment.