Your cart is currently empty!
Samsung က လိုက်ပြိုင်နေပေမယ့် iPhone ကတော့ အေးဆေးပါပဲ..
တကယ်တော့ ဒီ Company ကြီးနှစ်ခုမှာ Samsung က iPhone နဲ့ ဟိုးအရင် A Series တွေထဲက မထိတထိနဲ့ လိုက်ပြိုင်လာတာ အခုထိပါပဲ။
ဒါပေမယ့် iPhone က ဒါတွေအားလုံးကို လစ်လျူရှုထားခဲ့ပါတယ်။ ဘာလို့လည်းဆိုတော့ iPhone သွားတဲ့ လမ်းကြောင်းက Samsung နဲ့ မတူလို့ပါ။
တော်တော်များများ Smartphone Company တော်တော်များများက User Experience ထပ် သူတို့ရဲ့ Brand ကို လူပိုစိတ်ဝင်စားအောင် Feature တွေနဲ့ ခဏခဏ မိတ်ဆက်ပြလေ့ရှိပါတယ်။ ဒါတွေဟာလည်း ခဏ လောက်ပါပဲပြီးရင် ပျောက်ကွယ်သွားပြီး လူမမှတ်မိတော့တာမျိုးတွေဖြစ်လာပါတယ်။ ဒါဟာ Brand တည်ဆောက်အားနည်းပြီး Android Company အသေးစားလေးတွေက အချင်းချင်းပြိုင်နေကျရင် တကယ်သုံးမယ့် User တွေရဲ့ လိုအပ်ချက်ကို မေ့နေကြပါတယ်။
Apple ကတော့ အဲ့လို မဟုတ်ပါဘူး။ သူတို့ရဲ့ Products ကို လူတွေ မှတ်မိအောင် ပုံစံတူလေးတွေနဲ့ မိတ်ဆက်တယ်။ ဒါဟာ User တွေကို Products တစ်ခုနဲ့ တစ်ခုကြားဝေးကွာသွားတယ် မခံစားရတော့အောင်လုပ်ထားတဲ့ သဘောပါ။ ပြောရရင် iPhone 15 Pro နဲ့ iPhone 14 Pro က ပုံစံတူသလိုပေါ့။ ဒီလိုမျိုးလေးတွေနဲ့ User တွေရဲ့ သဘောကျချက်ကို ဆွဲဆောင်ထားတာပါ။
Samsung အပါအဝင် တခြား Smartphone Company တွေက Products တွေကိုတန်းစီထုတ်ပစ်ပြီး Innovative ဖြစ်ပါတယ်ပြောနေပမယ့် တကယ်တမ်းကတော့ User အနေနဲ့ ပြန်ကြည့်ရင် Products အသစ်လေး အခုမှ ဝယ်ထားတယ် နောက်သိပ်မကြာဘူး နောက်ထပ် Products အသစ်ကြီး ထွက်လာပြီး စျေးတူ တန်းတူနဲ့ Feature အသစ်တွေ ရနေတော့ User အနေနဲ့ Brand အပေါ် ယုံကြည်မှု အားနည်းတာမျိုးကို ခံစားရစေတဲ့ အချက်ပါပဲ။
Apple က ဘာလို့ ပြိုင်ဘက် Company တွေနဲ့ လိုက်မပြိုင်လည်းဆိုရင် သူတို့က သူတို့ Target Customer ကို သိနေလို့ပါပဲ။ Samsung နဲ့ တခြား Company တွေကတော့ အမြဲတမ်း Apple ကို ဖဲ့နေ ရွှဲ့နေပေမယ့် Apple ကတော့ Apple အနေနဲ့ ရပ်တည်နေမြဲပါပဲ။
ဆိုတော့ မိတ်ဆွေတို့ရော Apple ရဲ့ လုပ်ပုံကိုင်ပုံတွေလိုဖြစ်လာတဲ့ Samsung ဖုန်း တွေကို ကြိုက်လား iPhone တွေကို ကြိုက်လား ဖြေပေးသွားပါဦးနော်။
#MyanGoal #Samsung #Apple #iPhone #Zflip #zfold6 #iPhone15Pro







Leave a Reply
You must be logged in to post a comment.