Your cart is currently empty!
Samsung က သူတို့ရဲ့ ဖုန်းတွေ အားလုံးမှာ Galaxy AI ကိုထည့်ပေးတော့မှာလား ?
ဒါက Samsung မှာ တောင်းဆိုမှုတွေများနေတဲ့ ကိစ္စတစ်ခုဖြစ်ပြီး Galaxy Ai ကို Model မြှင့်ဖုန်းတွေမှာပဲ ထည့်ထားပေးတဲ့အတွက် User တွေအနေနဲ့ တောင်းဆိုနေကျတာမျိုး ကြုံနေရပါတယ်။
ဒါပေမယ့် Samsung ကလည်း သူတို့ရဲ့ Mid Level ဖုန်းတွေ အထိကို Galaxy AI ကို ပေးမှာဆိုတော့ Mid Level User တွေ အတွက်စိတ်ကျေနပ်ဖို့ကောင်းမှာကျိန်းသေပါပဲ။
ရမယ့် Model တွေကတော့ Galaxy A35 နဲ့ Galaxy A55 တွေမှာ Galaxy AI ထည့်ပေးဖို့ ပြင်နေတာဖြစ်ပေမယ့် အခန့်မသင့်ရင် Galaxy A Series တစ်ခုလုံးကို ပေးမလားဆိုတာကတော့ စောင့်ကြည့်ရမှာပါပဲ။
ဒါပေမဲ့ Flagship တွေလို Feature အစုံတော့ပေးမှာမဟုတ်ပေမယ့် သူ့အိုးနဲ့ သူ့ဆန်လိုက်ဖက်မယ့် Feature တွေကိုသာ အဓိကထားပြီးထုတ်လုပ်သွားမယ်လို့လည်း သိရပါတယ်။







Leave a Reply
You must be logged in to post a comment.