ရုပ်ရှင်တွေ၊ စီးရီးတွေ၊ ကြေငြာတွေ ရိုက်ကူးခဲ့တဲ့ Jeju ကျွန်းက နာမည်ကြီး နေရာ ၈ နေရာထဲက ကျန်နေသေးတဲ့ နေရာတွေ ဖြစ်တဲ့ Seopjikoji Lighthouse လေရဟတ်တွေရှိတဲ့ Sinchang ကမ်းရိုးတန်းလမ်း၊ Bomnal Café၊ Cafe Kokomea တို့အကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။
5. Seopjikoji Lighthouse
Seopjikoji အငူမှာဆိုရင် K-Drama စီးရီးတွေဖြစ်တဲ့ The Uprising (1999)၊ The Legend of Gingko (2000) နဲ့ All In (2003) တို့ ရိုက်ကူးခဲ့တဲ့ နေရာအဖြစ် ကျော်ကြားပါတယ်။ ပင်လယ်ကမ်းစပ်ကို သွားလို့ရတဲ့ လျှောက်လမ်းကနေ ပင်လယ်ရဲ့ အလှအပမြင်ကွင်းတွေကို ခံစားနိုင်ပါတယ်။ Seopjikoji အငူရှိ မီးပြတိုက်ဆိုလဲ Jeju ကျွန်း အရှေ့ဘက်စွန်းရှိ တောင်ကုန်းပေါ်မှာ တည်ရှိပါတယ်။ မီးပြတိုက်ရဲ့ တရားဝင်နာမည်ကတော့ “ဘန်ဒူးပိုမီးပြတိုက်” ဖြစ်ပါတယ်။ အနီရောင် Scoria မီးတောင်ထိပ်တွင် တည်ရှိတာကြောင့် အဝေးကနေ လှမ်းကြည့်ဖို့ အလွန်လွယ်ကူပါတယ်။ မီးပြတိုက်ရှိ နက္ခတ်တာရာပြခန်းကို ရောက်တဲ့အခါ ပင်လယ်ရှုခင်းနဲ့ ကာနိုလာပန်းတွေ ပြည့်နေတဲ့ မြက်ခင်းပြင်ကို ခံစားကြည့်ရှုနိုင်ပါတယ်။
တည်နေရာ- Goseong-ri၊ Seongan-eup၊ Seogwipo-si၊ Jeju-do၊
6. လေရဟတ်တွေရှိတဲ့ Sinchang ကမ်းရိုးတန်းလမ်း
Jeju ကျွန်းရဲ့ အနောက်ဘက်စွန်းမှာ တည်ရှိတဲ့ Sinchang ကမ်းရိုးတန်းလမ်းဟာ အလွန်ကြီးမားတဲ့ လေရဟတ်တွေနဲ့ စွဲမက်ဖွယ်ကောင်းတဲ့ ရှုခင်းတွေ ကပ်လျက်တည်ရှိတဲ့ လမ်းတစ်ခု ဖြစ်ပါတယ်။ အဖြူရောင် လေရဟတ်တွေနဲ့ ပင်လယ်ပြာရဲ့ မြင်ကွင်းတွေဟာ ရိုးရှင်းပေမယ့် ဒီနေရာမှာ Secret Garden (2010) လို နာမည်ကြီး K-Drama စီးရီးတွေအပြင် ကြော်ငြာပေါင်းများစွာ လာရောက် ရိုက်ကူးခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။
Sinchang ကမ်းရိုးတန်းလမ်းကို လာမယ်ဆိုရင်တော့ နေဝင်ချိန်က အကောင်းဆုံး ရှုခင်းကို ရရှိနိုင်မှာဘဲ ဖြစ်ပါတယ်။ ကမ်းရိုးတန်းလမ်းအတိုင်း လမ်းလျှောက်နိုင်တဲ့အပြင် လှပတဲ့ ရှုခင်းတစ်လျှောက် ကားနဲ့ မောင်းနှင်နိုင်ပါတယ်။
တည်နေရာ: 1323၊ Sinchang-ri၊ Hangyeong-myeon၊ Jeju-si၊ Jeju-do၊
7. Bomnal Café
Bomnal Cafe ဆိုင်ကတော့ လူငယ်စုံတွဲတစ်တွဲ အကြောင်းကို သရုပ်ဖော်ထားတဲ့ Warm and Cosy ကြောင့် နာမည်ကြီးလာခဲ့ပါတယ်။ အေးမြတဲ့ ပင်လယ်လေတွေကြားမှာ သာယာလှပတဲ့ ရှုခင်းတွေကိုကြည့်ရင်း ကော်ဖီပူပူတစ်ခွက်ကို ခံစားလို့ရမယ့် နေရာတစ်ခု ဖြစ်ပါတယ်။ ဆောင်းရာသီလို အေးတဲ့နေ့တွေမှာ ကော်ဖီဆိုင်ထဲထိုင်ပြီး ပြတင်းပေါက်နံရံကနေတစ်ဆင့် Jeju ရေပြင်ကို ခံစားနိုင်ပါတယ်။ ဒါ့အပြင် နေသာတဲ့နေ့တွေမှာဆိုရင်လဲ အပြင်ဘက်မှာ ထိုင်ပြီး လန်းဆန်းတဲ့ ပင်လယ်လေကို ခံစားနိုင်ပါတယ်။ Jeju ရဲ့ ကမ်းရိုးတန်းလမ်းတွေ တစ်လျှောက် ကားမောင်းရင်း ဒီလှပတဲ့ ကော်ဖီဆိုင်မှာ ခဏနားပြီး နေ့သာနေ့တွေမှာ ပင်လယ်ရှုခင်းကို တဝကြီး ခံစားနိုင်ပါတယ်။
တည်နေရာ- 25၊ Aewol-ro 1-gil၊ Aewol-eup၊ Jeju-si၊ Jeju-do၊
ဆိုင်ဖွင့်ချိန်- နေ့စဉ် နံနက် ၉ နာရီမှ ည ၉း၃၀ နာရီအထိ
8. Cafe Kokomea
Cafe Kokomea ကလဲ K-Drama စီးရီး ဖြစ်တဲ့ Something in the Rain (2018) ကို ရိုက်ကူးခဲ့တဲ့ နေရာဖြစ်ပါတဘ်။ Jeju အနောက်ဘက် Panpo-ri ဧရိယာမှာရှိတဲ့ နွေးထွေးပြီး သက်တောင့်သက်သာရှိတဲ့ ဒီကော်ဖီဆိုင်ဟာ မြို့ပြရဲ့ ရှုပ်ထွေးမှုတွေကနေ ခေတ္တခဏ အနားယူနိုင်မှာဘဲ ဖြစ်ပါတယ်။ ကော်ဖီဆိုင်မှာ သပ်ရပ်လှပတဲ့ ခြံဝင်းတစ်ခုရှိပြီး ကျောက်ခြံစည်းရိုးတွေကို ကျောက်တုံးတွေနဲ့ ပြုလုပ်ပြီး အပြင်ဘက် ထိုင်ချင်သူတွေအတွက်လဲ စားပွဲတွေရှိပါတယ်။ အဆောက်အဦးကိုလဲ ကို အေးချမ်းတဲ့ အငွေ့အသက်ရအောင် ပြန်လည်မွမ်းမံထားတဲ့ ကိုရီးယားရိုးရာ အိမ်ဟောင်းဖြစ်ပါတယ်။ ရှေးခေတ်ပရိဘောဂတွေကိုလဲ ဒီနေရာမှာ တွေ့နိုင်ပါသေးတယ်။
တည်နေရာ- ၃၁၊ Panpojung-gil၊ Hangyeong-myeon၊ Jeju-si၊ Jeju-do၊
ဖွင့်ချိန်- ကြာသပတေးနေ့မှ အင်္ဂါနေ့ နေ့လည် 6 နာရီ (ဗုဒ္ဓဟူးနေ့ပိတ်ပါတယ်။)
여러분 လူကြီးမင်းတို့ Air Ticket အတွက်ဆို လွယ်ကူ သက်သာတာ MyanGoal Travel မှာပါ အသေးစိတ် ဆက်သွယ်မေးမြန်းလိုရင်တော့ 📞 ဖုန်းနံပါတ် : 010-2497-1478 ကို ဆက်သွယ်လိုက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။







Leave a Reply
You must be logged in to post a comment.