ကိုရီးယား ရိုးရာမျက်နှာဖုံး ပွဲတော်တွေနဲ့ ပြပွဲတွေကို ဘယ်မှာသွားကြည့်ရမလဲ

ကိုရီးယား ရိုးရာမျက်နှာဖုံးတွေနဲ့ ကပြဖျော်ဖြေမှုတွေဟာ ကိုရီးယားယဉ်ကျေးမှုရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒီရိုးရာဓလေ့ကို ခံစားကြည့်ချင်ရင်တော့ ကိုရီးယားနိုင်ငံတစ်ဝှမ်းက နေရာများစွာမှာ ပြုလုပ်လေ့ရှိတဲ့ ပွဲတော်တွေနဲ့ ပြပွဲတွေကို သွားရောက်ကြည့်ရှုနိုင်ပါတယ်။ ဒါကြောင့် ဘယ်မှာ သွားကြည့်နိုင်မလဲဆိုတာကို လမ်းညွှန်ပေးထားပါတယ်။  

 ၁။ အန်ဒုံ မျက်နှာဖုံးအက ပွဲတော် (Andong Mask Dance Festival)

တည်နေရာ: Andong, Gyeongsangbuk-do 경상북도 안동시

ကျင်းပသည့်အချိန်: စက်တင်ဘာလနှောင်းပိုင်းကနေ အောက်တိုဘာလအစောပိုင်း  

အန်ဒုံ မျက်နှာဖုံးအက ပွဲတော်ကတော့ ကိုရီးယားရဲ့ အထင်ရှားဆုံး ယဉ်ကျေးမှုပွဲတော်တွေထဲက တစ်ခုဖြစ်ပြီး၊ မျက်နှာဖုံးနဲ့ ကပြဖျော်ဖြေမှုတွေကို ဂုဏ်ပြုကျင်းပတဲ့ ပွဲတော်ဖြစ်ပါတယ်။ အန်ဒုံမြို့ဟာ ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် (Hahoe 하회 ကျေးရွာ) ရဲ့ မူရင်းဒေသဖြစ်ပြီး၊ ထင်ရှားတဲ့ Hahoe 하회 မျက်နှာဖုံးတွေ ကို စတင်ပြုလုပ်တဲ့ နေရာလည်း ဖြစ်ပါတယ်။ ဒီပွဲတော်မှာ တွေ့ရနိုင်တာကတော့:  

– ရိုးရာ မျက်နှာဖုံးကပြမှုများ (Talchum 탈춤)  

– မျက်နှာဖုံးပြုလုပ်နိုင်တဲ့ workshops များ  

– လမ်းမတလျှောက် ပြသမှုတွေနဲ့ ချီတက်ပွဲများ  

– ရိုးရာမျက်နှာဖုံးတွေကို ဝတ်ဆင်ကြည့်ရှုနိုင်ခြင်း  

ဒီပွဲတော်ဟာ သမိုင်း၊ အနုပညာနဲ့ ဖျော်ဖြေရေးကို ပေါင်းစပ်ထာာကြောင့် ကိုရီးယားယဉ်ကျေးမှုကို စိတ်ဝင်စားသူတိုင်း မဖြစ်မနေ သွားရောက်သင့်တဲ့ ပွဲ‌တော်တစ်ခု ဖြစ်ပါတယ်။  

၂။ (Hahoe 하회 ကျေးရွာ)

တည်နေရာ:  Andong, Gyeongsangbuk-do 경상북도 안동시

Andong ပွဲတော် ကျင်းပတဲ့အချိန် မသွားနိုင်ရင်လည်း Hahoe 하회 ကျေးရွာကို သွားနိုင်ပြီး ကိုရီးယား ရိုးရာမျက်နှာဖုံးတွေကို တစ်နှစ်ပတ်လုံး ခံစားနိုင်တဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ ဒီကျေးရွာမှာ ရိုးရာအိမ်တွေကို ကောင်းမွန်စွာထိန်းသိမ်းထားပြီး၊ Hahoe 하회 မျက်နှာဖုံးတွေရဲ့ သမိုင်းကြောင်းနဲ့လည်း ဆက်စပ်နေပါတယ်။ လာရောက်လည်ပတ်သူတွေအနေနဲ့:  

– မျက်နှာဖုံးကပြဖျော်ဖြေတွေကို ကြည့်ရှုနိုင်ပါတယ်။  

– မျက်နှာဖုံးပြုလုပ်ပုံကို လေ့လာနိုင်ပါတယ်  

– Hahoe 하회 ကျေးရွာရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို လေ့လာနိုင်ပါတယ်  

Hahoe 하회 ကျေးရွာဟာ ကိုရီးယားရဲ့ အတိတ်ကာလကို အစစ်အမှန် ခံစားနိုင်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။  

 ၃။ ကိုရီးယားကျေးရွာ (Korean Folk Village)

တည်နေရာ: Yongin, Gyeonggi-do 경기도 용인

ကိုရီးယားကျေးရွာဟာ ရှေးကိုရီးယားတွေရဲ့ ဘဝကို ပြသတဲ့ ပြတိုက်တစ်ခု ဖြစ်ပါတယ်။ မျက်နှာဖုံးတွေကို အဓိကပြထားတဲ့ နေရာမဟုတ်ပေမယ့်လည်း၊ မကြာခဏ ရိုးရာကပြဖျော်ဖြေမှုတွေကို ကျင်းပလေ့ရှိပြီး၊ မျက်နှာဖုံးနဲ့ ကပြမှုတွေလည်း ရှိပါတယ်။ လာရောက်လည်ပတ်သူ:  

– Talchum (탈춤) ကပြမှုတွေကို ကြည့်ရှုနိုင်ပါ  

– ယဉ်ကျေးမှုဆိုင်ရာ workshops တွေမှာ ပါဝင်နိုင်ပါတယ်။  

– ရိုးရာအိမ်တွေနဲ့ လက်မှုပညာတွေကိုလည်း လေ့လာနိုင်ပါတယ်။  

ဒီနေရာဟာ ဆိုးလ်မြို့အနီးမှာ ရှိပြီး၊ ရိုးရာယဉ်ကျေးမှုကို ခံစားလိုသူတွေအတွက် အကောင်းဆုံးရွေးချယ်စရာတစ်ခု ဖြစ်ပါတယ်။  

 နောက်ရက်တွေကျရင်လည်း ဒီလိုမျိုး ကိုရီးယား ရိုးရာမျက်နှာဖုံးပွဲတော်တွေအကြောင်းကို ထပ်ပြီးတော့ ပြောပြဦးမှာမလို့ စောင့်မျှော်နေကြပါနော်။

#Korea #traditional #mask #culture #MaskDance #Festival 


Latest