ကိုရီးယားနိုင်ငံ အချိန်ပိုင်းအလုပ်များအကြောင်း

တောင်ကိုရီးယားနိုင်ငံ အချိန်ပိုင်းအလုပ်တွေရဲ့ လုပ်အားခ လစာနဲ့ အလုပ်အမျိုးအစားများ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
လုပ်အားခများအနေနဲ့ အချိန်ပိုင်းအလုပ် ဖြစ်တဲ့အတွက် နာရီစားတွေဖြစ်ပြီး နာရီနဲ့ပဲ တွက်ပေးတာဖြစ်လို့ ဒီလိုပေးခြင်းကို ကိုရီးယားလိုဆို 시급 လို့ခေါ်ပြီး၊ တပတ်ချင်းရှင်းတာဆို 주급၊ လစာ သို့မဟုတ် လပေးဆိုရင်တော့ 월급 လို့ခေါ်ပါတယ်။ ရက်ခြင်းပေးတာဆိုလည်း 일급 လို့လဲ အသုံးပြုကြပြီး နှစ်စဉ်ဝင်ငွေကိုတော့ 연봉လို့ သုံးပြီး ဒီလိုတွေ ငွေပေးချေတာကို 급여လို့ သုံးပါတယ်။
နာရီခအနေနဲ့ဆို လက်ရှိ 2024 အလုပ်သမား ဥပဒေအရတော့ တနာရီ 9860 ဝမ်ဖြစ်ပြီး အချိန်ပိုင်းလုပ်တဲ့ လုပ်ငန်းအပေါ် မူတည်ပြီး 10,000 ဝမ်၊ 11,000 ဝမ်၊ 12,000 ဝမ်၊ 13,000 ဝမ် စသဖြင့် အစားစားရှိကြပါတယ်။ ဒီနေရာမှာ ကျောင်းသားအနေနဲ့ သတိပြုရမှာက အချိန်ပိုင်း လုပ်အားခက (ပိုရသလောက် ပိုပင်ပန်းတယ်) ဆိုတာလည်း သတိချပ်ထားရပါမယ်ဗျ။
အလုပ်အမျိုးအစားတွေကတော့ စားသောက်ဆိုင်မှာ Service ပေးတာတို့ Kitchen ထဲ လုပ်တာတို့ရယ် မီနီမတ်လေးတွေမှာ ဝန်ထမ်းလုပ်တာတို့ ကော်ဖီဆိုင်မှာ လုပ်တာတို့ကတော့ အများဆုံးလုပ်ကြပြီး လဝက က ခွင့်ပြုထားတဲ့ အလုပ်တွေလည်း ဖြစ်ပါတယ်။
ကျောင်းလခနဲ့ နေထိုင်စရိတ် ကာမိလား ❓
အိမ်ရော ပြန်ပို့နိုင်မလား❓လို့မေးမယ်ဆို…
Senior တယောက်အနေနဲ့ ကျနော်တခုပြန်မေးပါ့မယ် ဘယ်လောက်အပင်ပန်းခံနိုင်လည်း❕❗️ဆိုတာပါပဲ…
များများလုပ်လေ များများရလေပဲမို့ မိမိအပေါ်မှာပဲ မူတည်ကြောင်း ရှင်းပြအသိပေးလိုပါတယ်ဗျ 💙
သတင်းကောင်းအနေနဲ့ကတော့ 2025 ခုနှစ်အတွက် တောင်ရီးယားနိုင်ငံ အခြေခံလုပ်အားခ တစ်နာရီ ကို 10,030 won အဖြစ် ထပ်တိုး သတ်မှတ်လိုက်တာပဲဖြစ်ပါတယ်။
ဒီလိုစိတ်၀င်စားဖွယ်ကောင်းတဲ့ အကြောင်းအရာတွေကို ထပ်ပြီးသိချင်သေးရင်တော့ ကျွန်တော်တို့ MyanGoal Edu Page ကို Like & Follow လေးလုပ်သွားခဲ့လို့ရပါတယ်။

Korea မှာ ကျောင်းတက်ချင်လား MyanGoal Edu ဆီလာ🙋🏻‍♂️
ကျောင်းလျှောက်ဖို့အတွက် ဆွေးနွေးတိုင်ပင်လိုပါက ဖုန်းနံပါတ် ☎️ 09440094094 သို့ ဆက်သွယ်နိုင်သလို၊ လူကိုယ်တိုင်လာရောက် စုံစမ်းလိုပါက ရန်ကုန်ရုံးသို့ လာရောက်နိုင်တဲ့အပြင်၊ Korea ဘက်မှာလဲ ရုံးချုပ်ရှိနေတော့ ဘာလိုသေးလဲ ကိုယ့်လူတို့ရေ။ အသေးစိတ် ဆက်သွယ်မေးမြန်းလိုရင်
🇲🇲🏠Yangon Address – No(76) 4B, Bogyoke St, Bamar Aye Qtr, Dawbone Tsp, Yangon, Myanmar ☎️ (+95) 09-440094094
🇰🇷🏠 Korea Address – Siltu Officetel, 76 Gyesan-ro, Gyeyang-gu, Incheon, South Korea. ☎️ (+82) 010-24971478

Latest